နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂွာဒီယိုလာ ဖန်တီးနေတဲ့ မန်စီးတီးရဲ့ လှပတဲ့ ဘောလုံး ကမ္ဘာ | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ဂွါဒီယိုလာက အသင်း တစ်သင်းကို သူ့လက်၊ သူ့ခြေနဲ့ သူ့စိတ်ကြိုက် ခေါ်ယူ အားဖြည့်မှုတွေနဲ့ ပြင်ဆင် ပျိုးထောင်ချင်သူပါ။ ဘာစီလိုနာမှာ လာမာစီယာ အကယ်ဒမီထွက်တွေနဲ့ အဓိက ဦးတည်ခဲ့ပြီး အခု ပရီးမီးယားလိဂ် ကလပ် မန်စီးတီး မှာလည်း ပြုပြင် ပြောင်းလဲရေးကာလ အတွက် သူ့စိတ်ကြိုက် နာမည်ကြီးတွေကို ခေါ်ယူခဲ့ပါတယ်။

ဒီနောက်ပိုင်း အသင်းက တဖြည်းဖြည်း အထိုင်ကျသွားတော့မှာ ဂွါဒီယိုလာက လူငယ်တွေကို နေရာပေးဖို့၊ အရောင်တင်ဖို့ လုပ်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီကြားထဲမှာမှ ဖေးလ် ဖိုဒန်လို ကစားသမားမျိုးကို စဥ်ဆက် မပြတ် တိုးတက်လာအောင် ဆွဲတင်ပေးနိုင်ခဲ့ပြီး ရီကို လူးဝစ်၊ အခု ချဲလ်ဆီးကို ရောက်သွားတဲ့ ကိုးလ် ပါးလ်မားတို့ ဆိုတာကလည်း ဂွါဒီယိုလာ ထုဆစ်လိုက်တဲ့ ပန်းပုရုပ်တွေပါပဲ။

အခုဆိုရင် ပရီးမီးယားလိဂ် ကလပ် မန်စီးတီးက နေရာစုံမှာ မျှချေ အနေအထားမျိုး ရှိလာခဲ့ပြီး ဒါက အချိန်ပေးမှု၊ စိတ်ရှည် သည်းခံမှုနဲ့ ရဲရင့်တဲ့ ပြုပြင် ပြောင်းလဲမှုတွေကြောင့် ဖြစ်ပါတယ်။ မနေ့ညက ဘယ်လွန်ဒေါဆုပေးပွဲ မှာလည်း ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီးက အကောင်းဆုံး အသင်းဆုကို ရရှိခဲ့ပါတယ်။

မနေ့ညက ဘယ်လွန်ဒေါဆုပေးပွဲ မှာလည်း ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီးက အကောင်းဆုံး အသင်းဆုကို ရရှိခဲ့ပါတယ်။
တစ်ရာသီ အတွင်း ဖလား ၃ လုံး အရယူနိုင်ခဲ့တဲ့ မန်ချက်စတာစီးတီး

ဒါက သူတို့ အတွက် နှစ်နှစ်ဆက်တိုက် ဆွတ်ခူးခဲ့တာပါ။ မနှစ်က ရီးရဲလ်မက်ဒရစ် ချန်ပီယံလိဂ် ရချိန်မှာ ဒီဆုကို ဆွတ်ခူးခဲ့တာက မန်စီးတီး ဖြစ်နေလို့ လှောင်ပြောင်မှုတွေ၊ ရိသဲ့သဲ့ လုပ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီနှစ်မှာတော့ ပြိုင်ဘက် မရှိဘဲ တစ်သင်းတည်း ပန်းပန်လျက်ပါ။

ဒါက သူတို့အတွက် ပထမဆုံး ချန်ပီယံလိဂ် ဖလား ဖြစ်ခဲ့ပြီး နောက်ထပ် နောက်ထပ်သော ချန်ပီယံလိဂ် ဖလားတွေ အတွက်လည်း အစဖြစ်တယ်လို့ ဂွါဒီယိုလာ ကြုံးဝါးထားပါတယ်။ ဂိုးသမားက အစ သူ့စိတ်ကြိုက် ဂိုးသမား မရမချင်း လဲပစ်ခွင့် ရှိခဲ့တဲ့ ဂွါဒီယိုလာလည်း ဒီလောက်တော့ လုပ်ပြနိုင်မှ ရမယ် ဆိုတာကို သဘောပေါက်ဟန်ရှိပါတယ်။

အခုဆိုရင် အသင်းက ရှေ့လယ်နောက် နေရာစုံမှာ ဒေါင်ဒေါင်မြည် ကစားသမားတွေ ရှိနေတယ်။ အသင်း အတွက် ဝင်ရိုး တစ်ခုလို ဖြစ်နေတဲ့ ဒီဘရိုင်းနားလို ကစားသမားမျိုး ကိုတောင် ပရိသတ်တွေ မေ့နေအောင် လုပ်ပြထားတယ်။ ဒီလိုမျိုး ကြယ်ပွင့်တွေရဲ့ နောက်ခံ အဖြစ် လူငယ်ကြယ်ပွင့်လေးတွေကို အသင့်မွေးထုတ်ထားတယ်။

ဘွန်ဒက်စ်လီဂါ
SC ဖရိုင်းဘတ်
မွန်ချန်ဂလာဘတ်ချ်
1X2 SC ဖရိုင်းဘာ့ဂ် @ 2.11
ဂိုးပေါင်း 2.75 @ 1.85
ဂိုးပေါင်း 2-3 @ 2.03
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒါတွေက သူတို့တွေ အနာဂတ်အတွက် ဘယ်လောက် ပြင်ဆင်ထားတယ်၊ ရည်မှန်းချက် ဘယ်လောက်ကြီးတယ် ဆိုတာကို သိသာ ထင်ရှားစေပါတယ်။ ကြီးမားတဲ့ စင်မြင့် တစ်ခုကို တက်လှမ်းနိုင်ဖို့က သာမန် ကြိုးစားအားထုတ်မှု၊ သာမန် ထောက်ပံ့မှုတွေနဲ့ မဖြစ်နိုင်ပါဘူး။

အသင်းရဲ့ တာဝန်ရှိသူတွေ၊ အားကစား ဒါရိုက်တာတွေ၊ နည်းပြ အဖွဲ့ဝင်၊ ကစားသမားတွေ အားလုံး ဟန်ချက်ညီညီ လှုပ်ရှားမှ ရမှာပါ။ အသင်းဘက်က ဂွါဒီယိုလာကို ယုံယုံကြည်ကြည်နဲ့ လိုအပ်သမျှ အားလုံး ပံ့ပိုးပေးခဲ့သလို ဂွါဒီယိုလာ ကလည်း သူ့ရဲ့ ဖလော်ဆော်ဖီအတိုင်း တသဝေမတိမ်း အကောင်အထည် ဖော်တယ်၊ ကစားသမားတွေ ကလည်း လိုက်ကစားနိုင်တဲ့နောက် အချိန်တစ်ခု ရောက်လာတဲ့အခါ မန်စီးတီးကို အခုလိုမျိုး မြင်တွေ့ရတာက အထူးအဆန်းတော့ မဟုတ်ပါဘူး။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်