နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရမ်းစ်ဒေးလ်ကို ရောင်းပြီး ဂါစီယာနဲ့ အစားထိုးချင်နေတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် အာဆင်နယ် ကတော့ ဒီနွေရာသီမှာ အာရွန် ရမ်းစ်ဒေးလ် ကို ရောင်းထုတ်ဖြစ်ခဲ့ရင်တော့ အက်စ်ပန်ညို ဂိုးသမား ယိုဟန် ဂါစီယာနဲ့ အစားထိုးဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ သတင်းတွေ အရ ဆိုရင် မြောက်လန်ဒန် ကလပ်မှာ ပုံမှန် ပွဲထွက်ခွင့်မရတဲ့ အာရွန် ရမ်းစ်ဒေးလ်က အသင်းက ထွက်ခွာဖို့ စိတ်အားထက်သန်နေပြီး အသင်း ဘက်ကလည်း ရောင်းထုတ်ဖို့ အထိ စဉ်းစားထားတာ ဖြစ်ပါတယ်။

အင်္ဂလန် လက်ရွေးစင် ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ဟာ ဒါးဗစ် ရာယာ အာဆင်နယ်ကို ရောက်ရှိလာခဲ့တဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စတင် ပွဲထွက် ကစားခွင့်တွေ သိသိသာသာ ပျောက်ဆုံးနေခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ရမ်းစ်ဒေးလ်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ ဈေးကွက်မှာ ကတည်းက အသင်းပြောင်းဖို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပြီး အခု လက်ရှိမှာလည်း သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေပါတယ်။ အာဆင်နယ် ကလည်း ဒီနွေရာသီ အပြောင်းအရွှေ့ကာလ အစမှာ စပိန် ဂိုးသမား ဒါးဗစ် ရာယာကို ဘရန့်ဖိုဒ် ကနေ အပြီးသတ် ခေါ်ယူလိုက်တာကြောင့် ရမ်းစ်ဒေးလ်ရဲ့ ဂန်းနား ကစားသမားဘဝ အနာဂတ်က တော်တော်လေးကို မှေးမှိန်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဂိုးသမားကို ကလပ် တော်တော်များများက ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာခဲ့ပေမယ့် လက်ရှိ အချိန်ထိတော့ အာဆင်နယ်က ရမ်းစ်ဒေးလ် အတွက် ပြောင်းရွှေ့ကြေးကို သဘောမကျသေးတဲ့ပုံပါပဲ။ ပရီးမီးယားလိဂ် ကလပ်ဟာ ရမ်းစ်ဒေးလ် အတွက် ပြောင်းရွှေ့ကြေး အနည်းဆုံး ပေါင် သန်း ၅၀ လောက် အလိုရှိနေတာ ဖြစ်ပါတယ်။

 
ပရီးမီးယားလိဂ် ကလပ်ဟာ ရမ်းစ်ဒေးလ် အတွက် ပြောင်းရွှေ့ကြေး အနည်းဆုံး ပေါင် သန်း ၅၀ လောက် အလိုရှိနေတာ ဖြစ်ပါတယ်။
ရမ်းစ်ဒေးလ် အတွက် ပေါင် သန်း ၅၀ လောက် လိုချင်နေတဲ့ အာဆင်နယ်

ဒါပေမယ့်လည်း အာဆင်နယ် ဘက်ကသာ သတ်မှတ်ထားတဲ့ တန်ကြေးကို လျှော့ပေးလိုက်မယ် ဆိုရင်တော့ ရမ်းစ်ဒေးလ် အနေနဲ့ အမ်းမရိတ်စ် ကနေ ထွက်ခွာနိုင်ဖွယ် ရှိသွားမှာ ဖြစ်ပါတယ်။ အကယ်၍သာ အာဆင်နယ်က ရမ်းစ်ဒေးလ်ကို အသင်းကနေ ရောင်းချနိုင်ခဲ့မယ် ဆိုရင် သူ့နေရာမှာ အစားထိုးဖို့ အတွက် ဂိုးသမား တစ်ဦး အဆင်သင့် ရှိနေပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် စိတ်ဝင်စားနေတဲ့ ဂိုးသမား ကတော့ အခုရာသီမှ လာလီဂါ ပြိုင်ပွဲဆီ တန်းပြန်တက်ခွင့်ရခဲ့တဲ့ ကတ်တာလန် အခြေစိုက် အက်စပန်ညိုက ယိုအန် ဂါစီယာပဲ ဖြစ်ပါတယ်။ ဒီဂိုးသမားလေးဟာ အသက် ၂၃ နှစ် အရွယ်သာ ရှိနေသေးပြီး အက်စပန်ညိုရဲ့ ငယ်မွေးခြံပေါက် ဂိုးသမားလည်း ဖြစ်ပါတယ်။ ဂါစီယာဟာ အရပ်အမောင်း အားဖြင့် ၆ ပေ ၃ လက်မ အထိ မြင့်မားပြီး မနှစ် ကလည်း အက်စပန်ညို အတွက် ပြိုင်ပွဲစုံ ၂၁ ပွဲ ပါဝင်ကစားရင်း ၁၂ ပွဲ အထိ ပေးဂိုး မရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

လတ်တလော မှာတော့ အာဆင်နယ်က စပိန် ဂိုးသမား ဂါစီယာကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားခဲ့ပြီး ရမ်းစ်ဒေးလ် အသင်း ကနေ ထွက်ခွာမှသာ ဂါစီယာကို တရားဝင် ကမ်းလှမ်းမှု လုပ်ဆောင်သွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်