နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုက်စစ် ပြသနာကို မဖြေရှင်းနိုင်သေးလို့ သရေ ၁ မှတ်စီ ခွဲယူခဲ့ရပြန်တဲ့ ဘရိုက်တန်နဲ့ လိဒ်စ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

countdown banner

ဘရိုက်တန် ၀-၀ လိဒ်စ်ယူနိုက်တက

စနေနေ့ည ပရီးမီးယားလိဂ်ရဲ့ နောက်ကျ ပွဲစဉ် တစ်ပွဲ အဖြစ် ဘရိုက်တန်နဲ့ လိဒ်စ်ယူနိုက်တက်တို့ ယှဉ်ပြိုင် ကစားခဲ့ကြပြီး နှစ်သင်းလုံး တိုက်စစ် အားနည်းချက်တွေကြောင့် သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ကြရပါတယ်။ ထူးခြားချက်က ပွဲစဉ် ၁၃ အပြီးမှာ နှစ်သင်းလုံး သရေပွဲ ၆ ပွဲ အထိ ရရှိထားခဲ့လို့ ခရစ္စတယ်ပဲလေ့စ် ပြီးရင် ဒီနှစ် ပရီးမီးယားလိဂ်ရဲ့ သရေပွဲ အများဆုံး အသင်းတွေလည်း ဖြစ်လာခဲ့ပါတယ်။


ပွဲစဉ် အကျဉ်း

ဒီနေ့ပွဲမှာ ဘရိုက်တန်ရော လိဒ်စ်ပါ အဓိက ကစားသမားတွေနဲ့ အတောင့်တင်းဆုံး ပွဲထွက်လာခဲ့ကြပေမယ့် ခြေစွမ်းပိုင်း ကတော့ လုံးဝ အားရစရာ မရှိခဲ့ကြပါဘူး။ပရီးမီးယားလိဂ် နိုင်ပွဲ ပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ဖို့ ပွဲချိန်ပြည့်တော့ အားစိုက် ကစားသွားခဲ့ကြတာ တွေ့ရပါတယ်။ ဘရိုက်တန်က ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုခဲ့သလို လိဒ်စ် ကတော့ ထုံးစံ အတိုင်း ၄-၁-၄-၁ နဲ့ပဲ ပွဲထွက်လာခဲ့တဲ့ အတွက် ကွင်းလယ် မှာပဲ ဘောလုံးက အပျက်များနေပြီး ဂိုးပေါက်ကို ထိရောက်တဲ့ ခြိမ်းခြောက်မှုတွ ပြုလုပ်နိုင်ခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။ အိမ်ရှင် ဘရိုက်တန် ကတော့ ကစားအား အနည်းငယ် ပိုကောင်းခဲ့တာ တွေ့ရပြီး ဘောလုံး ပိုင်ဆိုင်မှု၊ ဂိုးပေါက် ကန်ချက်တွေ မှာလည်း အသာရခဲ့ပေမယ့် ဂိုးပေါက်တည့်မှု မှာတော့ ၄ ကြိမ်စီနဲ့ တူညီခဲ့ပါတယ်။ ပြိုင်ဆိုင်မှု မပြင်းထန်ခဲ့သလို စိတ်ဝင်စားဖို့လည်း မကောင်းခဲ့ပါဘူး။ တစ်ဖက်က ပြန်ကြည့်ရင်တော့ ဘရိုက်တန် တောင်ပံနဲ့ ကွင်းလယ်က လမ့်ပ်တေး၊ ထရော့ဒ်ဆက်ဒ်နဲ့ ဘစ်ဆူးမားတို့ ကစားပုံ ကောင်းခဲ့သလို လိဒ်စ်ရဲ့ ကွင်းလယ်နဲ့ ခံစစ်က ဖော်ရှော၊ ကယ်ဗင် ဖီးလစ်၊ ကူပါး၊ ယော်ယန်းတေးနဲ့ ဒါးလက်စ်တို့ အမှားနည်းခဲ့လို့ သွင်းဂိုးတွေ မမြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ မက်စ်လေယာနဲ့ ဆန်းချက်ဇ်တို့ လက်စွမ်းပြခဲ့ကြပြီး နှစ်သင်းလုံး ရခဲ့တဲ့ အပိုင်အခွင့်အရေး ၄ ကြိမ်စီကို အကောင်းဆုံး ကာကွယ်သွားခဲ့တာ တွေ့ရပါတယ်။


ပွဲပြီး သုံးသပ်ချက်

ဘရိုက်တန်ဟာ ပရီးမီးယားလိဂ် အပါအဝင် နောက်ဆုံး ၉ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားခဲ့သလို လိဒ်စ် ကလည်း ပြိုင်ပွဲစုံ ၇ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိထားတာ တွေ့ရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေတဲ့ ဘရိုက်တန်

နှစ်သင်းလုံးရဲ့ တိုက်စစ် ဒီလောက် အထိ အားနည်းနေ မှာတော့ ဂိုမရှိ သရေ ရလဒ် ထွက်ပေါ်ခဲ့တာ မထူးဆန်းပါဘူး။ ဘရိုက်တန်ရဲ့ တောင်ပံ ကစားသမားတွေ လုပ်အားနှုန်း ကောင်းခဲ့ပေမယ့် တိုက်စစ်က မူပေးရော၊ လူစားဝင်ခဲ့တဲ့ လိုကာဒီယာပါ အခွင့်အရေးတွေ ဖြန်းတီးခဲ့ကြပါတယ်။ လိဒ်စ် ကတော့ ခံစစ်နဲ့ ကွင်းလယ်က တာဝန်ကျေခဲ့ပေမယ့် ဒန်ဂျိမ်းစ် ဦးဆောင်တဲ့ တိုက်စစ်က အခုထိ အဆိပ် မရှိသေးသလို အားကိုးရတဲ့ ရာဖင်ညာနဲ့ ဂျက်ဟာရစ်ဆင် တို့ကတော့ သာမန် ခြေစွမ်း အောက်ကို ရောက်နေခဲ့တာ ဖြစ်ပါတယ်။ အမှတ် လုံးဝ မရတာထက် စာရင် ၁ မှတ် ရတာက မဆိုးလှဘူး ဆိုပေမယ့် ရေရှည်မှာ အဆင့် ရပ်တည်ချက်မှု ထိခိုက်လာနိုင်တာကြောင့် နှစ်သင်းလုံး ပရီးမီးယားလိဂ် နိုင်ပွဲ ပြန်ရှာနိုင်ဖို့ လိုအပ်နေခဲ့ပါပြီ။ ဘရိုက်တန်ဟာ ပရီးမီးယားလိဂ် အပါအဝင် နောက်ဆုံး ၉ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားခဲ့သလို လိဒ်စ် ကလည်း ပြိုင်ပွဲစုံ ၇ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိထားတာ တွေ့ရပါတယ်။ ဘာပဲပြောပြော ဘရိုက်တန် အနေနဲ့ အမှတ်ပေးဇယား အဆင့် ၁၀ မကျော်သေးလို့ စိုးရိမ်စရာ သိပ်မရှိပေမယ့် လိဒ်စ် ကတော့ တန်းဆင်းဇုန်ရဲ့ အထက်မှာ ကပ်လျက် ရပ်တည်နေလို့ မဖြစ်နေ ပြင်ဆင်မှုတွေ လုပ်ရတော့မယ့် အခြေအနေ ဖြစ်ပါတယ်။ အခန့်မသင့်ရင် တန်းပါ ပြန်ဆင်းသွားရနိုင်လို့ မာဆယ်လို ဘီရဲယ်ဆာ အနေနဲ့ ရာသီဝက် မရောက်ခင် အခုထဲက အဖြေ ရှာဖို့သင့်နေပြီ လို့ပဲ ဆိုချင်ပါတယ်။ ထပ်ပြောရရင်တော့ ခေါင်းမာတာကို လျှော့သင့်နေပါပြီ။


လာမယ့် ပွဲစဉ်များ

ဘရိုက်တန်တို့ လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ဝက်စ်ဟမ်းနဲ့ ကစားဖို့ ရှိပြီး လိဒ်စ်ယူနိုက်တက် ကတော့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားရဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်