နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မေဆန်မောင့် အတွက် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ချဲလ်ဆီး ပယ်ချ၊ အာဆင်နယ်ကို ပြောင်းရင် ဖလားမရဘူးလို့ ဒီကလန် ရိုက်စ်ကို ကာရေဂါ သတိပေး (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

မေဆန်မောင့် အတွက် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ချဲလ်ဆီး ပယ်ချ၊ အာဆင်နယ်ကို ပြောင်းရင် ဖလားမရဘူးလို့ ဒီကလန် ရိုက်စ်ကို ကာရေဂါ သတိပေး စတဲ့ သတင်းတွေ အပါအဝင် ဇွန်လ ၁၅ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မေဆန်မောင့် အတွက် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ချဲလ်ဆီး ပယ်ချ

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်က မေဆန်မောင့်ကို ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းခဲ့မှု အပေါ် ချဲလ်ဆီး ဘက်က ချက်ချင်းပဲ ပယ်ချခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် ကစားသမား အတွက် ယူနိုက်တက်က ခြေလှမ်းစတင်ခဲ့ရာမှာ ပေါင်သန်း ၄၀ နဲ့ စတင် ကမ်းလှမ်းခဲ့တာပါ။

ဒါပေမယ့် ပေါင်သန်း ၇၀ အထိ အလိုရှိနေတဲ့ ချဲလ်ဆီးက ချက်ချင်းပဲ ပယ်ချသွားခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက် အနေနဲ့ စျေးနှုန်း တိုးမြှင့်ပေးရမယ့် အနေအထားကို ရောက်သွားပါပြီ။ နောက်ထပ် ကမ်းလှမ်းမှုကို မကြာခင် ပြုလုပ်သွားမယ်လို့လည်း ယူဆရပါတယ်။

ချဲလ်ဆီးက မေဆန်မောင့်ကို မရောင်းချချင်ပေမယ့် ကစားသမား ကိုယ်တိုင်က အသင်း ကနေ ထွက်ခွာချင်နေတာာပါ။ ယူနိုက်တက် အတွက် ကစားသမားနဲ့ ဘာပြသနာမှ မရှိပေမယ့်လည်း ချဲလ်ဆီးနဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းမှု ကတော့ တော်တော်လေး ခက်ခဲဖွယ် ရှိနေပါတယ်။


အာဆင်နယ်ကို ပြောင်းရင် ဖလားမရဘူးလို့ ဒီကလန် ရိုက်စ်ကို ကာရေဂါ သတိပေး

ဘောလုံးပွဲ ဝေဖန်သုံးသပ်သူ အဖြစ် ဆောင်ရွက်နေတဲ့ လစ်ဗာပူးလ် နောက်ခံလူဟောင်း ဂျင်မီ ကာရေဂါက ဝက်စ်ဟမ်း ယူနိုက်တက် ကွင်းလယ်လူ ဒီကလန် ရိုက်စ်ကို အာဆင်နယ် အသင်းဆီ ပြောင်းရွှေ့ရင် ဆုဖလားရဖို့ အာမခံချက် မရှိဘူးလို့ သတိပေးလိုက်ပါတယ်။ ရိုက်စ်ကို အာဆင်နယ်က ပစ်မှတ်ထားနေကာ ကြိုးပမ်းနေပြီး ကစားသမား ကလည်း စိတ်ဝင်စားမှု ရှိနေပါတယ်။

အင်္ဂလန် ကွင်းလယ်လူဟာ ဝက်စ်ဟမ်းနဲ့ အတူ ယူရိုပါ ကွန်ဖရင့်လိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အာဆင်နယ်က အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် ဒီကလန် ရိုက်စ်သာ ခေါ်ယူခဲ့မယ် ဆိုရင် ပိုမိုအားကောင်းလာမယ်လို့ ယုံကြည်ထားကာ ပေါင်သန်း ၁၀၀ အထိ ပေးချေမယ်လို့လည်း သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။

ကာရေဂါက "ဒါက ဒီကလန် ရိုက်စ်အတွက် ခက်ခဲပါလိမ့်မယ်၊ ဟယ်ရီကိန်းလည်း အဲဒီလို ဖြစ်ခဲ့တာပါ၊ သူတို့က ပရီးမီးယားလိဂ် ဒါမှမဟုတ် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် စိန်ခေါ်နိုင်တဲ့ အသင်းတွေမှာ မရှိခဲ့ပါဘူး၊
အာဆင်နယ်ကို ပြောင်းရင် ဖလားမရဘူးလို့ ဒီကလန် ရိုက်စ်ကို သတိပေးလိုက်တဲ့ ကာရေဂါ

ကာရေဂါက “ ဒါက ဒီကလန် ရိုက်စ်အတွက် ခက်ခဲပါလိမ့်မယ်၊ ဟယ်ရီကိန်းလည်း အဲဒီလို ဖြစ်ခဲ့တာပါ၊ သူတို့က ပရီးမီးယားလိဂ် ဒါမှမဟုတ် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် စိန်ခေါ်နိုင်တဲ့ အသင်းတွေမှာ မရှိခဲ့ပါဘူး၊ ဒါပေမယ့် မန်စီးတီးကိုမှ မသွားဘူးဆိုရင်တော့ မင်းလိုချင်တဲ့ ဆုဖလားတွေ အတွက် ဘာအာမခံချက်မှ မရှိပါဘူး၊ သူ အာဆင်နယ်ကို ပြောင်းရွှေ့မယ် ဆိုရင် သူ့အတွက် အရမ်းကောင်းသွားနိုင်ပါတယ်၊ သူတို့မှာ ရှိတဲ့အနေအထားနဲ့ဆို ကစားသမားဘ၀ နောက်တဆင့်ကို တက်သွားမှာ ဖြစ်ပေမယ့်လည်း အာဆင်နယ်နဲ့ အတူ အကြီးမားဆုံး ဆုဖလားတွေကို ဆွတ်ခူးနိုင်မယ် ဆိုတဲ့ အာမခံချက်တွေတော့ မရှိပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။
အသက်အရွယ်နဲ့ မလိုက်ဖက်အောင်ကို ခြေစွမ်းပြခဲ့ပြန်တဲ့ မိုဒရစ်

မနေ့ညက ကစားခဲ့တဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ လူကာမိုဒရစ်က ခြေစွမ်းပြခဲ့ပြီး နယ်သာလန်ကို ကျော်ဖြတ်နိုင်ဖို့ အတွက် အသင်းကို ကူညီပေးနိုင်ခဲ့ပါပြီ။ အသက် ၃၇ နှစ် အရွယ် ကွင်းလယ်လူက တစ်ဂိုး ဖန်တီးပေးခဲ့သလို ကိုယ်တိုင်လည်း ပင်နယ်တီကနေ တစ်ဂိုး သွင်းပေးခဲ့ပြီး နယ်သာလန် ပရိသတ်တွေတောင်မှ သူ့ကို လက်ခုပ်တီးအားပေးခဲ့ရတဲ့ အထိပါပဲ။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
စပိန်
အီတလီ
1X2 အီတလီ @ 3.25
ဂိုးပေါ် 2.25 @ 2.08
ဂိုးပေါင်း 0-1 @ 2.47
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီပွဲက သာမန်ပွဲကစားချိန် အတွင်း ၂ ဂိုးစီ သရေကျနေခဲ့လို့ အချိန်ပို ဆက်ကစားခဲ့ရတာပါ။ အချိန်ပိုမှာ ခရိုအေးရှားက ၂ ဂိုးထပ်သွင်းလို့ ၄-၂ နဲ့ အနိုင်ရပြီး နေးရှင်းလိဂ် ဗိုလ်လုပွဲ တက်သွားပါတယ်။ အဓိက သူရဲကောင်း ကတော့ မိုဒရစ်ပါပဲ။ အသက်အရွယ်နဲ့ မလိုက်အောင်ကို မိနစ် ၁၂၀ ကစားသွားပြီး တစ်ပွဲလုံးလည်း ခြေစွမ်းပြသွားခဲ့တာပါ။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတုန်း ကလည်း ဒီလိုပဲ မိနစ်ပေါင်း ၁၂၀ အထိ အသက်အရွယ်နဲ့ မလိုက်အောင် ကစားပြခဲ့ပါသေးတယ်။ ဒီအတွက်ကြောင့်လည်း ပြိုင်ဘက် ပရိသတ်တွေတောင် သူ့ကို အားမပေးဘဲ မနေနိုင်တာ ဖြစ်ပါလိမ့်မယ်။ အသက်အရွယ်ရပြီးတော့သာ အိုမင်းလာပေမယ့် ကွင်းထဲ မှာတော့ မိုဒရစ်က တက်ကြွ ဖျက်လတ်နေတုန်းပဲ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်