နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အချိုရည် ဖလား ဆိုပြီးတော့ မညှာတဲ့ မန်စီးတီး၊ ဟာလန်း တစ်ရာသီ ဂိုး ၅၀ သွင်းမယ်လို့ ထောက်ခံလိုက်တဲ့ အွန်နရီ (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက်ခင်း အတွက် နောက်ထပ် ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဟာလန်း အနေနဲ့ တစ်ရာသီ ဂိုး ၅၀ အထိ သွင်းယူနိုင်တယ်လို့ ထောက်ခံခဲ့တဲ့ အွန်နရီ

အာဆင်နယ် တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီက မန်ချက်စတာစီးတီး တိုက်စစ်မှူး ဟာလန်းဟာ တစ်ပွဲတည်း မှာပဲ ၆ ဂိုး အထိ သွင်းယူနိုင်စွမ်း ရှိတယ်လို့ ချီးကျူး ထောက်ခံလိုက်ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်မှာ တစ်ပွဲတည်း ဂိုးအများဆုံး သွင်းယူနိုင်မှုက ၅ ဂိုးတည်းသာ ရှိပြီး သွင်းယူထားသူတွေ ကတော့ အန်ဒီကိုးလ်၊ အလန်ရှီးယား၊ ဒီဖိုး၊ ဘာဘာတော့ဗ်နဲ့ အဂူရိုတို့ ဖြစ်ပါတယ်။ 

နော်ဝေ ကြယ်ပွင့်က ဒီရာသီမှာ မန်စီးတီးအတွက် လိဂ်ပွဲ ၁၄ ပွဲ ကစားပြီး ၁၈ ဂိုး အထိ သွင်းယူပေးထားခဲ့ပါတယ်။ အွန်နရီက ဟာလန်းဟာ ပြိုင်ပွဲစုံ သွင်းဂိုး ၅၀ အထိ ရယူနိုင်လိမ့်မယ်လို့ ခန့်မှန်းခဲ့ပြီး ဟာလန်းရဲ့ ခြေစွမ်းအပေါ်မှာ ကျေနပ် အားရနေခဲ့တာလည်း ဖြစ်ပါတယ်။

“ သူက ခေတ်ဟောင်း တိုက်စစ်မှူးသစ် တစ်ယောက်ပဲ၊ မန်စီးတီးမှာ သူ ၁ ပွဲတည်းကို ၆ ဂိုး အထိ ရလိမ့်မယ် ထင်တယ်၊ သူ လုပ်နိုင်ပါလီမ့်မယ်၊ မန်စီးတီးမှာ အဲဒီအရေအတွက် ရအောင် ဖန်တီးနိုင်စွမ်းလည်း ရှိပါတယ်၊ ပြီးတော့ သူ တစ်ရာသီကို ဂိုးပေါင်း ၅၀ သွင်းယူနိုင်မလား ဆိုရင်လည်း လိဂ်ဂိုးချည်းတော့ မဟုတ်ဘဲ ပြိုင်ပွဲစုံအားဖြင့် လုပ်နိုင်တယ် လို့ပဲ ပြောရမှာပဲ” လို့ အွန်နရီက ဆိုပါတယ်။


အမ်မီ မာတီနက်ဇ်ကို ကြိုးပမ်းနေတဲ့ ဘေယန်မြူးနစ်

ဘွန်ဒက်လီဂါ ထိပ်သီး ကလပ် ဘေယန်မြူးနစ်က အာဂျင်တီးနားနဲ့ ကမ္ဘာဖ့လား ဆွတ်ခူးခဲ့ပြီး ရွှေလက်အိတ်ဆုပါ သိမ်းပိုက်နိုင်ခဲ့တဲ့ ဂိုးသမား အမ်မီ မာတီနက်ဇ်ကို စိတ်ဝင်စားနေပါတယ်။ သူတို့ရဲ့ အဓိက ဂိုးသမား နူအာ ဒဏ်ရာကြောင့် ကာလရှည် အနားယူရတော့မှာ ဖြစ်လို့ ရေရှည် အတွက် ဘေယန်တို့ ဂိုးသမား တစ်ဦး ရှာဖွေဖို့ လိုအပ်နေလို့ မာတီနက်ဇ်ကို မျက်စိကျနေတာ ဖြစ်ပါတယ်။ 

မာတီနက်ဇ်ကလည်း ကမ္ဘာ့ဖလားမှာ လက်စွမ်းပြခဲ့သူ ဖြစ်ပြီး အသင်းကြီး တသင်းမှာ ကစားခွင့်ရဖို့ ထိုက်တန်တဲ့ လက်စွမ်းကို ပြသနိုင်ခဲ့ပါတယ်။ ပင်နယ်တီ ကာကွယ်မှုတွေ မှာလည်း ထူးချွန်တဲ့ မာတီနက်ဇ်ကို ဘေယန်က ထည့်သွင်း စဉ်းစားလာခဲ့ပြီး လမယ့် ဇန်နဝါရီမှာ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။ 

မာတီနက်ဇ် ကတော့ အာဆင်နယ်မှာ အရန် ကစားသမား အဖြစ်နဲ့သာ ရှိနေခဲ့ရာ ကနေ ဗီလာကို ပြောင်းရွှေ့ခဲ့ပြိးနောက် လက်စွမ်းပြနိုင်ခဲ့လို့ အာဂျင်တီးနား လက်ရွေးစင် အသင်းက သူ့ကို ရွေးချယ်ခဲ့ပြီး ပုံမှန်နေရာ ရရှိခဲ့ကာ ကိုပါအမေရိကဖလားနဲ့ ကမ္ဘာ့ဖလားကို ရယူနိုင်တဲ့ အထိ အောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။  


အချိုရည် ဖလားပွဲ ကနေ လစ်ဗာပူးလ်ကို ဖြုတ်ချခဲ့တဲ့ မန်စီးတီး

ညက ကစားသွားတဲ့ ခရာဘောင် ဖလား စတုတ္ထအဆင့် ပွဲစဉ် မှတော့ မန်ချက်စတာစီးတီးက လစ်ဗာပူးလ်ကို အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါပြီ။ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပြီး အပြန်အလှန် သွင်းဂိုးတွေနဲ့ မန်ချက်စတာစီးတီးက ၃-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

လစ်ဗာပူးလ် ကတော့ မန်စီးတီးရဲ့ အကြိမ်ကြိမ် ဦးဆောင်မှုတွေကို လိုက်လံ ချေပနိုင်ခဲ့ပေမယ့်လည်း နောက်ဆုံး တစ်ကြိမ် မှာတော့ လက်လျှော့ခဲ့ရပါတယ်။ မန်စီးတီး အတွက် ဂိုးတွေ ကိုတော့ အာလင်း ဟာလန်း၊ ရီယက်ဒ် မာရက်ဇ်၊ နေသန် အေခီ တို့က သွင်းယူပေးခဲ့ပြီး လစ်ဗာပူးလ် အတွက် ကိုတော့ ဖေဘီယို ကာဗယ်လ်ဟိုနဲ့ မိုဟာမက် ဆာလာ တို့က သွင်းယူပေးခဲ့ပါတယ်။

ပွဲက တော်တော်လေးမြိုင်ဆိုင်ခဲ့ပြီး အနိုင်ရဖို့ အတွက် နှစ်သင်းစလုံး အားကုန်ထုတ်ခဲ့ကြလို့ ဒုတိယပိုင်းမှာ အနည်းငယ် ကြမ်းတမ်းခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးက ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့ပြီး ဦးဆောင်ဂိုးကို တတိယအကြိမ် ရရှိပြီးနောက် ပွဲကို ထိန်းချုပ်ကစားသွားခဲ့ပြီး လစ်ဗာပူးလ်တို့ အစွမ်းကုန် ကြိုးစားပေမယ့် အရာမထင်တော့ပါဘူး။ ဂွာဒီယိုလာ တို့ အုပ်စု ကတော့ ပရီးမီးယားလိဂ် အဓိက ပြိုင်ဘက် လစ်ဗာပူးလ်ကို ဖလားပြိုင်ပွဲ တစ်ခု ကနေ စောစောစီးစီးပဲ ဖြုတ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။ 


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်