နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နိုင်ပွဲ မဖြစ်မနေ ပြန်ရှာဖို့ လိုအပ်နေတဲ့ ဘရန့်ဖို့ဒ်ကို ယုံကြည်ထားချင်တယ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner

ဘရန့်ဖို့ဒ် – နော့တင်ဟမ်ဖောရက်စ် 

ပရီးမီးယားလိဂ် ပွဲစဉ် (၂၁) ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် ဘရန့်ဖို့ဒ်နဲ့ နော့တင်ဟမ်ဖောရက်စ်တို့ ဂျီတက်ချ်ကွန်မြူနတီကွင်းမှာ ကစားကြမှာ ဖြစ်ပါတယ်။ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေတဲ့ ဘရန့်ဖို့ဒ်တို့ နိုင်ပွဲတွေ ပြန်လည် ရှာဖွေထားနိုင်တဲ့ နော့တင်ဟမ်ဖောရက်စ်ကို အသာရအောင် စွမ်းဆောင်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၈ ပွဲမှာ လူတန်တောင်း တစ်သင်းကိုသာ အနိုင်ရထားပြီး ကျန်ပွဲအားလုံး ရှုံးနိမ့်ထားပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ ဆိုရင်လည်း ၈ ပွဲ အထိ ရှုံးနိမ့်ထားတာ ဖြစ်လို့ သောမက်စ် ဖရန့်ခ်ရဲ့ အသင်းက ခြေစွမ်းပိုင်း တော်တော်လေး စိတ်ပျက်စရာ ကောင်းနေပါတယ်။ ဒီရာသီမှာ ခြေစွမ်းပိုင်း ဆိုးရွားနေတဲ့ ဘရန့်ဖို့ဒ်ဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရောက်ရှိနေပြီး တန်းဆင်းဇုန်ထဲက အသင်းနဲ့လည်း ၃ မှတ်ပဲ ကွာဟနေတာ ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်ရဲ့ အထက်မှာ ၁ မှတ် အသာနဲ့ အဆင့် ၁၅ နေရာမှာ ရှိနေတဲ့ နော့တင်ဟမ်ဖောရက်စ် ကတော့ နောက်ပိုင်း ပွဲစဉ်တွေမှာ နိုင်ပွဲတွေ ပြန်ရနေတာ တွေ့ရပါတယ်။ ပရီးမီးယားလိဂ်မှာ အသင်းကြီး ၂ သင်း ဖြစ်တဲ့ နယူးကာဆယ်နဲ့ မန်ချက်စတာယူနိုက်တက်ကို အနိုင်ရပြီးနောက် အက်ဖ်အေဖလား မှာလည်း ဘလက်ပူးလ်ကို နှစ်ကျော့ကစားပြီး နောက်တစ်ဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပါတယ်။


နှစ်ဖက်အသင်း သတင်းများ

ဘရန့်ဖို့ဒ် ဘက်မှာ ဝစ်ဆာ၊ အွန်ရီကာ၊ ကင်မ်ဂျီဆူး၊ ဂေါ်ဒို့စ် တို့ နိုင်ငံတကာပွဲစဉ်တွေ သွားရောက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ဟင်နရီ၊ ချိတ်ဒ်၊ အမ်ဘူအမ်မို တို့ ကတော့ ကျိန်းသေပေါက် လွဲချော်ဖို့ ရှိပြီး ဟစ်ကီ၊ အယား၊ နော့ဂတ်၊ ဘက်ပ်တစ်ဆီ၊ ယန်ဆန် ကတော့ ပါဝင်ကစားဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

ပရီးမီးယားလိဂ်မှာ အသင်းကြီး ၂ သင်း ဖြစ်တဲ့ နယူးကာဆယ်နဲ့ မန်ချက်စတာယူနိုက်တက်ကို အနိုင်ရပြီးနောက် အက်ဖ်အေဖလား မှာလည်း ဘလက်ပူးလ်ကို နှစ်ကျော့ကစားပြီး နောက်တစ်ဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် ရလဒ်ကောင်းထားတဲ့ နော့တင်ဟမ်ဖောရက်စ်

နော့တင်ဟမ်ဖောရက်စ် ဘက်မှာတော့ အော်ရီယာ၊ ဘိုလီ၊ အိုင်နာ၊ ကိုယာတေး၊ ဆန်ဂါရီ၊ နီယာခိတ်တို့ နိုင်ငံပွဲတွေ သွားကစားမှာ ဖြစ်ပါတယ်။ ဖီလစ်ပီ၊ အော်ရီဂီ၊ အီလန်ဂါ တို့ကတော့ ပါဝင်ကစားဖို့ မသေချာသေးလို့ ဒဏ်ရာရနေတဲ့ အေဝန်နီရီ ကတော့ လွဲချော်မှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း 

ဘရန့်ဖို့ဒ် – စတရက်ကိုရှာ၊ မီး၊ အယား၊ ကိုလင်းန်၊ ယန်ဆန်၊ ဂျနဲလ်၊ ဒမ်းစ်ဂတ်၊ ရိုယာဆလက်ဗ်၊ ပေါ်တာ၊ မူပေး၊ ဒါဆေးလ်ဗား

နော့တင်ဟမ်ဖောရက်စ် – တန်နာ၊ မွန်တီရယ်၊ ဝီလီယမ်စ်၊ တာဗာရက်စ်၊ မူရီလို၊ ရိတ်စ်၊ ဒန်နီလို၊ ဂစ်ဘ်ဝှိုက်၊ အိုဒွိုင်း၊ ဒိုမီနီဂတ်ဇ်၊ ဝုဒ်

ပရီးမီးယားလိဂ်
အာဆင်နယ်
ခရစ္စတယ်ပဲလေ့စ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်း အကြား နောက်ဆုံး ၁၇ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဘရန့်ဖို့ဒ်က ၉ ကြိမ်နိုင်၊ နော့တင်ဟမ်ဖောရက်စ်က ၄ ကြိမ်နိုင်ပြီး ၄ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ကြိမ် တွေ့ဆုံမှု မှာတော့ ဘရန့်ဖို့ဒ်က ၁ ကြိမ် နိုင်ပြီး ၂ ကြိမ် သရေကျထားပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ဘရန့်ဖို့ဒ်က ၅ ပွဲစလုံး ရှုံးထားပြီး ဖောရက်စ် ကတော့ ၄ ပွဲနိုင်၊ ၁ ပွဲ ရှုံးထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့ 1X2 မှာ ဘရန့်ဖို့ဒ် နိုင်ရင် ၁.၉၃ ဆ၊ နော့တင်ဟမ်ဖောရက်စ် နိုင်ရင် ၄.၀၀ ဆနဲ့ သရေဆိုရင် ၃ ဆခွဲပါ။ Handicap မှာ ဘရန့်ဖို့ဒ်က သရေ အရှုံးပေးထားပြီး ဂိုးပေါင်းက ၃ လုံးမှ အပြည့်အဝ ပျော်ရွှင်ရဖို့ ရှိနေပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ ဘရန့်ဖို့ဒ်တို့ နော့တင်ဟမ်ဖောရက်စ်ကို အသာရပါ့မလား ဆိုတာ စဉ်းစားစရာတော့ ရှိပါတယ်။ ဒါပေမယ့်လည်း ရလဒ်ဆိုးတွေ အောက်ကနေ ရုန်းထွက်ရမယ့် ဘရန့်ဖို့ဒ်ကို အရဲစွန့် ယုံကြည်ထားချင်ပြီး အပြန်အလှန် သွင်းဂိုးတွေလည်း မျှော်လင့်ထားချင်ပါတယ်။ 


ခန့်မှန်းပွဲပြီးရလဒ်

ဘရန့်ဖို့ဒ် ၂-၁ နော့တင်ဟမ်ဖောရက်စ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်