နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကဲလ်ဗတ်လီဝင်း ကိုလည်း ပစ်မှတ်ထား စောင့်ကြည့်နေတဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

countdown banner

ရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်း ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အထောင် တိုက်စစ်မှူး တစ်ဦး ခေါ်ယူအားဖြည့်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အရည်အသွေးမြင့် တိုက်စစ်မှူးတွေကို ပစ်မှတ်ထားနေပြီး အခုနောက်ဆုံးမှာတော့ အဲဗာတန်က ဒေါမနစ် ကဲလ်ဗတ်လီဝင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ 

ချဲလ်ဆီးက တိုက်စစ်မှူးသစ် တစ်ဦးကို ကာလရှည်ကြာ ရှာဖွေနေခဲ့ပြီး နာပိုလီက ဗစ်တာ အိုဆင်မ်ဟန်ကို ငွေကြေး အမြောက်အများ သုံးပြီး ခေါ်ယူဖို့ မျှော်လင့်ထားခဲ့တာပါ။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ်က နိုင်ဂျီးယား လက်ရွေးစင် အတွက် ပေးချေရမယ့် စာချုပ်ဖျက်သိမ်းကြေး ပေါင် သန်း ၁၀၀ ကျော် ကိုတော့ စိတ်ဝင်စားခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် သတင်းတွေ အရ ဆိုရင် ချဲလ်ဆီးဟာ အိုဆင်မ်ဟန်လုပွဲထဲ ကနေ ထွက်ခွာသွားခဲ့ပြီလို့ သိရပါတယ်။ 

လက်တလောမှာ ချဲလ်ဆီးက ဈေးသက်သာတဲ့ တိုက်စစ်မှူး တစ်ဦးကို ပြောင်းလဲ ရှာဖွေနေပြီး လိုက်ပ်ဇစ်က ဘင်ဂျာမင် ဆက်စ်ကို ကို အလေးအနက်ထား ကြိုးပမ်းဖို့ ရှိနေသလို မန်ချက်စတာစီးတီးက ဟူလီယန် အဲလ်ဗာရက်ဇ် ကိုလည်း ပစ်မှတ် စာရင်းထဲ ထည့်ထားတယ်လို့ သိရပါတယ်။ နောက်ဆုံး ရရှိတဲ့ သတင်းတွေ မှာတော့ ချဲလ်ဆီးက အဲဗာတန် တိုက်စ်မှူး ဒေါမနစ် ကဲလ်ဗက် လီဝင်းကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ 

အသက် ၂၇ နှစ် အရွယ် အင်္ဂလန် တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ် ကလပ် အဲဗာတန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ နီးကပ်နေပြီး အသင်း ဘက်ကတော့ သက်တမ်းတိုးဖို့ ကမ်းလှမ်းထားပါတယ်။ ဒါပေမယ့်လည်း အဲဗာတန်ဟာ ငွေကြေးဆိုင်ရာ အခက်အခဲတွေ ရှိလာတာကြောင့် သူတို့ရဲ့ တိုက်စစ်မှူးကို ရောင်းထုတ်ဖို့ စဉ်းစားလာပြီး ချဲလ်ဆီး ကသာ အမှန်အကန် ကြိုးစားလာမယ် ဆိုရင် ဖြစ်နိုင်ချေ ရှိနေပါတယ်။ 

၂၀၁၆ ခုနှစ်မှာ ရှက်ဖီးလ်ယူနိုက်တက် ကနေ အဲဗာတန်ကို ပြောင်းရွှေ့လာခဲ့တဲ့ ကဲလ်ဗတ် လီဝင်းဟာ မာဆေးလ်ဆိုက်ဒ် ကလပ် အတွက် ၂၄၇ ပွဲ ကစားပြီး ၆၈ ဂိုး သွင်းယူပေးထားပါတယ်။ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကတော့ အဲဗာတန် အတွက် ၃၈ ပွဲ ကစားရာမှာ ၈ ဂိုးသွင်း၊ ၃ ဂိုးဖန်တီးပေးထားပါတယ်။ ကဲလ်ဗတ်လီဝင်းဟာ အရပ်အမောင်း မြင့်မားပြီး အရည်အသွေး ရှိတဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်ပေမယ့် မကြာခဏ ဆိုသလို ဒဏ်ရာရနေတတ်တာ ကတော့ သူ့ရဲ့ အားနည်းချက် ဖြစ်ပါတယ်။ ဒီအင်္ဂလန် ကစားသမားဟာ ၂၀၂၁/၂၂နဲ့ ၂၀၂၂/၂၃ ဘောလုံးရာသီ နှစ်ခုပေါင်းမှ ၃၆ ပွဲသာ ကစားခဲ့ရပြီး ဒဏ်ရာကြောင့် အနားယူနေရတဲ့ အချိန်တွေ များပြားခဲ့တာ တွေ့ရပါတယ်။

လက်ရှိ ချဲလ်ဆီး တိုက်စစ်မှာ နီကိုးလက်စ် ဂျက်ဆန်၊ ကိုးလ်ပါးလ်မား၊ မာဒူကေး၊ မူဒရစ်ခ်၊ အန်ကွန်ကူ၊ ရာဟင်းမ် စတာလင် တို့လို ကစားသမားတွေလည်း ရှိနေပါတယ်။ ဒီအစုအဖွဲ့က ချဲလ်ဆီး တိုက်စစ် အတွက် အတိုင်းအတာ တစ်ခု အထိ သွင်းဂိုးတွေ ရှာဖွေပေးနေပေမယ့် တော့ဒ် ဘိုလေ တို့ အုပ်စု ကတော့ ပုံမှန် ဂိုးသွင်းပေးမယ့် အဆုံးသတ် သေချာတဲ့ တိုက်စစ်မှူး တစ်ဦးကို အလိုရှိနေသေးတာ ဖြစ်ပါတယ်။ သေချာတာ ကတော့ ဒေါမနစ် ကဲလ်ဗတ်လီဝင်းကိုသာ ခေါ်ယူခဲ့မယ် ဆိုရင်တော့ ချဲလ်ဆီး ဆေးအဖွဲ့ ကတော့ အလုပ်ရှုပ်ရဦးမှာ သေချာပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်