နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲပယ် ပြစ်ဒဏ် ထိခဲ့လို့ အာဆင်နယ်နဲ့ ပွဲကို လွဲချော်ခဲ့တဲ့ ကက်စ်မဲရိုး၊ အိုလစ်ဆီရဲ့ ဂိုးက ဒီရာသီရဲ့ အကောင်းဆုံး ဖရီးကစ် ဂိုးလို့ ချီးကျူးလိုက်တဲ့ ဂျင်မီ ရက်နက် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ပွဲပယ် ပြစ်ဒဏ် ထိခဲ့လို့ အာဆင်နယ်နဲ့ ပွဲကို လွဲချော်ခဲ့တဲ့ ကက်စ်မဲရိုး၊ အိုလစ်ဆီရဲ့ ဂိုးက ဒီရာသီရဲ့ အကောင်းဆုံး ဖရီးကစ် ဂိုးလို့ ချီးကျူးလိုက်တဲ့ ဂျင်မီ ရက်နက် စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၁၉ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပွဲပယ် ပြစ်ဒဏ် ထိခဲ့တဲ့ ကက်စ်မဲရိုး အာဆင်နယ်နဲ့ ပွဲကို လွဲချော်

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ကွင်းလယ်လူ ကက်စ်မဲရိုး ကတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ အဝါကတ် ပြသခံလိုက်ရပါတယ်။ ပွဲကစားချိန် မိနစ် ၈၀ မှာ အဝါကတ် ထိခဲ့တာ ဖြစ်ပြီး ဒီရာသီ အတွက် အဝါကတ် ၅ ကတ် ပြည့်သွားခဲ့ပြီမို့ ဘရာဇီးလ် ကွင်းလယ်လူဟာ အာဆင်နယ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲကို လွဲချော်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီပွဲမှာ အဝါထိရင် ပွဲပယ်ခံရမယ် ဆိုတာကို သိထားပေမယ့် ကက်စ်မဲရိုး ကတော့ အသင်း ဂိုးပေးရနိုင်တဲ့ အခြေအနေမျိုး အထိ ဖြစ်လာမှာကြောင့် ဖျက်ထုတ် ဟန့်တားခဲ့ရတာပါ။ သူသာ ဖျက်ထုတ်မှု မလုပ်ခဲ့ရင် ပြိုင်ဘက်က အသင်းရဲ့ ဂိုးပေါက်ကို ခြိမ်းခြောက်သွားနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူက စွန့်စား ဖျက်ထုတ်ခဲ့ရတာ ဖြစ်ပြီး ပွဲပယ်ခံလိုက်ရပြီ ဖြစ်ပါတယ်။

ကံဆိုးတာ ကတော့ သူ ဒီလို အားထုတ်ခဲ့ပေမယ့် နာကျင် အချိန်ပိုမှာ ချေပဂိုး ပေးခဲ့ရလို့ ယူနိုက်တက်တို့ နစ်နာသထက် နစ်နာခဲ့ရပါတယ်။ အာဆင်နယ်နဲ့ အရေးကြီး ပွဲစဉ်ကို သူမပါဝင်ဘဲ ကစားရမှာက ယူနိုက်တက် ကွင်းလယ်နဲ့ ခံစစ်ပိုင်း အတွက် ကြီးမားတဲ့ လစ်ဟာမှု ဖြစ်ပြီး အဲရစ်ခ် တန်ဟက်ဂ် တစ်ယောက် ဘယ်လိုဗျူဟာတွေ အသုံးပြုသွားမလဲ ဆိုတာ စောင့်ကြည့်ရပါတော့မယ်။


အိုလစ်ဆီရဲ့ ဂိုးက ဒီရာသီရဲ့ အကောင်းဆုံး ဖရီးကစ် ဂိုးလို့ ဂျင်မီ ရက်နက် ချီးကျူး

မန်ချက်စတာယူနိုက်တက်နဲ့ ပွဲမှာ ပဲလေ့စ် အတွက် ချေပဂိုးကို ပွဲကစားချိန် ၉၁ မိနစ်မှာ မိုက်ကယ် အိုလစ်ဆီက အလွတ်တည်ကန်ဘော ကနေ သွင်းယူပေးခဲ့ပါတယ်။ သူ့ရဲ့ ကန်သွင်းချက်ဟာ ဂိုးသမား ဒါးဗစ် ဒက်ဟဲယားရဲ့ ဘယ်ဘက်ထောင့်ထိပ်ကို တန်းတန်းမတ်မတ် ဝင်သွားခဲ့ပြီး အသင်း အတွက် အဖိုးတန် ချေပဂိုးကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီဂိုး အတွက် ယူနိုက်တက် နောက်ခံလူဟောင်း ဂယ်ရီ နဗီးလ်က လူတံတိုင်း ကာထားပုံ ညံ့ဖျင်းခဲ့တာကြောင့်လို့ အပြစ်တင်ခဲ့ပြီး ဂျင်မီ ရက်နက် ကတော့ အိုလစ်ဆီရဲ့ ကန်သွင်းချက် ကောင်းမွန်ခဲ့တာလို့ ချီးကျူးခဲ့ပါတယ်။ ဒီဂိုးကြောင့် ယူနိုက်တက်တို့ အဆင့် ၂ နေရာကို ရောက်ရှိမယ့် အခွင့်အရေး ဆုံးရှုံးခဲ့ရပြီး အဖိုးတန် ရမှတ် ၂ မှတ်လည်း လက်လွှတ်ခဲ့ရပါတယ်။

“ ဒီရာသီရဲ့ အကောင်းဆုံး Free-Kick သွင်းဂိုးပါပဲ၊ ဂျိမ်းစ် ဝက်ဒ် ပရောက်စ်ရဲ့ ကန်သွင်းမှုတွေကို ကျနော်တို့ မြင်ခဲ့ပြီးပါပြီ၊ အိုလစ်ဆီက ဘာလို့ အောင်ပွဲမခံခဲ့တာလဲ ဆိုတာ ကျနော် နားမလည်ခဲ့ဘူး၊ ကျနော်လည်း အဲလို ဂိုးတချို့ သွင်းခဲ့ဖူးပြီး ဂျာစီချွတ် အောင်ပွဲခံတဲ့ အထိ လုပ်ခဲ့တာပါ၊ အဲဒီအချိန်မှာဆို ခံစားချက်က အထွဋ်အထိပ်ကို ရောက်နေရမှာပါ” လို့ ဂျင်မီ ရက်နက်က ချီးကျူးသွားခဲ့ပါတယ်။


ခရစ္စတယ်ပဲလေ့စ်ကို သရေသာ ကစားနိုင်ခဲ့လို့ နစ်နာခဲ့ရတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် ကတော့ ကြားရက်မှာ ပရီးမီးယားလိဂ် ပွဲကျန် အဖြစ် ခရစ္စတယ်ပဲလေ့ကို အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ရပြီး ၁-၁ သာ ကစားနိုင်ခဲ့လို့ ၁ မှတ်သာ ရယူနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက် ကတော့ ကြားရက်မှာ ပရီးမီးယားလိဂ် ပွဲကျန် အဖြစ် ခရစ္စတယ်ပဲလေ့ကို အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ရ​ပြီး ၁-၁ သာ ကစားနိုင်ခဲ့လို့ ၁ မှတ်သာ ရယူနိုင်ခဲ့ပါတယ်။ ဘရူနို ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပြီး နာကျင် အချိန်ပိုမှာ အလွတ်တည်ကန်ဘော ကနေ ပဲလေ့စ်က ချေပဂိုး သွင်းယူတာကို ခွင့်ပြုခဲ့ရတာပါ။

ဒါကြောင့် ယူနိုက်တက်တို့ ရမှတ် ၂ မှတ် ဆုံးရှုံးခဲ့ရပြီး မန်စီးတီး အထက်မှာ ၂ မှတ်အသာနဲ့ ရပ်တည်နိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ တန်ဟက်ဂ်က အဓိက ကစားသမား အားလုံးကို ထည့်သွင်း ကစားခဲ့ပေမယ့်လည်း ကစားသမားတွေ ပွဲပန်းနေကြတာကြောင့် အနိုင်ဂိုးကို ထိန်းကစားခဲ့ရာမှာလည်း လွဲချော်မှု တစ်ခု ကနေ သွင်းဂိုး ၁ ဂိုး ပေးခဲ့ရတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လာမယ့် ပွဲအဖြစ် အာဆင်နယ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်ကို ရင်ဆိုင်ရမှာ ဖြစ်သလို အဝေးကွင်းလည်း ဖြစ်နေတာကြောင့် ယူနိုက်တက် အတွက် မလွယ်ကူနိုင်တဲ့ ပွဲ ဖြစ်ပါတယ်။ လက်ရှိမှာ ပွဲပန်းမှု ဒဏ်ကိုလည်း ခံထားရတာကြောင့် ယူနိုက်တက် တို့ရဲ့ နိုင်ပွဲ ဆက်တိုက် ရထားတဲ့စံချိန်တွေ ရပ်တန့်ပြီး ရှုံးပွဲပါ ကြုံရမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်