နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မာရက်စ်ကာနဲ့ အပြီးသတ် သဘောတူညီမှု သွားတဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး ကတော့ လက်စတာစီးတီး နည်းပြ အန်ဇို မာရက်စ်ကာကို ခေါ်ယူဖို အတွက် အပြီးသတ် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး ကလပ်ဟာ မာရက်စ်ကာကို ၂၀၂၉ ခုနှစ် အထိ သက်တမ်း ရှိတဲ့ ၅နှစ် စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအပြောင်းအရွှေ့ အတွက် ချဲလ်ဆီးက လက်စတာစီးတီးကို လျော်ကြေးငွေ ယူရို ၁၀ သန်းကျော် ပေးချေရမယ်လို့လည်း သိရပါတယ်။ ချဲလ်ဆီး အသင်းရဲ့ တာဝန်ရှိသူတွေက မာရက်စ်ကာကို ပရီးမီးယားလိဂ် ပြိုင်ဘက် အာဆင်နယ် နည်းပြ အာတေးတားလို ဖြစ်လာဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကာလရှည် စာချုပ် ချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း တော့ဒ် ဘိုလေဟာ နည်းပြတွေကို အချိန်မပေးတတ်တဲ့ ပိုင်ရှင် ဖြစ်တာကြောင့်တော့ အန်ဇို မာရက်စ်ကာ ရဲ့ အနာဂတ် ကတော့ ကာလရှည် စာချုပ်ချုပ်ပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်ပေါ် မူတည်နေတာ ဖြစ်ပါတယ်။  

အသက် ၄၄ နှစ် အရွယ် အီတလီလူမျိုး နည်းပြ မာရက်စ်ကာဟာ စပိန် ကလပ် ဆီဗီလာမှာ လက်ထောက် နည်းပြ အဖြစ် လုပ်ကိုင်ခဲ့ဖူးသလို မန်ချက်စတာစီးတီး ယူ ၂၃ အသင်း၊ မန်ချက်စတာစီးတီး အကယ်ဒမီ နည်းပြ၊ စီးရီးအေ ကလပ် ပါးမား နည်းပြ အဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ လက်စတာစီးတီးကို စတင် ကိုင်တွယ်ခဲ့တဲ့ မာရက်စ်ကာဟာ သူ့လက်ထက်မှာ လက်စတာက ၅၃ ပွဲ ကစား၊ ၃၆ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၁၃ ပွဲရှုံး၊ ရလဒ် ပိုင်ဆိုင်ခဲ့ပါတယ်။

ချဲလ်ဆီးဟာ ပိုချက်တီနိုကို တစ်ရာသီ အကြာမှာပဲ ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ် တစ်ဦး အသည်းအသန် ရှာဖွေနေခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ မာရက်စ်ကာနဲ့ သဘောတူညီမှု ရသွားခဲ့တာ ဖြစ်ပါတယ်။ ပိုချက်တီနို လက်ထက်မှာ ချဲလ်ဆီးက ပရီးမီးယားလိဂ် အဆင့် ၆ နေရာနဲ့ပဲ ရာသီသိမ်းနိုင်ခဲ့ပြီး အက်ဖ်အေဖလားမှာ ယူနိုက်တက် ဗိုလ်စွဲခဲ့တာကြောင့်လည်း လန်ဒန် ကလပ်က ယူရိုပါကွန့်ဖရင့်လိဂ် ဝင်ခွင့်သာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ပိုချက်တီနိုဟာ ချဲလ်ဆီးကို အက်ဖ်အေဖလားမှာ ဆီမီးဖိုင်နယ်၊ ခရာဘောင်ဖလားမှာ ဗိုလ်လုပွဲ အဆင့်တွေ အထိ ရောက်အောင် ထမ်းတင်ပေးခဲ့ပေမယ့် အသင်း တာဝန်ရှိသူတွေ ကတော့ ဒီနည်းပြရဲ့ စွဲဆောင်မှု မရှိတဲ့ ကစားဟန်၊ Risk များတဲ့ နည်းစနစ်ပိုင်းတွေ အတွက် ဘဝင်မကျ ဖြစ်ပြီး ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ ပိုချက်တီနိုဟာ ချဲလ်ဆီးကို ပွဲ ၅၀ ကိုင်တွယ်ထားရာမှာ ၂၆ ပွဲနိုင်၊ ၁၀ ပွဲ သရေ၊ ၁၄ ပွဲ ရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်ထားပြီး နိုင်ပွဲ ရာခိုင်နှုန်း ကတော့ ၅၂ ရာခိုင်နှုန်း ရှိပါတယ်။

အစောပိုင်းမှာ ချဲလ်ဆီးဟာ ဘေယန်မြူးနစ်နဲ့ လမ်းခွဲခဲ့တဲ့ သူတို့ရဲ့ နည်းပြဟောင်း သောမက်စ် တူချယ်၊ အစ်ပ်ဆွစ်ချ် နည်းပြ မက်ကန်နာ၊ ဒီဇာဘီ၊ သောမက်စ် ဖရန့်ခ်၊ တို့နဲ့ သတင်းတွေ ထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းပိုင်ရှင် တော့ဒ် ဘိုလေ ကတော့ နည်းပြဟောင်းတွေကို ပြန်လည် ခေါ်ယူသွားမှာ မဟုတ်ကြောင်း ပြတ်ပြတ်သားသားပဲ ပြောဆိုထားခဲ့ပြီးနောက် လူငယ် နည်းပြ တစ်ဦးကိုပဲ ရွေးချယ်သွားခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်