နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘရိုက်တန်ရဲ့ ငယ်နိုင် ဖြစ်သွားတဲ့ လစ်ဗာပူးလ်၊ ယူနိုက်တက်က ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရောက်နေပြီလို့ ဖွင့်ဟလာတဲ့ ကက်စ်မဲရိုး (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ဘရိုက်တန်ရဲ့ ငယ်နိုင်လို ဖြစ်သွားတဲ့ လစ်ဗာပူးလ်၊ ယူနိုက်တက်က ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရောက်နေပြီလို့ ဖွင့်ဟလာတဲ့ ကက်စ်မဲရိုး စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၃၀ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘရိုက်တန်ရဲ့ ငယ်နိုင်လို ဖြစ်သွားတဲ့ လစ်ဗာပူးလ်

လစ်ဗာပူးလ် ကတော့ အက်ဖ်အေဖလား ပွဲမှာ ဘရိုက်တန်ကို ထပ်မံ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ရပြန်ပါပြီ။ ပရီးမီးယားလိဂ်မှာ တွေ့တုန်းက ၃ ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ လစ်ဗာပူးလ်ဟာ အီလီယော့တ်ရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ၁၀ မိနစ် အကြာမှာပဲ ချေပဂိုး ပြန်ပေးလိုက်ရပြီး ပွဲပြီးခါနီးမှာ အနိုင်ဂိုး ပေးလိုက်ရတာပါ။ 

ဘရိုက်တန် အတွက် လီဝစ် ဒန့်ခ်က ချေပဂိုး သွင်းပေးပြီး ဂျပန်ကြယ်ပွင့် ကာအိုရူ မီတိုမာက အနိုင်ဂိုးကို လှလှပပ သွင်းယူပေးခဲ့တာပါ။ ဘရိုက်တန်နဲ့ တွေ့တိုင်း ရလဒ်တွေ ဆိုးရွားနေတဲ့ လစ်ဗာပူးလ်တို့ ဒီပွဲကိုလည်း အနိုင်မယူနိုင်ခဲ့ပါဘူး။ ယာဂင် ကလော့ပ် အတွက် နောက်ထပ် မျက်နှာပျက်စရာ ပွဲတစ်ပွဲ ဖြစ်ခဲ့ပြီး သူ့အသင်းရဲ့ အခြေအနေက တော်တော်လေးကို ဆိုးရွားနေတယ် ဆိုတာ မြင်သာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီတုန်းက ဆုဖလား ၄ လုံး ရယူနိုင်ဖို့ အထိ နီးစပ်ခဲ့တဲ့ လစ်ဗာပူးလ်က ဒီရာသီမှာ ခရာဘောင်နဲ့ အက်ဖ်အေဖလား‌ တို့ကနေ ထွက်ခဲ့ရပြီး ပရီးမီးယားလိဂ် မှာလည်း အဆင့် ၉ နေရာ အထိကို ရောက်ရှိနေပါတယ်။ ချန်ပီယံလိဂ် မှာလည်း ရီးရဲလ်မက်ဒရစ်လို အအောင်မြင်ဆုံး အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ လစ်ဗာပူးလ်တို့ ဒီရာသီမှာ ဆုဖလား လက်မဲ့ ဖြစ်မယ့်ကိန်း ဆိုက်နေတယ် ဆိုရင်လည်း မမှားပါဘူး။

လာလီဂါ
ရီးယဲလ် ဘက်တစ်
ဘာစီလိုနာ
1X2 သရေ @ 3.90
ဘာစီလိုနာ အာရှ ဟန်းဒီးကပ် -1.00 @ 2.14
ဂိုးအောက် 3.00 @ 1.62
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အာနိုးလ်ကို အိပ်မက်ဆိုးတွေ ပေးခဲ့တဲ့ မီတိုမာ

ဘရိုက်တန် တောင်ပံ ကစားသမား ကာအိုရူ မီတိုမာဟာ လစ်ဗာပူးလ်နဲ့ ပွဲမှာ အသင်း အတွက် အရေးပါတဲ့ အနိုင်ဂိုးကို လှလှပပ သွင်းယူပေးခဲ့ပါတယ်။ ဂျပန်ကြယ်ပွင့် မီတိုမာက တောက်လျှောက် ခြေစွမ်းပြနေတာ ဖြစ်ပြီး သူ့ရဲ့ တဟုန်ထိုး တိုးတက်လာမှုက မယုံကြည်နိုင်စရာ ကောင်းအောင် ရှိနေခဲ့ပြီး မနေ့က ပွဲမှာ ဆိုရင် လစ်ဗာပူးလ် နောက်ခံလူ အလက်ဇန္ဒား အာနိုးလ်ကို ကောင်းကောင်း အနိုင်ယူပြနိုင်ခဲ့ပါတယ်။ 

မီတိုမာဟာ ဒီရာသီ လစ်ဗာပူးလ်နဲ့ တွေ့ဆုံခဲ့တဲ့ ပွဲတွေမှာ Dribble ၁၀ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီး အဲဒီထဲက ၅ ကြိမ် ကတော့ အာနိုးလ်နဲ့ အတွေ့မှာ အနိုင်ယူပြနိုင်ခဲ့တာပါ။ မီတိုမာကို အာနိုးလ် တစ်ယောက် ဘယ်လိုမှ မထိန်းနိုင်ခဲ့လို့ လူစားလဲခဲ့ရတဲ့ အထိ ဖြစ်ခဲ့ရကာ ပွဲပြီးခါနီးမှာတော့ မီတိုမာက အသင်းဖော်ရဲ့ ဖန်တီးပေးမှု ကနေ ဘောလုံးကို ၂ ချက်ဆင့် ထိန်းပြီး လှပတဲ့ မြေမကျ ကန်သွင်းချက်နဲ့ ဂိုးရယူနိုင်ခဲ့ပါတယ်။ 

ဘရိုက်တန် အတွက် နောက်ဆုံး ၁၁ ပွဲမှာ မီတိုမာက ၆ ဂိုးသွင်းကာ ၂ ကြိမ် ဖန်တီးပေးနိုင်တဲ့ အထိ ခြေစွမ်းပြနေပါတယ်။ ဘရိုက်တန်က သူ့အတွက် ဒေါ်လာ ၃ သန်းသာ ပေးချေခဲ့ရပြီး လက်ရှိမှာတော့ မီတိုမာရဲ့ ခြေစွမ်းကြောင့် စျေးကွက် ပေါက်စျေးက အများကြီး မြင့်တက်နေပြီ ဖြစ်ကာ အသင်း အတွက် အကျိုးအမြတ် များစွာ ရနေပြီလည်း ဖြစ်ပါတယ်။ 


ယူနိုက်တက်က ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရောက်နေပြီလို့ ကက်စ်မဲရိုး ဖွင့်ဟ

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် အတွက် ခြေစွမ်းပြ ကစားပေးနေတဲ့ ကွင်းလယ်လူ ကက်စ်မဲရိုးက နည်းပြ အဲရစ်ခ် တန်ဟက်ဂ် လက်အောက်မှာ အသင်းက လမ်းကြောင်းမှန် ပေါ်ကို ရောက်ရှိနေပြီလို့ ပြောဆိုလိုက်ပါတယ်။ ရက်ဒင်းနဲ့ ပွဲမှာ ယူနိုက်တက် အတွက်၂ ဂိုး သွင်းယူပေးခဲ့တဲ့ ဘရာဇီးလ်သားက ဆုဖလား ရယူနိုင်မယ်လို့လည်း မျှော်လင့်နေပါတယ်။ 

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် အတွက် ခြေစွမ်းပြ ကစားပေးနေတဲ့ ကွင်းလယ်လူ ကက်စ်မဲရိုးက နည်းပြ အဲရစ်ခ် တန်ဟက်ဂ် လက်အောက်မှာ အသင်းက လမ်းကြောင်းမှန် ပေါ်ကို ရောက်ရှိနေပြီလို့ ပြောဆိုလိုက်ပါတယ်။
ယူနိုက်တက်က လမ်းကြောင်းမှန်ပေါ် ရောက်လာပြီလို့ ဆိုလိုက်တဲ့ ကက်စ်မဲရိုး

“ ကျနော်တို့ အသင်းက တည်ဆောက်နေဆဲ ကာလမှာပဲ ရှိပါသေးတယ်၊ ဒါကြောင့် ပြိုင်ဘက်တွေရဲ့ တောင့်တင်းမှုကို လေးစားရမှာ ဖြစ်ပြီး ကျနော် တို့မှာ နည်းပြကောင်း တစ်ဦး ပိုင်ဆိုင်ထားပါတယ်၊ ကစားသမားတွေ ကလည်း ကောင်းမွန်နေပါတယ်၊ ယူနိုက်တက်က ကြီးကျယ် ခမ်းနားတဲ့ အသင်း ဖြစ်ပြီး ကျနော့် အမြင်အရတော့ ဆုဖလားတွေကို မျှော်လင့်နိုင်ပါပြီ၊ အသင်းက တဆင့်ချင်းစီ သွားနေပါတယ်”

“ အများကြီးလည်း တိုးတက်ဖို့ လိုအပ်နေသေးပြီး လမ်းကြောင်းမှန်တခုပေါ် အသင်းက ရောက်ရှိနေပါပြီ၊ ဒါက ဆုဖလားတွေ ရယူနိုင်ဖို့ ပါပဲ၊ ဒါပေမယ့် လက်ရှိပုံစံကို ထိန်းသိမ်းထားဖို့တော့ လိုအပ်ပါတယ်၊ အနာဂတ်မှာ ဆုဖလားတွေ ဆွတ်ခူးဖို့ ရည်မှန်းထားပြီး ကျစ်လစ် ခိုင်မာတဲ့ ဖောင်ဒေးရှင်းကို တည်ဆောက်ရမှာပါ” လို့ ကက်စ်မဲရိုးက ပြောဆိုခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်