နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာနိုးလ်ကို ဖြတ်ခုတ်ဖို့ ကြိုးပမ်းလာတဲ့ ဘာစီလိုနာ | ပရီးမီးယားလိဂ်

လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာ ကတော့ ဘဏ္ဍာရေး ပြဿနာတွေ ရှိနေပေမယ့်လည်း တစ်ဖက် မှာလည်း ထိပ်တန်း ကစားသမားတွေကို ပြိုင်ဘက်တွေနဲ့ အပြိုင်အဆိုင် ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ အခုဆိုရင်လည်း ဘာစီလိုနာက ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် နောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ်ကို ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းတွေ ထပ်မံ ထွက်ပေါ်လာပါတယ်။ 

လက်ရှိမှာ အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ အာနိုးလ်က လစ်ဗာပူးလ်နဲ့ ဒီရာသီအကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ အာနိုးလ်ကို စာချုပ် သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့်လည်း လက်ရှိအချိန်ထိ အဆင်မပြေသေးပဲ ကြန့်ကြာနေတယ်လို့ သိရပါတယ်။ အာနိုးလ် ကိုယ်တိုင် ကတော့ လစ်ဗာပူးလ်မှာ ဆက်ရှိနေချင်တယ်လို့ သိရပေမယ့် လုပ်ခလစာ တိုးမြှင့် ရယူလိုနေပြီး စာချုပ်သက်တမ်းတိုးတဲ့ ကိစ္စ ကြန့်ကြာနေမှု ကိုလည်း သဘောမကျ ဖြစ်နေတယ်လို့ သိရပါတယ်။

လစ်ဗာပူးလ်ဟာ ထရန့် အလက်ဇန္တား အာနိုးလ်ကို ဒီလ မကုန်ခင် စာချုပ် သက်တမ်းတိုးနိုင်ခြင်း မရှိခဲ့ရင်တော့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ ကစားသမားကို ပြည်ပ ကလပ်တွေနဲ့ အကြိုသဘောတူ စာချုပ် ချုပ်ဆိုဖို့ ခွင့်ပြုရဖို့ ရှိနေကြောင်း သိရပါတယ်။ ဒါကြောင့် ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူနိုင်မယ့် အာနိုးလ်ကို ရီးရဲလ်မက်ဒရစ်က ပစ်မှတ်ထားနေပြီး အခုအခါ မှာတော့ ဘာစီလိုနာ ကလည်း ရီးရဲလ်မက်ဒရစ်နဲ့ အပြိုင် ကြိုးပမ်းဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် အာနိုးလ်က နည်းပြသစ် အာနေး ဆလော့တ် လက်အောက် မှာလည်း အကောင်းဆုံး ခြေစွမ်းပြနေပြီးတော့ ဒီရာသီ လစ်ဗာပူးလ် အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ၂၂ ပွဲ အထိ ကစားပေးထားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ တို့နဲ့ သတင်းတွေ ထွက်နေတဲ့ အာနိုးလ်

လစ်ဗာပူးလ် တာဝန်ရှိသူတွေ ကတော့ အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမား အာနိုးလ်ကို စာချုပ် သက်တမ်းတိုးနိုင်မယ်လို့ ယုံကြည်နေကာ ပူပန်နေခြင်း မရှိဘူးလို့ သိရပါတယ်။ ကစားသမား ကိုယ်တိုင် ကတော့ သူရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ လူသိရှင်ကြား ထုတ်ဖော် ပြောဆိုသွားမှာ မဟုတ်ကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ မိုဟာမက် ဆာလာ၊ ဗာဂျယ် ဗန်ဒိုက်ခ်နဲ့ အာနိုးလ် တို့ ၃ ဦးကို သက်တမ်း တိုးရဖို့ ရှိနေတာ ဖြစ်ပါတယ်။ စာချုပ်သက်တမ်းတိုးဖို့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ အာနိုးလ်က “ကျွန်တော်က ဒီကလပ်မှာ ရှိနေတာ အနှစ် ၂၀ လောက် ရှိနေပါပြီ။ ကျွန်တော် ဒီအသင်းနဲ့ ၄ နှစ် ၅ နှစ် အထိ စာချုပ် သက်တမ်းတိုးပြီး လက်မှတ် ရေးထိုးခဲ့ပေမယ့် ဒါတွေ တစ်ခုမှာ လူသိရှင်ကြား ထွက်ပေါ်လာတာ မရှိခဲ့ပါဘူး။ အခု တစ်ကြိမ်လည်း ဒီအတိုင်းပါပဲ။” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အာနိုးလ်ဟာ လစ်ဗာပူးလ် အတွက် ပွဲပေါင်း ၃၃၂ ပွဲ ကစားထားပြီး ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ကလပ်ကမ္ဘာ့ဖလား၊ ဥရောပစူပါဖလား၊ အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်း တို့ကို ရရှိထားပါတယ်။ ဒါ့အပြင် အာနိုးလ်က နည်းပြသစ် အာနေး ဆလော့တ် လက်အောက် မှာလည်း အကောင်းဆုံး ခြေစွမ်းပြနေပြီးတော့ ဒီရာသီ လစ်ဗာပူးလ် အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ၂၂ ပွဲ အထိ ကစားပေးထားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်