နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တူချယ်ကို နည်းပြ အဖြစ် မခန့်အပ်သင့်ကြောင်း FA ကို ဝေဖန်လိုက်တဲ့ အာစင်ဝင်းဂါး | ကမ္ဘာ့ဖလား

အာဆင်နယ် နည်းပြဟောင်း အာစင်ဝင်းဂါး ကတော့ အင်္ဂလန် ဘောလုံးအဖွဲချုပ် (FA) အနေနဲ့ ဂျာမန် လူမျိုး နည်းပြ သောမတ်စ် တူချယ်ကို အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နည်းပြ အဖြစ် မခန့်အပ်သင့်ကြောင်း ဝေဖန် ပြောဆိုလာခဲ့ပါတယ်။ အင်္ဂလန် ကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ရည်ရွယ်ပြီး တူချယ်ကို ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

အက်ဖ်အေဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ အပြီးမှာ အင်္ဂလန် လက်ရွေးစင် အသင်းကို ကာလရှည် ကိုင်တွယ်ခဲ့တဲ့ နည်းပြ ဖြစ်သူ ဂါရက်သ် ဆောက်ဂိတ်နဲ့ လမ်းခွဲခဲ့ပြီးတော့ အင်္ဂလန် ယူ-၂၁ အသင်းရဲ့ နည်းပြ လီကာစလေကို ယာယီ နည်းပြ အဖြစ် ခန့်အပ်ခဲ့ပါတယ်။ အဲဒီနောက် FA က ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အင်္ဂလန် အသင်း အောင်မြင်မှု ရရှိရေး အတွက် ထိပ်တန်း နည်းပြ တစ်ဦးကို ခန့်အပ်ဖို့ ချိန်ရွယ်ခဲ့ပြီး ပြီးခဲ့တဲ့ အပတ်က ချဲလ်ဆီး နည်းပြဟောင်း တူချယ်ကို အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

အာစင်ဝင်းဂါးက FA အနေနဲ့ လက်ရွေးစင် အသင်း နည်းပြ ရာထူးကို အင်္ဂလိပ် နည်းပြ တစ်ဦးဦး ကိုသာ ခန့်အပ်သင့်တယ်လို့လည်း ဆိုခဲ့ပါတယ်။ အာစင်ဝင်းဂါးက “လက်ရွေးစင် အသင်း ဆိုတာ တစ်နှစ်မှာ ၁၀ ပွဲလောက်ပဲ ယှဉ်ပြိုင်ကစားရတာကြောင့် ကျွန်တော် ကတော့ Part-time အလုပ် တစ်ခု လိုပဲ အမြဲ တွေးပါတယ်။ အင်္ဂလန်မှာ ကျွန်တော် အလုပ်လုပ်နေကတည်းက အင်္ဂလန် လက်ရွေးစင် အသင်းကို အင်္ဂလိပ် နည်းပြပဲ ကိုင်တွယ်သင့်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီအမြင်က မပြောင်းလဲသေးပါဘူး။ အခု သူတို့ တူချယ်ကို နည်းပြ အဖြစ် ခန့်အပ်လိုက်ပါတယ်။ တူချယ်က တကယ်ကို ပြီးပြည့်စုံတဲ့ နည်းပြ တစ်ယောက်ပါ။ ဒါပေမဲ့ ကိုယ့်နိုင်ငံရဲ့ သီချင်းကို သီဆိုနိုင်မယ့်သူ ကိုပဲ နည်းပြ အဖြစ် ခန့်အပ်သင့်ပါတယ်” လို့ အာစင်ဝင်းဂါးက ဆိုခဲ့ပါတယ်။

အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် (FA)ဟာ နည်းပြဟောင်း ဆောက်ဂိတ် ကိုင်တွယ်စဉ်က ၂၀၂၂ ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်ခဲ့ရင် အပိုဆုကြေး ပေါင် ၄ သန်း ပေးအပ်ဖို့ စီစဉ်ခဲ့ဖူးပါတယ်။
တူချယ်ကို တစ်နှစ်လုပ်ခ ပေါင် ၅ သန်း အထိ ပေးချေမယ့် အင်္ဂလန်

ဂျာမန် လူမျိုး နည်းပြ သောမက်စ် တူချယ်ဟာ ဆွီဒင် လူမျိုး နည်းပြ အဲရစ်ခ်ဆင်နဲ့ အီတလီ လူမျိုး နည်းပြ ဖေဘီယို ကာပယ်လို တို့အပြီးမှာ အင်္ဂလန် လက်ရွေးစင် အသင်းကို ကိုင်တွယ်ခွင့်ရခဲ့တဲ့ တတိယမြောက် နိုင်ငံခြားသား နည်းပြ အဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။ FA ဟာ တူချယ်ကို ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးတဲ့ အချိန်ထိ (၁၈) လ စာချုပ်နဲ့ ခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် တူချယ် အနေနဲ့ အင်္ဂလန်နဲ့ အတူ ၂၀၂၆ ကမ္ဘာ့ဖလား ချန်ပီယံဆု ဆွတ်ခူးနိုင်ရင် အပိုဆုကြေး ပေါင် ၃ သန်း ရရှိမယ်လို့ သိရပါတယ်။ (FA)က သောမတ်စ် တူချယ်ကို ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ရည်ရွယ် ခန့်အပ်ခဲ့တာ ဖြစ်ပြီး ချန်ပီယံဆု ရရှိခဲ့ရင်တော့ အပိုဆုကြေး အဖြစ် ပေါင် ၃ သန်း ပေးအပ်ဖို့လည်း သဘောတူညီထားတယ်လို့ သိရပါတယ်။ အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် (FA)ဟာ နည်းပြဟောင်း ဆောက်ဂိတ် ကိုင်တွယ်စဉ်က ၂၀၂၂ ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်ခဲ့ရင် အပိုဆုကြေး ပေါင် ၄ သန်း ပေးအပ်ဖို့ စီစဉ်ခဲ့ဖူးပါတယ်။ ဒါကြောင့် တူချယ်ကို ပေးအပ်မယ့် အပိုဆုကြေးက ဆောက်ဂိတ်ကို ပေးတဲ့ အပိုဆုကြေးထက် စာရင် နည်းပါးတယ်လို့လည်း ပြောလို့ ရပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် (FA)က ဆောက်ဂိတ်ကို လုပ်ခ လစာ အဖြစ် တစ်နှစ်ကို ပေါင် ၂.၅ သန်းသာ ပေးချေခဲ့ပြီး တူချယ် ကိုတော့ တစ်နှစ်ကို ပေါင် ၅ သန်း ပေးချေမှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်