နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂိုးသမားတွေ အပြိုင်အဆိုင် မှားခဲ့ပြီး အမှတ်ခွဲယူခဲ့တဲ့ ချဲလ်ဆီးနဲ့ အာဆင်နယ် | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

countdown banner

ဒီပွဲမတိုင်ခင်မှာ မီခဲလ် အာတေးတားက မနှစ်က အာဆင်နယ် ဘာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ လွဲခဲ့သလဲ ဆိုတာကို ပြန်ပြောခဲ့ပါတယ်။ ဒီအချက်ကပဲ ကစားသမားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို သွားပြီး ထိခိုက်စေခဲ့သလား မပြောတတ်ပါဘူး။ ပထမပိုင်း တစ်ပိုင်းလုံး ပိုချက်တီနိုရဲ့ မာစတာပလန်ကြောင့် ဒုက္ခရောက်သွားခဲ့ပြီး အရေးပေါ် အခြေအနေပါ ဖြစ်သွားခဲ့ရတယ်။

အာဆင်နယ်တို့ မမျှော်လင့်ထားတဲ့ လက်ထိဘော ကနေ ပင်နယ်တီပေးခဲ့ရပြီး ဂိုးလည်းပေးလိုက်ရသလို မီခိုင်လို မူဒရစ်ခ်ရဲ့ မဖြစ်နိုင်တဲ့ ကန်ချက် ကနေ ဂိုးပေးလိုက်ရတယ်။ ဒါပေမယ့် နှစ်ဂိုးသွင်းပြီး ကတည်းက အာဆင်နယ်ရဲ့ တုံ့ပြန်ပုံက မှန်ကန်ခဲ့ပါတယ်။ တကယ်လို့ ဒီပွဲမှာသာ အာဆင်နယ်တို့ ရှုံးခဲ့မယ် ဆိုရင် မလိုအပ်ဘဲ ဂျော်ဂျင်ဟိုကို တောက်လျှောက်သုံးခဲ့တဲ့ အာတေးတားရဲ့ အပြစ်ပါပဲ။ ဂျော်ကြီးပဲလား ဆိုတော့ မဟုတ်ပါဘူး။ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ် တစ်ယောက် ဘာလုပ်ချင်မှန်းမသိ၊ ကြောင်ပျောက်နေပြီး မမဆောင်း ဖြစ်နေခဲ့တာပါ။ (နိုင်ငံတကာ ပွဲတွေ ကစားထားရတာ ကလည်း သက်ရောက်မှု ရှိကောင်း ရှိနေနိုင်ပါတယ်။) ဒဏ်ရာက ပြန်သက်သာလာခါစ ဆာကာ ကလည်း ရုန်းကန်နေခဲ့ရပေမယ့် ထုံးစံ အတိုင်း အရေးပါတဲ့ Ball Contribution မှာ ပါဝင်နိုင်ခဲ့တာ ကတော့ မဆိုးဘူးလို့ပဲ ပြောရမှာပါ။

ရော်ဘတ် ဆန်းချက်ဇ်ရဲ့ အမှား ကနေ တစ်ဆင့် ဒီကလန် ရိုက်စ်က ဂိုးရခဲ့သလို ဆာကာရဲ့ ဖြတ်တင်ဘောကို ထရော့ဆက်ဒ်က အဆုံးသတ်နိုင်ခဲ့တဲ့နောက် အာဆင်နယ်တို့ အဝေးကွင်းမှာ သရေတစ်မှတ် ရလိုက်တယ်။ ဒီပွဲမှာ နောက်ထပ် ပြောစရာ ဖြစ်ခဲ့တာက ပိုချက်တီနိုရဲ့ အပြောင်းအလဲတွေပါပဲ။ သူကိုယ်တိုင် ပထမပိုင်းမှာ လက်နဲ့ ရေးခဲ့တာကို ဒုတိယပိုင်းမှာ ခြေထောက်နဲ့ ဖြတ်လိုက်တယ်လို့ပဲ ဆိုချင်ပါတယ်။ ပွဲအတွင်း ဗျူဟာ အပြောင်းအလဲတွေမှာ အားလုံး မှားခဲ့တယ်လို့ ဆိုရင်တောင် မလွန်ပါဘူး။
စတာလင်နဲ့ ကိုး ပါးလ်မား နှစ်ယောက်စလုံးကို ထုတ်ပစ်လိုက်ပြီး အာဆင်နယ်လို အသင်းကို ခံစစ် သီးသန့် ရင်ဆိုင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါက မဟာအမှားပါ။ ဒုတိယပိုင်း အစကတည်းက အာဆင်နယ်ရဲ့ တိုက်စစ်ဆင်မှုတွေကို သီယာဂို ဆေးလ်ဗား ဦးဆောင်ပြီး ကြံ့ကြံ့ခံ ရှင်းထုတ်ခဲ့ပေမယ့် ဒီဘရာဇီးသားကြီး ကျချိန် ရောက်လာတဲ့အခါ မှာတော့ မရှူနိုင်၊ မကယ်နိုင် ဖြစ်ခဲ့ရပါတယ်။

ပွဲအပြီးမှာ အာဆင်နယ်တို့ ရမှတ် ၂၁ မှတ်နဲ့ ပရီးမီးယားလိဂ် အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပြီး ချဲလ်ဆီး ကတော့ အဆင့် ၁၀ နေရာမှာ ရှိနေခဲ့ပါတယ်။
ပရီးမီးယားလိဂ် ရှုံးပွဲမရှိ စံချိန်ကို ဆက်တင်ထားနိုင်ခဲ့တဲ့ အာဆင်နယ်

ဒုတိယပိုင်းကို သိသိသာသာ စိုးမိုးခဲ့တာက အာဆင်နယ် ဖြစ်ခဲ့ပြီး ချေပဂိုး နှစ်ဂိုးစလုံးသာ စောရခဲ့ရင် ပြန်ပြီး အနိုင်ရသွားလောက်တဲ့ အထိ ဖြစ်နိုင်ပါတယ်။ ဘယ်ဘက်ကပဲ ကြည့်ကြည့်၊ ဒီသရေ ရလဒ်က နှစ်သင်းစလုံးအတွက် ကျေနပ်စရာတော့ မဟုတ်ပါဘူး။

အာဆင်နယ် အတွက်လည်း မလိုလားအပ်တဲ့ အလွဲအချော်တွေ၊ အဖြစ်အပျက်တွေနဲ့ ဂိုးပေးခဲ့ရသလို ချဲလ်ဆီး ကတော့ အသင်းကြီး အချင်းချင်း ထိပ်တိုက်တွေ့တဲ့ပွဲမှာ အခုလိုမျိုး နှစ်ဂိုးပြတ် ဦးဆောင်ထားပြီးမှ သရေကျသွားတာက နစ်နာစရာပါပဲ။ ရာယာ၊ ဆန်းချက်ဇ်တို့ ဂိုးသမား နှစ်ယောက်စလုံး အမှားတွေ လုပ်ခဲ့ကြပြီး တစ်ယောက် တစ်ဂိုးစီ ပေးခဲ့ရပါတယ်။

ရာယာ ကံကောင်းသွားတဲ့ အချက်က ပါးလ်မားဆီ လူပေးမှားခဲ့တဲ့ အလုံးကို အချိန်မီ ပြန်လည် ကာကွယ်နိုင်ခဲ့တာပါပဲ။ မဟုတ်ရင်တော့ ဒီပွဲအရှုံးက မီခဲလ် အာတေးတားနဲ့ အတူ သူ့ခေါင်းပေါ် ကျလာမှာပါ။ ရမ်စ်ဒေးလ်လို ပထမ ဂိုးသမား အသင့်သုံးနိုင်တဲ့ အနေအထားမျိုး ရှိနေချိန်မှာ ဒီလို အမှားတွေက သူ့ရဲ့ ပထမဂိုးသမား နေရာ အတွက် ဘာအာမခံချက်မှ မပေးနိုင်တာကို နားလည် သဘောပေါက်ထားရပါလိမ့်မယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
အင်တာမီလန်
ရက်ဒ် ဘူးလ်
1X2 အင်တာမီလန် @ 1.31
ဂိုးအောက် 3.00 @ 1.80
ဂိုးပေါင်း 2-3 @ 2.06
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီနေ့ပွဲမှာ အာဆင်နယ် တစ်သင်းလုံး ပုံမှန် အောက်ကို ရောက်နေပေမယ့် တစ်ဦးတည်းသော ကစားသမား ကတော့ သန်း ၁၀၀ နဲ့ တန်ကြောင်း ပွဲတိုင်းလိုလို သက်သေပြနေဆဲ ဒီကလန် ရိုက်စ်ပဲ ဖြစ်ပါတယ်။ မနေ့ညက မသိရင် ချဲလ်ဆီး တစ်သင်းလုံးနဲ့ သူနဲ့ပဲ ကစားနေသလားတောင် ထင်ရတဲ့ အထိ ရိုက်စ်ရဲ့ သက်ရောက်မှုက အာဆင်နယ် အတွက် ကြီးမားခဲ့ပါတယ်။ သန်း ၁၀၀ တန် မူဒရစ်ခ် ဂိုးသွင်းနိုင်ခဲ့တယ်၊ ပင်နယ်တီ ရယူပေးခဲ့သူ ဆိုပေမယ့် ကျန်အချိန်‌တွေ မှာတော့ သက်ရောက်မှု နည်းခဲ့ပါတယ်။

နောက်ထပ် ၁၀၀ ကျော်တန် ကိုင်စီဒိုနဲ့ အန်ဇို ဖာနန်ဒက်ဇ် တို့လည်း ထိုနည်း လည်းကောင်း ပါပဲ။ အာဆင်နယ်တို့ ဘာကြောင့် ဒီလောက်အထိ ဈေးကြီးပေး ခေါ်ခဲ့သလဲ ဆိုတာ တစ်ပွဲပြီး တစ်ပွဲ အဖြေထုတ်ပေးနေတယ်လို့ပဲ ဆိုချင်ပါတယ်။

ဘာပဲပြောပြော ဒီရလဒ်ဟာ နှစ်သင်းစလုံး အတွက် ကျေနပ်စရာ မဟုတ်တာ သေချာပေမယ့် ချဲလ်ဆီး အတွက် ပိုပြီး နစ်နာခဲ့ရသလို အာဆင်နယ် အတွက် ကတော့ ပရီးမီးယားလိဂ် ရှုံးပွဲ မရှိစံချိန် တစ်ခုကို ဆက်ထိန်းသွားနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ အာဆင်နယ်တို့ ရမှတ် ၂၁ မှတ်နဲ့ ပရီးမီးယားလိဂ် အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်နိုင်ခဲ့ပြီး ချဲလ်ဆီး ကတော့ အဆင့် ၁၀ နေရာမှာ ရှိနေခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်