နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဆင်နယ်ရဲ့ ချန်ပီယံ အိမ်မက်ကို ယူနိုက်တက်တို့ တားဆီးသွားနိုင်မလား | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner

မန်ချက်စတာယူနိုက်တက် – အာဆင်နယ်

ဒီတစ်ပတ် တနင်္ဂနွေမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲသာ ကစားဖို့ ရှိပြီး မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ အိုးထရက်ဖို့ဒ်မှာ ကစားကြမှာ ဖြစ်ပါတယ်။ အသင်းက ဘယ်လောက်ပဲ အခြေအနေ ဆိုးနေပါစေ အိုးထရက်ဖို့ဒ်မှာ ဆိုရင် အာဆင်နယ်ကို အမြဲတမ်းလိုလို ဒုက္ခပေးတတ်တဲ့ ယူနိုက်တက်တို့ ဘာတွေ လုပ်ပြနိုင်ဦးမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။ 

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် မှာ လက်ကျန် ပွဲစဉ် ၃ ပွဲ ကစားဖို့ ကျန်ရှိနေပြီး အာဆင်နယ်၊ နယူးကာဆယ်၊ ဘရိုက်တန် တို့နဲ့ ဖြစ်လို့ တစ်ပွဲမှ မချောင်ပါဘူး။ ဒါပေမယ့် နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကတော့ ၉ မှတ် ယူမယ်လို့ ကြုံးဝါးထားပြီး လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မလား ဆိုတာ ဒီပွဲက စကြည့်ရပါမယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲမှာ တန်းဆင်းသွားရတဲ့ ရှက်ဖီးလ်ယူနိုက်တက် တစ်သင်းတည်းကို အနိုင်ရခဲ့ပြီး ဒါတောင် အသည်းအသန် ကန်လိုက်ရတာ ဖြစ်ပါတယ်။ အသင်းလိုက် ကစားပုံ၊ တစ်ဦးချင်း ခြေစွမ်း၊ စိတ်ဓာတ်ပိုင်း ဆိုင်ရာ နေရာစုံမှာ နိမ့်ပါးနေတဲ့ ယူနိုက်တက်တို့ လက်တလော ဗဟိုခံစစ်မှူးစစ်စစ် ဆိုလို့ အီဗန့်စ် တစ်ဦးတည်းသာ ရှိနေပါတယ်။ ဒီအခြေအနေနဲ့ တစ်ဖက်မှာ ချန်ပီယံဆု အတွက် ဆာလောင်မှု အပြည့်နဲ့ ပွဲတိုင်းကို ကျော်ဖြတ်နေတဲ့ အာဆင်နယ်ကို ဘယ်လို တားဆီးမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မီခဲလ် အာတေးတားရဲ့ အာဆင်နယ် ကတော့ မနှစ်ကနဲ့ မတူပဲ အရေးကြီးတဲ့ အချိန်မှာ တည်ငြိမ်မှု အပြည့် ရှိနေတာ တွေ့ရပါတယ်။ အက်စတွန်ဗီလာကို ရှုံးပြီးနောက် အာဆင်နယ်တို့ လစ်ဗာပူးလ်နဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်း ကနေ သွေဖယ်သွားပြီ ထင်ခဲ့ရပေမယ့် ခပ်မြန်မြန်ပဲ ပြန်လာနိုင်ခဲ့ပါတယ်။ ဝုဗ်၊ ချဲလ်ဆီး၊ စပါး၊ ဘုန်းမောက် တို့ကို ဆက်တိုက် အနိုင်ယူခဲ့ပြီး တိုက်စစ်က ၁၃ ဂိုး ရခဲ့ပြီး ပေးဂိုး ကလည်း စပါးနဲ့ ပွဲက ၂ ဂိုးသာ ရှိခဲ့ပါတယ်။ လက်ရှိ ခြေစွမ်းအရ ဆိုရင် အာဆင်နယ်က တော်တော်လေး အားရစရာ ကောင်းနေပြီး အသင်းလိုက်ရော၊ တစ်ဦးချင်းရော ခြေစွမ်းပြနေပါတယ်။ အိုးထရက်ဖို့ဒ် ရောက်တိုင်း တိုင်ပတ်တတ်တဲ့ အာဆင်နယ်တို့ ဒီတစ်ကြိမ်မှာ အကောင်းဆုံး ကျော်ဖြတ်နိုင်မလား ဆိုတာ စိတ်ဝင်စားစရာပါ။ 

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ယူနိုက်တက် ဘက်က ကစားသမား တော်တော်များများ လွဲချော်ဖို့ ရှိပြီး ရက်ရှ်ဖို့ဒ်၊ ဘရူနို ဖာနန်ဒက်စ်နဲ့ လီဆန်ဒရို မာတီနက်ဇ်တို့ ပါဝင်လာနိုင်တယ်လို့ သတင်းတွေ ထွက်နေပေမယ့် မသေချာသေးပါဘူး။ အခြား ကစားသမားတွေ အဖြစ် မက်ဂွိုင်းယား၊ ရှော၊ မေဆန်မောင့်၊ ဗာရန်း၊ မလာစီယာ၊ လင်ဒီလော့ဖ်၊ ကမ်ဘွယ်လား တို့ လွဲချော်ဖို့ ရှိနေပါတယ်။

အာဆင်နယ် ဘက်မှာတော့ တင်ဘာ တစ်ဦးထဲ လွဲချော်မှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

အက်စတွန်ဗီလာကို ရှုံးပြီးနောက် အာဆင်နယ်တို့ လစ်ဗာပူးလ်နဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်း ကနေ သွေဖယ်သွားပြီ ထင်ခဲ့ရပေမယ့် ခပ်မြန်မြန်ပဲ ပြန်လာနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် အနိုင်ရထားတဲ့ အာဆင်နယ်

မန်ချက်စတာယူနိုက်တက် – အိုနာနာ၊ အီဗန့်စ်၊ ကတ်စ်မဲရိုး၊ ဘစ်ဆာခါ၊ ဒါးလော့တ်၊ မိန်းနူး၊ မက်တော်မီနေး၊ ဖာနန်ဒက်စ်၊ ဂါနာချို၊ ရှက်ရှ်ဖို့ဒ်၊ ဟွိုက်ဂျ်လန်း

အာဆင်နယ် – ရာယာ၊ ဝှိုက်၊ ဆလီဘာ၊ ဂါဘရီရယ်၊ တီမီယာဆု၊ အိုဒီဂတ်၊ ရိုက်စ်၊ ပါတေး၊ ဆာကာ၊ ဟာဗက်ဇ်၊ ထရော့ဆက်ဒ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၃၁ ကြိမ် တွေ့ဆုံခဲ့ရာမှာမှာ ယူနိုက်တက်က ၁၄ ကြိမ် နိုင်၊ အာဆင်နယ်က ၁၀ ကြိမ် နိုင်ပြီး ၇ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာ ယူနိုက်တက်က ၂ ကြိမ် နိုင်ပြီး အာဆင်နယ်က ၃ ကြိမ် နိုင်ခဲ့ပါတယ်။ အိုးထရက်ဖို့ဒ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ယူနိုက်တက်က ယူနိုက်တက်က ၂ ကြိမ်နိုင်၊ ၁ ကြိမ် သရေကျပြီး အာဆင်နယ်က ၁ ကြိမ် အနိုင်ရခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ယူနိုက်တက် နိုင်ရင် ၆.၂၀ ဆ၊ အာဆင်နယ် နိုင်ရင် ၁.၃၅ ဆ၊ သရေ ဆိုရင်တော့ ၄.၉၅ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အာဆင်နယ်က တစ်လုံး တစ်ဝက်ရှုံး၊ တစ်လုံး အရှုံး၊ ၂ လုံး တစ်ဝက်စားကြေးတွေ ပေါက်နေပြီး ဂိုးပေါင်း ကတော့ နှစ်သင်းပေါင်း ၄ လုံးမှ အပြည့်ရမယ့် အခြေအနေပါ။ အိုးထရက်ဖို့ဒ်မှာ ကစားမှာ ဖြစ်ပေမယ့် လက်ရှိ အခြေအနေတွေကြောင့် အခုလိုမျိုး အာဆင်နယ် ဘက်က ကြေးခပ်ပြင်းပြင်း ဖွင့်ထားတယ် ထင်ပါတယ်။ အစဉ်အလာကို မကြည့်ရင်တော့ လက်ရှိ ခြေစွမ်းအရ အာဆင်နယ်ဟာ ယူနိုက်တက်ကို ဂိုးပြတ် အနိုင်ယူနိုင်စွမ်း အပြည့်ရှိနေပါတယ်။ အာဆင်နယ် ဘက်မှာပဲ ရပ်တည်ထားတာက စိတ်ချရတဲ့ အခြေအနေပါ။ ဂိုးပြတ် မပြတ်ပဲ စောင့်ကြည့်ရပါမယ်။

 

ခန့်မှန်းရလဒ်

မန်ချက်စတာယူနိုက်တက် ၁-၃ အာဆင်နယ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်