နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘုန်းမောက် အိမ်ကွင်းမှာ နောက်ဆုံး ၂ ပွဲဆက် ရလဒ်မကောင်းမှုကို နယူးကာဆယ်တို့ ချေဖျက်နိုင်မလား | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဘုန်းမောက် – နယူးကာဆယ်

၂၀၂၄/၂၅ စူပါဆန်းဒေးမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၂) ရဲ့ ပွဲစဉ် ၃ ပွဲ ကစားဖို့ ရှိနေပြီးတော့ ဘုန်းမောက်နဲ့ နယူးကာဆယ် ပွဲစဉ် ကတော့ ည ၇ နာရီခွဲမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ 

အဖွင့်ပွဲမှာ နော့တင်ဟမ်ဖောရက်စ်ကို နောက်ကျဂိုးနဲ့ သရေရအောင် အသည်းအသန် ကစားခဲ့ရတဲ့ ဘုန်းမောက် ကတော့ ဒီတစ်ပတ်လည်း ခက်ခဲဦးမှာပါ။ လက်ရှိမှာ ရမှတ် ၁ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေတဲ့ ဘုန်းမောက်က မနှစ်က ခြေစွမ်းနဲ့ သိပ်တော့ မကွာဟသွားတာ တွေ့ရပါတယ်။ အိုင်ရာအိုလာရဲ့ အသင်းက သူတို့ရဲ့ တောင့်တင်းတဲ့ လူစာရင်းကိုမှ ဒီရာသီမှာ ကစားသမားကောင်း တချို့ကို ထပ်ပေါင်းထည့်ထားတာ တွေ့ရပါတယ်။ အသင်းလိုက် ကစားပုံ မဆိုးလှပဲ တောင်ပံတွေ ကတော့ အားနည်းနေဆဲ ဖြစ်ပါတယ်။ 

နယူးကာဆယ် ကတော့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ တန်းတက် ဆောက်သမ်တန်ကို အသည်းအသန် ကစားလိုက်ရပေမယ့် အနိုင် ၃ မှတ်တော့ ရအောင် ယူနိုင်ခဲ့ပါတယ်။ နောက်ခံလူ ဖေဘီယန် ရှား စောစောစီးစီး အနီကတ် ပြသခံခဲ့ရပေမယ့် ပထမပိုင်း ပြီးခါနီးမှာ ဂျိုးလင်တန် သွင်းယူတဲ့ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ်ဟာ ဒီနွေရာသီမှာတော့ ကစားသမား အနည်းငယ်သာ ခေါ်ယူ အားဖြည့်ထားပြီး မနှစ်က လူစာရင်း အတိုင်းပဲ အပြောင်းအလဲ သိပ်မရှိတာ တွေ့ရပါတယ်။ ဆောက်သမ်တန်ကို အဘက်ဘက်မှာ နိမ့်ပြီး ကစားခဲ့ရပေမယ့် ဂိုးပေါက် ကန်ချက် ၃ ကြိမ်၊ ဂိုးပေါက် တည့်မှု ၁ ကြိမ် ကနေ သွင်းဂိုး ၁ ဂိုးနဲ့ အတူ ၃ မှတ် အပြည့် ယူနိုင်ခဲ့တာ ကတော့ ချီးကျူးစရာပါပဲ။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကို ဘုန်းမောက် ဘက်က ဒေးဗစ် ဘရွတ်ခ်၊ အူနဲလ်၊ တိုင်လာ အဒမ်စ် တို့ လွဲချော်ဖို့ ရှိနေပြီး နယူးကာဆယ် ဘက်မှာတော့ ဖေဘီယန် ရှား ပွဲပယ် ပြစ်ဒဏ်ထိထားပြီးတော့ ကော်လမ် ဝီလ်ဆင်၊ လက်ဆဲလက်စ်၊ မိုင်လီနဲ့ ဘော့တ်မန်း တို့ကလည်း ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

ဘုန်းမောက် – နီတို၊ စမစ်၊ ဇဘာညီ၊ ဟိုင်ဆန်၊ ကာကက်ဇ်၊ ကွတ်ခ်၊ စကော့တ်၊ အိုရတ်တာရာ၊ တာဗာနီယာ၊ ဆင်နီစတာရာ၊ ဆီမီညို

နယူးကာဆယ် – ပုပ်၊ လစ်ဗရာမန်တို၊ ကယ်လီ၊ ဘန်း၊ ဟောလ်၊ လောင်းစတပ်ဖ်၊ ဂီမာရေးစ်၊ ဂျိုးလင်တန်၊ မာဖီ၊ အိဆက်ခ်၊ ဂေါ်ဒွန်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၃ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဘုန်းမောက်က ၃ ကြိမ်နိုင်၊ နယူးကာဆယ်က ၅ ကြိမ် နိုင်ပြီး ၅ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ကြိမ် တွေ့ဆုံမှု မှာတော့ ၂ ကြိမ် သရေကျပြီး ဘုန်းမောက်က ၁ ကြိမ် အနိုင်ရထားပါတယ်။ နယူးကာဆယ်ဟာ ဘုန်းမောက် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး နှစ်ကြိမ်စလုံး အနိုင်မရထားပါဘူး။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဘုန်းမောက် နိုင်ရင် ၂.၈၁ ဆ နီးပါး ရမှာ ဖြစ်ပြီး နယူးကာဆယ် နိုင်ရင်တော့ ၂.၂၀ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၄၃ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း နယူးကာဆယ် ဘက်ကနေ ခပ်ပါးပါး ကြေးဖွင့်ပေးထားပြီး ဂိုးပေါင်း ကတော့ နှစ်သင်းပေါင်း ၃ လုံး သွင်းမှ ပျော်ရွှင်ရမှာပါ။ ဘုန်းမောက်ဟာ နောက်ပိုင်း နှစ်တွေမှာ ပုံစံကောင်းရလာပြီး အန္တရာယ်များတဲ့ အသင်းပါ။ အဖွင့်ပွဲမှာ သရေကျခဲ့ပေမယ့် ခြေစွမ်းပိုင်း ကတော့ အဆိုးရွားကြီး မဟုတ်ခဲ့ပါဘူး။ နယူးကာဆယ်တို့ ဘုန်းမောက် အိမ်ကွင်းမှာ နောက်ဆုံး နှစ်ပွဲဆက် ရလဒ်မကောင်းခဲ့မှုကို ချေဖျက်နိုင်မလား ဆိုတာ စောင့်ကြည့်ချင်ပါတယ်။ နယူးကာဆယ်ဟာ ဘုန်းမောက်ထက် လက်ရှိမှာ အဘက်ဘက်က သာလွန်နေပါတယ်။ နောက်ပြီး နိုင်ပွဲ တစ်ပွဲကို ဘယ်လို ရှာရမလဲ ဆိုတာ ပါးနပ်လာတဲ့ ငှက်ကြားတွေ ဘက်မှာပဲ ရပ်တည်ထားချင်ပါတယ်။

ခန့်မှန်းရလဒ်

ဘုန်းမောက် ၀-၂ နယူးကာဆယ် 

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်