နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆက်စ်ကို ကို ကြားဖြတ်လုဖို့ ကြံစည်နေပြန်တဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုကို ပေါင် ၅၆ သန်းနဲ့ ခေါ်ယူဖို့ အတွက် အဆင်သင့် ဖြစ်နေပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဆလိုဗေးနီးယား တိုက်စစ်မှူး ကိုတော့ အစောပိုင်းမှာ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက် တို့က စိတ်ဝင်စားနေခဲ့တာ ဖြစ်ပြီး အာဆင်နယ် ဆိုရင် တစ်ကြိမ်တောင် ကမ်းလှမ်းထားခဲ့ပြီး ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း ထုံးစံအတိုင်း ချဲလ်ဆီး ကတော့ တခြားအသင်းတွေ စိတ်ဝင်စားတဲ့ အသင်းတွေကို အပြိုင်လိုက်ခေါ်ဖို့ ကြိုးစားလာပြန်ပြီး အခု တစ်ကြိမ် မှာလည်း ဆက်စ်ကို ကိုလည်း ခေါ်ယူဖို့ ပြင်နေတာ ဖြစ်ပါတယ်။ တိုက်စစ်မှူးသစ် တစ်ဦး ခေါ်ယူဖို့ ရှိနေတဲ့ ချဲလ်ဆီးက နာပိုလီ တိုက်စစ် ကြယ်ပွင့် ဗစ်တာ အိုဆင်မ်ဟန်ကို ကာလ အတန်အကြာ ချိတ်ဆက်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နာပိုလီ ဘက်က ဒီ ကစားသမား အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ ကျော် အလိုရှိနေတာ အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ကလည်း အိုဆင်မ်ဟန် ကိုယ်တိုင်က ချဲလ်ဆီးထက် အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ ပိုမို လိုလားကြောင်း သတင်းတွေ ထွက်လာခဲ့ပြီး အမှန်တကယ်တော့ ဆက်စ်ကို ကလည်း အာဆင်နယ်နဲ့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။

90minရဲ့ ဖော်ပြချက် အရ လိုက်ပ်ဇစ် ကလည်း ဆက်စ်ကို ကို ရောင်းချဖို့ အတွက် ကမ်းလှမ်းမှုတွေကို လက်ခံ နားထောင်ပေးနေပြီး ချဲလ်ဆီး၊ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက် တို့ကတော့ ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး အသင်းတွေ ဖြစ်နေပါတယ်။ အစောပိုင်းမှာ ဆက်စ်ကိုရဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၄၂ သန်းသာ ရှိခဲ့ပေမယ့် ကစားသမားရဲ့ ခြေစွမ်းကြောင့် လိုက်ပ်ဇစ် ဘက်က ပေါင် ၅၆ သန်း အထိ တိုးမြှင့်ခဲ့ပါတယ်။ 

နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ချဲလ်ဆီးဟာ ဆက်စ်ကို ကို ခေါ်ယူဖို့ အတွက် လိုက်ပ်ဇစ် လိုချင်တဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ အသင့် ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ချဲလ်ဆီး အနေနဲ့ အမှန်တကယ် ကြိုးစားရင် ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ်နဲ့ ယူနိုက်တက်ကို ကျော်ပြီး ဆက်စ်ကိုကို ခေါ်ယူသွားနိုင်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ချဲလ်ဆီး အနေနဲ့ တိုက်စစ်မှူးသစ် တစ်ဦးကို ရှာဖွေနေပေမယ့်လည်း သူတို့ အသင်း အနေနဲ့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီ အတွင်း တိုက်စစ်က သွင်းဂိုး ၇၇ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ ချဲလ်ဆီး တိုက်စစ်ရဲ့ အပေါင်းလက္ခဏာဆောင်တဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။

နွေရာသီမှာ ခေါ်ယူခဲ့တဲ့ နီကိုးလပ်စ် ဂျက်ဆန် ကတော့ သူ့ရဲ့ အဆုံးသတ်ပိုင်း အားနည်းချက်တွေကြောင့် ဝေဖန်မှုတွေများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ် ၃၅ ပွဲ ကစားရာမှာ ၁၄ ဂိုး သွင်းပြီး ပြိုင်ပွဲအရပ်ရပ် မှာတော့ ၁၇ ဂိုး သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျက်ဆန် အနေနဲ့ ချဲလ်ဆီးမှာ ဆက်ရှိနေဖို့ ရည်ရွယ်ထားသလို အသင်း ဘက်ကလည်း‌ ရောင်းထုတ်ဖို့ မရှိတာကြောင့် အမန်ဒါ ဘရိုဟာ ကတော့ အပြီး ရောင်းထုတ်ခံရဖွယ် ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်