နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘရိုက်တန်ကို အနိုင်ယူပြီး ဥရောပဝင်ခွင့် မျှော်လင့်ချက်တွေ အားကောင်းသထက် ကောင်းလာတဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

countdown banner

ဘရိုက်တန် ၁-၂ ချဲလ်ဆီး

ဒီကနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားသွားတဲ့ ပရီးမီးယားလိဂ် ပွဲကျန် တစ်ပွဲ မှာတော့ ချဲလ်ဆီးက ဘရိုက်တန်ကို အဝေးကွင်းမှာ ၁-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီရလဒ်ကြောင့် ချဲလ်ဆီးဟာ အဆင့် ၆ နေရာအထိ ရောက်ရှိလာခဲ့ပြီး ဥရောပဝင်ခွင့် မျှော်လင့်ချက်တွေလည်း ပိုမို အားကောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

ပွဲမတိုင်ခင် ပြောထားတဲ့ အတိုင်း ရော်ဘတ်တို ဒီဇာဘီရဲ့ ဘရိုက်တန် ကလည်း အိမ်ကွင်းမှာ ရလဒ်ကောင်းဖို့ လူစုံထုတ်လာခဲ့ပြီး ချဲလ်ဆီး ကလည်း အနိုင် ၃ မှတ် မဖြစ်မနေ ရရှိရေး အတွက် သူတို့ရဲ့ အတောင့်တင်းဆုံး လူစာရင်းကိုပဲ အသုံးပြုလာခဲ့ပါတယ်။ ချဲလ်ဆီး အနေနဲ့ ပက်ထရိုဗစ်၊ ခံစစ်မှာ ဘာဒီယာရှီးလ်နဲ့ ချာလိုဘာကို တွဲဖက်ပေးပြီး ကူကာရယ်လာ၊ ဂူစတို၊ ကွင်းလယ် မှာတော့ ကိုင်စီဒိုနဲ့ ဂယ်လာဟာ ပွဲထွက်လာခဲ့ပါတယ်။ မရှိမဖြစ် ကိုးလ်ပါးလ်မားနဲ့ အတူ မူဒရစ်ခ်၊ မာဒူကေး၊ တိုက်စစ် မှာတော့ နောက်ပိုင်း ပွဲတွေမှာ ဂိုးမြူးနေတဲ့ နီကိုလပ်စ် ဂျက်ဆန် ဦးဆောင်လာခဲ့ပါတယ်။

ချဲလ်ဆီး အတွက် ဦးဆောင်ဂိုး ကိုတော့ ကိုးလ်ပါးလ်မား ကပဲ ပွဲချိန် ၃၄ မိနစ်မှာ သွင်းယူပေးခဲ့ပြီး ဂယ်လာဟာရဲ့ အကွက်မြင်မှု ကူကာရယ်လာရဲ့ ဖြတ်တင်ပေးပို့မှု ကနေ ပါးလ်မားက လှလှပပပဲ ခေါင်းတိုက်သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ပွဲက အပြန်အလှန် ရှိခဲ့ပြီး ဘရိုက်တန် တိုက်စစ်မှူး ပက်ဒရိုရဲ့ အပိုင် ခေါင်းတိုက်ချက်ကို ပက်ထရိုဗစ် ကာကွယ်နိုင်ခဲ့တာကြောင့် ချဲလ်ဆီးတို့ ကံကောင်းခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာလည်း သူဖိ ကိုယ်ဖိနဲ့ အကြိတ်အနယ် ရှိခဲ့ပြီး ၆၄ မိနစ် အရောက် မှာတော့ ချဲလ်ဆီးတို့‌ နောက်ထပ် ဦးဆောင်ဂိုး ထပ်ရသွားခဲ့ပါတယ်။ ဂူစတိုရဲ့ တောင်ပံ တလျှောက် ဆွဲပေးပြီး ပြန်ချိုးပေးတာကို ဧရိယာထဲမှာ အသင့် ရှိနေတဲ့ အန်ကွန်ကူက အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးဟာ အန်ကွန်ကူရဲ့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အတွက် ဒုတိယမြောက် သွင်းဂိုးလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ပိုချက်တီနို ရဲ့ အသင်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာကို ရောက်လာခဲ့ပြီး နယူးကာဆယ်ကို ၃ မှတ်၊ ယူနိုက်တက်ကို ၃ မှတ် ဖြတ်ထားနိုင်ခဲ့ပါပြီ။
လာမယ့် ရာသီ ဥရောပဝင်ခွင့်ရဖို့ သေချာသလောက် ရှိနေတဲ့ ချဲလ်ဆီး

၈၈ မိနစ် မှာတော့ ရိစ်ဂျိမ်းစ် တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရလို့ ချဲလ်ဆီးတို့ တစ်ယောက်လျော့နဲ့ လက်ကျန် မိနစ်တွေကို ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။ ဘရိုက်တန် ကလည်း ချေပဂိုး ရရှိရေး အကောင်းဆုံး ကြိုးစားသွားပေမယ့် အက်ဒင်ဂရာရဲ့ ကန်ချက် တိုင်ထိခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ နာကျင် အချိန်ပိုမှာတော့ ဝဲလ်ဘက်ခ်က ဘရိုက်တန် အတွက် တစ်လုံးတည်းသော ချေပဂိုးကို သွင်းယူပေးခဲ့တာကြောင့် ၁-၂ ရလဒ်နဲ့ ပွဲပြီးခဲ့ပါတယ်။

ချဲလ်ဆီးက ရာသီကုန်ခါနီးမှ တော်တော်လေး ဟုတ်နေပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲ အထိ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီရလဒ်တွေကြောင့်ပဲ ချဲလ်ဆီးတို့ အစောပိုင်းမှာ မမျှော်လင့်နိုင်ခဲ့တဲ့ ဥရောပဝင်ခွင့် တစ်နေရာ အတွက်လည်း အခြေအနေကောင်းနေခဲ့ပါပြီ။ လက်ရှိမှာ ပိုချက်တီနို ရဲ့ အသင်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာကို ရောက်လာခဲ့ပြီး နယူးကာဆယ်ကို ၃ မှတ်၊ ယူနိုက်တက်ကို ၃ မှတ် ဖြတ်ထားနိုင်ခဲ့ပါပြီ။

ဒါ့အပြင် ပွဲစဉ် ၃၈ မှာ ချဲလ်ဆီးက ဘုန်းမောက်ကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပြီး နယူးကာဆယ်နဲ့ မန်ယူနိုက်တက် ကတော့ ဘရန့်ဖို့ဒ်နဲ့ ဘရိုက်တန်ကို အဝေးကွင်းတွေမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေအရ ချဲလ်ဆီးဟာ ယူရိုပါကွန့်ဖရင့်လိဂ် ဝင်ခွင့် ရဖို့ သေချာသလောက် ရှိသွားခဲ့ပြီလို့ပဲ ဆိုရပါမယ်။ ပိုချက်တီနို ပြောထားသလိုပဲ ချဲလ်ဆီးတို့ ဥရောပဝင်ခွင့် တစ်နေရာရအောင် စွမ်းဆောင်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်