နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အပြန်အလှန် သွင်းဂိုးတွေနဲ့ အာဆင်နယ်တို့ ကပ်နိုင်သွားဖို့ ရှိတယ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner

ဖူလ်ဟမ် အာဆင်နယ်

တနင်္ဂနွေနေ့ည မှာလည်း ပရီးမီးယားလိဂ် ပွဲကောင်းတွေ ဆက်လက် အားပေးကြရဖို့ ရှိပြီး ည ၈ နာရီခွဲမှာ ၃ ပွဲ ကစားမှာ ဖြစ်ပါတယ်။ ဒီပွဲတွေထဲကမှ ဖူလ်ဟမ်နဲ့ အာဆင်နယ် တို့ရဲ့ လန်ဒန်ဒါဘီ တွေ့ဆုံမှုနဲ့ ပတ်သတ်လို့ ပွဲကြိုသုံးသပ်ချက်တွေကို ဖော်ပြပေးရမယ် ဆိုရင်တော့…

ဖူလ်ဟမ် ကတော့ တန်းတက် အသင်းနဲ့ မတူအောင် ကစားပြနေပြီး သူတို့ အသင်းရဲ့ ကစားပုံက အားရစရာ ကောင်းပါတယ်။ ပရီးမီးယားလိဂ် ဇယား အဆင့် ၇ နေရာမှာ ရှိနေပြီး ဥရောပပြိုင်ပွဲ ဝင်ခွင့် တစ်နေရာစာ မျှော်လင့်ချက်နဲ့ ပွဲတိုင်းကို အာရုံစိုက် ကစားနေတဲ့ အသင်း ဖြစ်ပါတယ်။ မာကို ဆေးလ်ဗားရဲ့ အသင်းက ထိပ်တန်း ကစားသမား များများစားစား မရှိပေမယ့် စုစည်းမှုနဲ့ ကစားပြီး အမှတ်ယူတတ်တဲ့ အသင်း ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ရှုံးပွဲ ၁ ပွဲတည်း ရှိခဲ့ပြီး ကစားပုံ မာကျောတဲ့ ဘရန့်ဖို့ဒ်ကို ဂိုးအပြန်အလှန် သွင်းပြီးမှ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ဇယား အဆင့် ၇ နေရာမှာ ရှိနေပြီး ဥရောပပြိုင်ပွဲ ဝင်ခွင့် တစ်နေရာစာ မျှော်လင့်ချက်နဲ့ ပွဲတိုင်းကို အာရုံစိုက် ကစားနေတဲ့ အသင်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် အနိုင်ရထားတဲ့ အာဆင်နယ်

မီခဲလ် အာတေတာရဲ့ အာဆင်နယ် ကလည်း ရလဒ်တွေ ပြန်ကောင်းနေပြီး ဇယားထိပ်မှာ ၅ မှတ် ဖြတ်ကာ ဆက်လက် ဦးဆောင်နေပါတယ်။ တချို့ ပွဲတွေမှာ လူငယ် ကစားသမားတွေရဲ့ ပေါ့လျော့မှုနဲ့ အမှားတွေ ကနေ တဆင့် ပြိုင်ဘက်ကို စောစောစီးစီး ဦးဆောင်ဂိုးတွေ ပေးနေရပေမယ့် ပွဲမပြီးဆုံးမချင်း မဆုတ်မနစ် ကြိုးစား ကစားတဲ့ အာဆင်နယ်တို့ နိုင်ပွဲတွေ ထိုက်ထိုက်တန်တန် ရရှိနေဆဲ ဖြစ်ပါတယ်။ အာဆင်နယ်တို့ ကြားရက်မှာ ယူရိုပါလိဂ် ကစားထားလို့ ပွဲပန်းနေပေမယ့် ပရီးမီးယားလိဂ် ဇယားကို အမှတ်ဖြတ် ဆက်လက် ဦးဆောင်နိုင်ရေး အတွက်တော့ အပြည့်အဝ အားထည့်လာဦးမှာပါ။ လူစုံလည်း ထုတ်လာပါလိမ့်မယ်။

ဒီပွဲ ကိုတော့ ဖူလ်ဟမ် ဘက်က ပွဲပယ်ထိထားတဲ့ ယာအို ပေါ်လင်ဟာ အပါအဝင်၊ ဒဏ်ရာရနေတဲ့ တွမ်ကာနေး၊ ကီဘာနိုနဲ့ ကူဇာဝါတို့ သေချာပေါက် လွဲချော်မှာ ဖြစ်ပါတယ်။ အာဆင်နယ် မှာလည်း ဂျေဆုစ် လေ့ကျင့်ခန်း ပြန်ဆင်းနေပေမယ့် အရန် လူစာရင်းမှာပဲ ပါဝင်လာဖို့ များနေပြီး ထရော့ဆက်ဒ်နဲ့ အန်ကတ်တီးယား တို့ကတော့ လုံးဝ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။


ဖြစ်နိုင်ဖွယ် လူစာရင်း

ဖူလ်ဟမ် လန်နို၊ ဒီယော့ပ်၊ ရင်းမ်၊ ရော့ဘင်ဆင်၊ တီတီ၊ ရိဒ်၊ လူကစ်၊ ပါရဲရား၊ ဆော်လမွန်၊ ဝီလီယံ၊ မီထရိုဗစ်

အာဆင်နယ် ရမ်းစ်ဒေးလ်၊ ဆလီဘာ၊ ဂါဘရီရယ်၊ ဝှိုက်၊ ဇင်ချန်ကို၊ ပါတေး၊ ချာကာ၊ အိုဒီဂတ်၊ နယ်လ်ဆင်၊ ဆာကာ၊ မာတင်နယ်လီ

ပရီးမီးယား လိဂ်
မန်ချက်စတာ ယူနိုက်တက်
ဆောက်သမ်တမ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာ အာဆင်နယ်တို့ ဖူလ်ဟမ်ကို မရှုံးခဲ့ပဲ ၄ ပွဲ၊ ၁ ပွဲ သရေ ကစားထားခဲ့ပါတယ်။ အဲ့ဒီ ၅ ပွဲမှာ ၄ ပွဲထိ ဂိုးပေါ်ခဲ့ပါတယ်။ ဖူလ်ဟမ်ရဲ့ အမှတ်ပေးပွဲ နောက်ဆုံး ၅ ပွဲ ရလဒ်ကို ပြန်ကြည့်ရင် ၂ ပွဲ နိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံးပြီး ဂိုးပေါ်တာက ၁ ပွဲပဲ ရှိပါတယ်။ အာဆင်နယ် ကတော့ မန်စီးတီးကို ရှုံးနိမ့်ပြီး နောက်ဆုံး ၄ ပွဲ ဆက်တိုက် ပြန်နိုင်ထားပါတယ်။ လက်စတာနဲ့ တစ်ပွဲပဲ ဂိုးအောက် ကစားခဲ့ပြီး ကျန် ၄ ပွဲစလုံး ဂိုးပေါ်ခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့ 1X2 မှာ ဖူလ်ဟမ် နိုင်ရင် ၄ ဆခွဲ၊ အာဆင်နယ် နိုင်ရင်တော့ ၁.၅၉ ဆ ပေးထားပါတယ်။ Handicapမှာ အာဆင်နယ် ဘက်က ခပ်ပါးပါး အကြောပေးထားပြီး ဂိုးပေါင်း ကတော့ ၂ လုံး သရေ ကနေ စဖွင့်ထားပါတယ်။ အာဆင်နယ်တို့ ပထမအကျော့ ကလိုပဲ ဖူလ်ဟမ်ကို ခက်ခက်ခဲခဲ ကစားရဖို့ ရှိပါတယ်။ မထင်ရင် မထင်သလို အလှူပေးတတ်တဲ့ အာဆင်နယ်ရဲ့ ခံစစ်ကြောင့် ဖူလ်ဟမ် တိုက်စစ်က အနည်းဆုံး ၁ ဂိုးတော့ ရနိုင်ပါတယ်။ အာဆင်နယ် ကလည်း ဖူလ်ဟမ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲမှာ ၁၁ ဂိုး အထိ သွင်းနိုင်ခဲ့တာကြောင့် အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဖို့ များပါတယ်။ ဖူလ်ဟမ် ကစားအား ကောင်းပေမယ့် ချန်ပီယံဆု အတွက် ပွဲတိုင်းကို အာရုံစိုက်နေတဲ့ အာဆင်နယ်ပဲ ကပ်နိုင်သွားမယ် ထင်ပါတယ်။ အာဆင်နယ်နဲ့ ဂိုးပေါ် ကြိုက်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်