နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မာရင်နိုကို ဘာစီလိုနာနဲ့ အပြိုင် ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်း ကတော့ စပိန် ကွင်းလယ်လူ မီခဲလ် မာရင်နိုကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အာဆင်နယ်ဟာ ရီးရဲလ်ဆိုစီဒက် ကွင်းလယ်လူ မီကယ် မာရီနိုကို ခေါ်ယူဖို့ အတွက် စိတ်အားထက်သန်နေပေမယ့်လည်း လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာနဲ့ အပြိုင် ကြိုးပမ်းသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

မီခဲလ် အာတေးတားရဲ့ အသင်းက အခုနွေရာသီမှာ အမ်းမရိတ်စ်ကွင်းဆီ ကွင်းလယ်လူသစ် တစ်ဦးကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပြီး ဆိုစီဒက်နဲ့ ၂၀၂၅ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် စပိန် ကြယ်ပွင့်ကို အရ ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေတယ်လို့လည်း သိရပါတယ်။

Mundo Deportivo ရဲ့ ဖော်ပြချက်အရ မန်နေဂျာ မီခဲလ် အာတေးတားက မာရင်နိုရဲ့ စွမ်းဆောင်ရည်ကို သဘောကျနေပြီး ဂန်းနား တို့ အနေနဲ့ စာချုပ်ချုပ်နိုင်ဖို့ နည်းလမ်း ရှာဖွေနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မာရင်နိုကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် တစ်သင်းတည်း မဟုတ်နေပဲ ဘာစီလိုနာ နည်းပြ ဟန်ဆီ ဖလစ်ခ် ကလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

 
အကယ်၍ မာရင်နိုသာ ဘာစီလိုနာထက် အာဆင်နယ်ကို ရွေးချယ်ခဲ့မယ် ဆိုရင်တော့ နယူးကာဆယ် ကစားသမားဟောင်း ဖြစ်ခဲ့ဖူးတဲ့ သူ့ အတွက် ဒုတိယအကြိမ်မြောက် ပရီးမီးယားလိဂ် ခရီးစဉ်လည်း ဖြစ်လာတော့မှာပါ။
ကွင်းလယ်ကစားသမားသစ် တစ်ဦး ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်

ဆိုစီဒက်ဟာ မာရီနို အတွက် ယူရို ၂၅ သန်း ဝန်းကျင် ရရှိရင် ရောင်းထုတ်ဖို့ ရှိနေတာကြောင့် အာဆင်နယ် အတွက် အခက်အခဲ မရှိနိုင်ပေမယ့် ဘဏ္ဍာရေး အခက်အခဲတွေ ရှိနေတဲ့ ကတ်တာလန် ကလပ် အတွက်တော့ ခက်ခဲနိုင်ပါတယ်။ သတင်းတွေအရတော့ မီခဲလ် အာတေးတားက စပိန်သားကို အရ ခေါ်ယူနိုင်ဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ ဆက်သွယ်ထားတယ်လို့လည်း သိရပြီး မာရင်နို ကလည်း စိတ်ဝင်စားမှု ရှိနေတယ်လို့ သိရပါတယ်။ အကယ်၍ မာရင်နိုသာ ဘာစီလိုနာထက် အာဆင်နယ်ကို ရွေးချယ်ခဲ့မယ် ဆိုရင်တော့ နယူးကာဆယ် ကစားသမားဟောင်း ဖြစ်ခဲ့ဖူးတဲ့ သူ့ အတွက် ဒုတိယအကြိမ်မြောက် ပရီးမီးယားလိဂ် ခရီးစဉ်လည်း ဖြစ်လာတော့မှာပါ။ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ပုံစံကောင်းပြသနိုင်ခဲ့တဲ့ မာရင်နိုဟာ ၂၀၁၈ ခုနှစ် နွေရာသီမှာ လာလီဂါ ကလပ် ရီးရဲလ်ဆိုစီဒက်ကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။

လက်ရှိမှာ မာရင်နိုက ယူရို ၂၀၂၄ ပြိုင်ပွဲမှာ စပိန် လက်ရွေးစင် အသင်းနဲ့ အတူ ဝင်ရောက် ဆင်နွှဲနေပြီး အင်တာဗျူး တစ်ခုမှာတော့ အခုလိုပဲ ဖွင့်ဟသွားခဲ့ပါတယ်။ မာရင်နိုက “နယူးကာဆယ်မှာ ကျွန်တော့်ရဲ့ အထူးခြားဆုံး ဖြစ်ခဲ့တဲ့ အရာက ကွင်းနဲ့ ပရိသတ်တွေ ဖြစ်ပါတယ်။ ထူးခြားတဲ့ ဘဝ တစ်ခု ဖြစ်ခဲ့တယ်လို့လည်း ကျွန်တော် ထင်ပါတယ်။ St James’ Park ဆိုတာလည်း ခံစားရပါတယ်၊ ဒီလို ထူးခြားတဲ့ အရာတစ်ခုက ကျွန်တော့် စိတ်ထဲမှာ အမြဲတမ်း ရှိနေမှာပါ။

မာရင်နိုဟာ ယူရို ၂၀၂၄ အုပ်စု အဆင့်မှာ စပိန် အသင်း အတွက် ပွဲချိန်ပြည့် တစ်ပွဲသာ ပါဝင်ကစားထားပြီးတော့ ကျန် နှစ်ပွဲ မှာတော့ မိနစ် ၂၀ ကျော်စီသာ ကစားထားတာ ဖြစ်ပါတယ်။ ဒီကစားသမားဟာ အဲလ်ဘေးနီးယားနဲ့ ကစားခဲ့တဲ့ ပွဲမှာတော့ တော်တော်လေး ခြေစွမ်းပြ ကစားသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်