နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းရဲ့ ကစားသမား ၃ ဦးကို ချီးကျူးလိုက်တဲ့ အာတေးတား | ပရီးမီးယားလိဂ်

အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား ကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲမှာ ခြေစွမ်းပြခဲ့ကြတဲ့ အသင်းရဲ့ ကစားသမား ၃ ဦးကို ချီးကျူးသွားခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်ရဲ့ တိုက်စစ် ကစားသမား ၃ ဦး ဖြစ်တဲ့ ဂါဘရီရယ် မာတင်နယ်လီ၊ ဂါဘရီရယ်နဲ့ ကိုင်ဟာဗက်ဇ် တို့ရဲ့ စွမ်းဆောင်ရည်တွေကို အထူးတလည် ချီးကျူးစကားဆိုသွားခဲ့တာပါ။

ဒီ ကစားသမား သုံးဦးဟာ ဒီနွေရာသီမှာ သူတို့ရဲ့ သက်ဆိုင်ရာ နိုင်ငံအသင်းတွေနဲ့ အတူ ပြိုင်ပွဲတွေ ကစားပြီးနောက် ကျန်အသင်းဖော်တွေနဲ့ ပူးပေါင်းဖို့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ကိုင် ဟာဗက်ဇ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အိမ်ရှင် ဂျာမနီနဲ့ အတူ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပေမယ့် သူ့ရဲ့ အသင်းက စပိန်ကို ရှုံးပြီး ကွာတားဖိုင်နယ် အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ မာတီနယ်လီနဲ့ ဂါဘရီရယ်တို့ ကလည်း ဘရာဇီးလ်နဲ့ အတူ ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်သို့ တက်ရောက်ခဲ့ပေမယ့် ဥရုဂွေးကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီကစားသမား ၃ ဦးဟာ ယူနိုက်တက်နဲ့ ရာသီကြို ခြေစမ်းပွဲ မကစားမီ အသင်းနဲ့ အချိန်မီ ပူးပေါင်းခဲ့ကြပြီး ခြေစွမ်းကောင်းတွေလည်း ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သတ်လို့ အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားက အားရကျေနပ်လျက် ရှိပြီး အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “သူတို့ဟာ အသင်းနဲ့ လေ့ကျင့်ဖို့ တစ်ရက်ပဲ အချိန်ရခဲ့ပေမယ့် အရမ်းကောင်းတဲ့ အခြေအနေမှာ ရှိခဲ့ပါတယ်။ ကောင်လေးတွေက အသင်းကို ခပ်မြန်မြန် ပြန်လာပြီး ပြင်ဆင်ချိန် မရခဲ့ပါဘူး။ ဒါကြောင့် သူတို့ဟာ စည်းချက်အတိုင်း လိုက်လုပ်ခဲ့ရတယ်၊ ဒါပေမယ့် သူတို့ တကယ် ကောင်းအောင် ကစားနိုင်ခဲ့တယ်။” လို့ မီခဲလ်က ဆိုပါတယ်။

ဆက်လက်ပြီး “တကယ်ကို ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲ တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အတွက် တကယ့်ကို ကောင်းမွန်တဲ့ ပြိုင်ဘက်လို့ ကျွန်တော် ထင်ပါတယ်၊ ပြီးတော့ ကျွန်တော်တို့ ပွဲကို အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့လို့ အရမ်းလည်း ဝမ်းသာမိပါတယ်။ ကောင်းမွန်တဲ့ အခိုက်အတန့် တွေ ဖြစ်ခဲပြီး ပြိုင်ဘက်ရဲ့ ကြီးမားတဲ့ စမ်းသပ်မှုကို ခံခဲ့ရပါတယ်။ ရာသီကြိုခြေစမ်းပွဲက ကောင်းမွန်တဲ့ ရလဒ် ဖြစ်ပြီး ကျွန်တော်တို့ အတွက်လည်း ကောင်းမွန်တဲ့ လေ့ကျင့်မှု ဖြစ်ခဲ့ပါတယ်။ နောက်ပွဲမှာ တကယ့်ကို ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်တဲ့ လစ်ဗာပူးလ်နဲ့ ကစားရတော့မှာပါ။ ဒါကြောင့် လိုက်လျောညီထွေ ဖြစ်အောင်၊ မတူညီတဲ့ စံတော်ချိန်၊ မတူညီတဲ့လူတွေ၊ မတူညီတဲ့ အားကစားကွင်းတွေ၊ မတူညီတဲ့ ပြိုင်ဘက်တွေနဲ့‌ တွေ့ရမယ့် အချိန်ရောက်ပါပြီ။ ကျွန်တော်တို့ ပိုကောင်းလာဖို့ ကိစ္စတွေ ပါပါတယ်။” လို့ အာတေးတားက ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ လာမယ့် ကြာသပတေးနေ့မှာ ပရီးမီးယားလိဂ် ပြိုင်ဘက် လစ်ဗာပူးလ်နဲ့ အမေရိက ခြေစမ်းပွဲ နောက်ဆုံးပွဲကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် မှာတော့ အာဆင်နယ်က ပရီးမီးယားလိဂ် ရာသီသစ် မစတင်ခင် အမ်းမရိတ်စ် ဖလား ပွဲစဉ်တွေ အဖြစ် လေဗာကူဆင်၊ လိုင်ယွန် တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်