အာဆင်နယ် – ဝက်စ်ဟမ်း
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဦးဆောင်သူတွေ ဖြစ်တဲ့ အာဆင်နယ်ဟာ ကြာသပတေးနေ့ညမှာ ဝက်စ်ဟမ်းကို အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ တစ်ပတ်က လစ်ဗာပူးလ်ရဲ့ အိမ်ကွင်းမှာ သရေ ၁ မှတ် ရယူနိုင်ခဲ့ပြီးနောက် ရမှတ် ၄၀ နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကြားရက်မှာ လစ်ဗာပူးလ်က နိုင်ပွဲ ရသွားခဲ့တာကြောင့် အာဆင်နယ်တို့ အဆင့် ၂ နေရာကို ယာယီဆင်းပေးထားရပြီး မီခဲလ် အာတေးတားရဲ့ အသင်းက ပြန်လည် တက်လှမ်းဖို့ ကြိုးစားမှာ သေချာပါတယ်။
ဝက်စ်ဟမ်း ကလည်း စနေနေ့ညက မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင်ရခဲ့ပြီးနောက် ရမှတ် ၃၀ နဲ့ ပရီးမီးယားလိဂ် အဆင့် ၆ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အာဆင်နယ် ဘက်မှာ ပါတေး၊ တိုမီယာဆု၊ တင်းဘား၊ ဗီအဲရာတို့ လွဲချော်မှာ ဖြစ်ပါတယ်။
ဝက်စ်ဟမ်း ဘက်မှာတော့ အန်တိုနီယို တစ်ဦးတည်းသာ ဒူးဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ခြင်း မရှိမှာ ဖြစ်ပြီး ကျန်ကစားသမားတွေ ကြံ့ခိုင်မှု ပြည့်ဝနေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
အာဆင်နယ် – ရာယာ၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ ဇင်ချန်ကို၊ ရိုက်၊ ဟာဗတ်ဇ်၊ အော်ဒီဂွါဒ်၊ မာတီနယ်လီ၊ ဆာကာ၊ ဂျေဇုစ်
ဝက်စ်ဟမ်း – အာရီယိုလာ၊ အီမာဆန်၊ ဇူးမား၊ မက်ဗရိုပါးနော့စ်၊ ကူဖယ်၊ ဆူးချက်၊ အယ်လ်ဗာရက်ဇ်၊ ပါကယ်တာ၊ ဝ့ါဒ်-ပရောက်စ်၊ ကူးဒက်စ်၊ ဘိုဝင်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်း အကြား ၂၆ ကြိမ် တွေ့ဆုံခဲ့ရာမှာ အာဆင်နယ်က ၁၉ ကြိမ် နိုင် ၄ ကြိမ် သရေ ဝက်စ်ဟမ်းက ၃ ကြိမ် အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ အာဆင်နယ်က ၂ ပွဲ နိုင် ၂ ပွဲ သရေ ၁ ပွဲ ရှုံး၊ ဝက်စ်ဟမ်းက ၃ ပွဲ နိုင် ၂ ပွဲ ရှုံးခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOP ရဲ့ 1X2 မှာ အာဆင်နယ် နိုင်ရင် ၁.၃၃ ဆ၊ ဝက်စ်ဟမ်း နိုင်ရင် ၈.၀၀ ဆနဲ့ သရေဆိုရင် ၄.၅၀ ဆပါ။ Handicap မှာ အာဆင်နယ်က ၁ လုံးအရှုံးပေးထားပြီး ဂိုးပေါင်းကတော့ ၃ လုံးသရေပါ။ ဂန်းနားတွေဟာ စနေနေ့က ဆုဖလားပြိုင်ဘက်တွေနဲ့ ၁ မှတ်စီ ခွဲယူခဲ့ရတာကြောင့် လစ်ဗာပူးလ်ထက် ၁ မှတ် အသာနဲ့ အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ထိပ်ဆုံး ၄ နေရာထဲက ၂ သင်းက အာဆင်နယ်နဲ့ ၁ မှတ်သာ ကွာနေပြီး ကျန်တစ်သင်းက ၄ မှတ်သာ ကွာဟနေတာကြောင့် ဂန်းနားတွေအနေနဲ့ ခြေချော်လို့ မရပါဘူး။ ဝက်စ်ဟမ်း ကလည်း လစ်ဗာပူးလ်ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် မန်ယူနိုက်တက်ကို ပရီးမီးယားလိဂ်မှာ ၂-၀ နဲ့ အနိုင်ပြန်ယူထားတာကြောင့် ဂန်းနားတို့အတွက် ခက်ခဲတဲ့ပွဲ ဖြစ်လာမှာပါ။
ခန့်မှန်းပွဲပြီးရလဒ်
အာဆင်နယ် ၃-၁ ဝက်စ်ဟမ်း
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.