နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စတာလင်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အာဆင်နယ်၊ ကမ္ဘာ့အကောင်းဆုံး အသင်းမှာ ပါဝင်လာခဲ့လို့ ဂုဏ်ယူနေတဲ့ Tank ကြီး (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

စတာလင်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အာဆင်နယ်၊ ကမ္ဘာ့အကောင်းဆုံး အသင်းမှာ ပါဝင်လာခဲ့လို့ ဂုဏ်ယူနေတဲ့ Tank ကြီး စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


တန်ဟက်ဂ်က သူ့ကို ထိပ်တန်း ခံစစ်မှူးလို့ သတ်မှတ်ထားကြောင်း ပြောလာတဲ့ ခေါင်းကြီး

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက အဲရစ်ခ် တန်ဟက်ဂ်ဟာ သူ့ကို ထိပ်တန်း ခံစစ်မှူး အဖြစ် သတ်မှတ်ထားတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဒီရာသီမှာ အသင်း အတွက် ပုံမှန် ကစားခွင့် မရဘဲ အရန်ခုံမှာသာ ရှိနေခဲ့ပေမယ့် နည်းပြ ဖြစ်သူ ကတော့ သူ့ကို ယုံကြည်မှု ရှိတယ်လို့ မက်ဂွိုင်းယားက ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
အာဆင်နယ်
အဲဗာတန်
1X2 အဲဗာတန် @ 7.20
ဂိုးပေါ် 2.75 @ 2.08
ဂိုးပေါင်း 0-1 @ 3.60
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

“ နည်းပြနဲ့ ကျနော်က နေ့တိုင်းစကား ပြောဆိုမှု ရှိပြီး ကျနော့် အပေါ်မှာ သူ လေးစားမှု အပြည့်ရှိပါတယ်၊ ကျနော်က သူ့အသင်းမှာ ကစားရမယ့် အရည်အချင်း အားလုံး ရှိပြီး ထိပ်တန်း ဗဟိုခံစစ်မှူးလို့ ယုံကြည်ထားပါတယ်၊ ဒါပေမယ့် ဘယ်ကစားသမားက ကစားရမလဲ ဆိုတာကို သူ နားလည်ထားပါတယ်၊ ကျနော်လည်း နားလည်ပါတယ်၊ အသင်းနဲ့ အတူ ဆုဖလားရယူနိုင်ခဲ့လို့လည်း ကျနော် အရမ်း ပျော်ရွှင်ခဲ့ရပါတယ်” လို့ မက်ဂွိုင်းယားက ဆိုပါတယ်။

မက်ဂွိုင်းယားဟာ ခရာဘောင် ဖလား ဗိုလ်လုပွဲ မှာလည်း အသင်းအတွက် ပွဲချိန် အနည်းငယ်သာ ကစားခွင့်ရခဲ့တာပါ။ ဒါပေမယ့် သူက အသင်းခေါင်းဆောင် ဖြစ်တာကြောင့် ဆုဖလား ကိုင်မြှောက်ခွင့် ရရှိခဲ့ပြီး ကစားသမား ဘ၀မှာ ပထမဆုံး ဆုဖလားကို ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။


စတာလင်ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အာဆင်နယ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ဟာ လန်ဒန် ပြိုင်ဘက် ချဲလ်ဆီးမှာ အဆင်မပြေ ဖြစ်နေတဲ့ ရာဟင်းမ် စတာလင်ရဲ့ အနေအထားကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အာဆင်နယ် နည်းပြ မီခဲလ် အာတေတာက စတာလင်ကို စိတ်ဝင်စားနေပြီး အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ အတွက် ရည်ရွယ်နေတာ ဖြစ်ပါတယ်။

စတာလင်နဲ့ အာတေတာ တို့ဟာ မန်ချက်စတာစီးတီးမှာ လက်တွဲခဲ့ဖူးသူတွေ ဖြစ်ပြီး အင်္ဂလန်သားရဲ့ အရည်အသွေးကို စပိန်လူမျိုး နည်းပြက အပြည့်အ၀ သိရှိထားပြီး ဖြစ်ပါတယ်။ သုံးယောက်တန်း တိုက်စစ်မှာ စတာလင်ရဲ့ ကစားပုံက အရမ်းကြောက်ဖို့ ကောင်းတာကြောင့် အာတေတာက သူ့ အသင်းဆီ ခေါ်ယူချင်နေတာပါ။

အသက် ၂၈ နှစ် အရွယ် စတာလင်ဟာ ဒီနွေရာသီကမှ မန်ချက်စတာစီးတီး ကနေ ချဲလ်ဆီးကို ပေါင်သန်း ၅၀ နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ခြေစွမ်းပြနိုင်ဖို့ အတွက် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ ၂၅ ပွဲ ကစားခဲ့ရာမှာ ၆ ဂိုး သွင်းပြီး ၃ ကြိမ်သာ ဖန်တီးပေးထားနိုင်ခဲ့သလို ဒဏ်ရာ ပြသနာတွေကြောင့်လည်း အနားယူနေရခဲ့ပါတယ်။


ကမ္ဘာ့ အကောင်းဆုံး အသင်းမှာ ပါဝင်လာခဲ့လို့ ဂုဏ်ယူနေတဲ့ Tank ကြီး

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် အတွက် ခြေစွမ်းပြ ကစားနေပြီး ပရိသတ် အသည်းကျော် ဖြစ်နေတဲ့ ကွင်းလယ်လူ ကက်စ်မဲရိုးဟာ ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ ယူနိုက်တက်နဲ့ အတူ ခရာဘောင် ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး နောက်တစ်နေ့မှာပဲ ကက်စ်မဲရိုးက ကမ္ဘာ့အကောင်းဆုံး အသင်းမှာ ပါဝင်ခဲ့တာပါ။

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် အတွက် ခြေစွမ်းပြ ကစားနေပြီး ပရိသတ် အသည်းကျော် ဖြစ်နေတဲ့ ကွင်းလယ်လူ ကက်စ်မဲရိုးဟာ ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။
ဖီဖာရဲ့ အကောင်းဆုံး အသင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ ကက်စ်မဲရိုး

“ နောက်ထပ် ဂုဏ်ယူစရာ ကောင်းတဲ့ နေ့တစ်နေ့ပါပဲ” လို့ ကက်စ်မဲရိုးက သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ရေးသား ပြောဆိုခဲ့ပါတယ်။ ဘရာဇီးလ် ကွင်းလယ် ခံစစ် ကစားသမားဟာ ယူနိုက်တက်ကို ပြောင်းရွှေ့လာပြီး ကတည်းက ခြေစွမ်းပြနေခဲ့ပြီး သူ ပါဝင်တဲ့ ပွဲတွေမှာ ဆိုရင် ယူနိုက်တက်က နိုင်ပွဲတွေ ပိုမိုရရှိကာ ပြိုင်ဘက်တွေကို အသာစီးနဲ့လည်း ကစားနိုင်ခဲ့ပါတယ်။
ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်း မှာတော့ သီဘောက်ကော်တွိုက်စ် (ဂိုး)၊ ဟာကီမီ၊ ယာအို ကန်ဆယ်လို၊ ဗန်ဒိုက်ခ်၊ ကီဗင်ဒီဘရိုင်းနား၊ လူကာ မိုဒရစ်၊ ကက်စ်မဲရိုး၊ လီယွန်နယ် မက်ဆီ၊ ကီလီယန် အမ်ဘာပေး၊ ကာရင်မ် ဘန်ဇီမာနဲ့ အာလင်း ဟာလန်းတို့ ပါဝင်ခဲ့ကြပါတယ်။ ယူနိုက်တက် အသင်း ကနေတော့ ကက်စ်မဲရိုး တစ်ဦးတည်းသာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်