နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လစ်ဗာပူးလ်ကို ဂိုးပြတ် အနိုင်ယူပြီး ချန်ပီယံပြေးလမ်းထဲ ပြန်ဝင်လာတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

countdown banner

ပရီးမီးယားလိဂ် ပွဲစဉ် (၂၃) စူပါဆန်းဒေးရဲ့ အကောင်းဆုံး ပွဲစဉ် အဖြစ် အာဆင်နယ်နဲ့ လစ်ဗာပူးလ်တို့ အမ်းမရိတ်စ်မှာ ကစားခဲ့ကြပြီး အာဆင်နယ်က ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အာဆင်နယ်တို့ လစ်ဗာပူးလ်ကို အိမ်ကွင်းမှာ ခြေစွမ်းအသာနဲ့ ကစားပြီး ဂိုးပြတ် အနိုင်ရကာ အက်ဖ်အေဖလား ရှုံးကြွေးကိုပါ ပြန်ဆပ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အိမ်ရှင် အာဆင်နယ် တို့က ရာယာ၊ ဂါဘရီရယ်၊ ဆလီဘာ၊ ဝှိုက်၊ ဇင်ချန်ကို၊ ရိုက်စ်၊ အိုဒီဂတ်၊ ဂျော်ဂျင်ဟို၊ မာတင်နယ်လီ၊ ဆာကာ၊ ဟာဗက်ဇ် တို့နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် ကတော့ အလီဆွန်၊ ဗန်ဒိုက်ခ်၊ ကိုနာတေး၊ အာနိုးလ်၊ ဂိုးမက်ဇ်၊ မက်အယ်လစ္စတာ၊ ဂျုံးစ်၊ ဂရာဗန်ဘာ့ဂျ်၊ ဂျိုတာ၊ ဒီးယက်ဇ်၊ ဂက်ခ်ပို တို့ကို ပွဲထွက်စေခဲ့ပါတယ်။

ဒီပွဲနဲ့ ပတ်သတ်ပြီး အကျဉ်းချုံး ပြောရမယ် ဆိုရင်တော့ အာဆင်နယ် အတွက် ဦးဆောင်ဂိုးကို ဆာကာက သွင်းယူခဲ့ပြီး ပထမပိုင်း ပြီးခါနီးမှာတော့ လစ်ဗာပူးလ်တို့ ချေပဂိုး ပြန်ရခဲ့ပါတယ်။ အာဆင်နယ်ရဲ့ အပြောင်းအလဲတွေက အလုပ်ဖြစ်ခဲ့သလို လစ်ဗာပူးလ် နောက်တန်းက ဗန်ဒိုက်ခ်နဲ့ ဂိုးသမား အလီဆွန်တို့ ပေးတဲ့ လက်ဆောင် ကိုတော့ မာတင်နယ်လီက အကောင်းဆုံး အသုံးချနိုင်ခဲ့လို့ ဂန်းနားတို့ ဒုတိယဂိုး ရခဲ့ပါတယ်။ ပွဲပြီးခါနီး မှာတော့ ထရော့ဆက်ဒ်က တစ်ကိုယ်တော် ခြေစွမ်းနဲ့ တတိယဂိုး သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ အာဆင်နယ်တို့ ၃-၁ နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လစ်ဗာပူးလ်ဟာ ကလော့ပ် လက်ထက် အာဆင်နယ်ကို ပရီးမီးယားလိဂ်မှာ အဝေးကွင်း ၂ ပွဲဆက် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။
ခံစစ် အမှားတွေကြောင့် အာဆင်နယ်ကို ဂိုးပြတ် ရှုံးခဲ့တဲ့ လစ်ဗာပူးလ်

အာဆင်နယ်တို့ ပွဲစဉ် အများစုမှာ လစ်ဗာပူးလ် ဘက်ကို လွှမ်းမိုးထားနိုင်ခဲ့ပြီး ကစားကွက် အချိတ်အဆက်မိမိနဲ့ ပုံစံကောင်း ပြသနိုင်ခဲ့ပါတယ်။ ဂန်းနားတို့ သိပ်ကောင်းတဲ့ ပုံစံ တရပ် နဲ့အတူ ထိုက်တန်တဲ့ နိုင်ပွဲတစ်ပွဲကို အကောင်းဆုံး ရယူပြနိုင်ခဲ့တယ်လို့ ပြောလို့ ရပါတယ်။ အာဆင်နယ်မှာ စိတ်ဆန္ဒ ပြင်းပြမှု ၊ ကြိုးစား အားထုတ်မှု ၊ နည်းစနစ်ပိုင်း အသာစီး ရယူနိုင်မှု စတဲ့ အရာတွေ တွေ့မြင်ခဲ့ရပါတယ်။ ဂျော်ဂျင်ဟိုနဲ့ ရိုက်စ်ရဲ့ Double Pivot၊ အော်ဒီဂတ်နဲ့ ကိုင်ရဲ့ တွဲဖက်မှု၊ အဲ့ဒီ လေးယောက်ရဲ့ Box Midfield ကစားဟန်ဟာ တော်တော်လေး အလုပ် ဖြစ်ခဲ့ပါတယ်။

ဆာကာ ကလည်း ကွင်းလယ်မှာ Overloads တွေ ဖန်တီးရင်း Wide Channels ‌တွေကနေ Central Zones တွေကို တိုးဝင်ပြီး False Strikers ဆန်ဆန် ကစားခဲ့ပြီး ထုံးစံ အတိုင်း မာတင်နယ်လီ ကလည်း အာနိုးလ် ဘက်ကနေ အကောင်းဆုံး ဒုက္ခပေးသွားခဲ့ပါတယ်။ ဇင်ချန်ကို, ကို ထုတ်ပြီး ခီဗီယောကို ထည့်သွင်း ကစားလိုက်လို့ ပရိသတ်‌ တချို့ သဘောမကျခဲ့ပေမယ့် မီခဲလ် အာတေးတားရဲ့ နည်းစနစ်ပိုင်း ပြောင်းလဲမှု မှန်ကန်ခဲ့ပြီး ခီဗီယာ ကလည်း ဇင်ချန်ကိုထက် ခံစစ်ကို ပိုမို လုံခြုံစေခဲ့ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ဂျော်ဂျင်ဟို ရရှိခဲ့ပြီး ဒီအီတလီ ကွင်းလယ်လူရဲ့ Control ကောင်းမွန်မှုကလည်း MOTM နဲ့ ထိုက်တန်ခဲ့ပါတယ်။ ထပ်ပြီး ချီးကျူးရမှာက လီအန်ဒရို ထရော့ဆက်ဒ် ဖြစ်ပြီး Super Sub ဖြစ်ကြောင်း ထပ်မံ သက်သေပြနိုင်ခဲ့ပါတယ်။ ခံစစ်ပိုင်း ကလည်း ပထမပိုင်း ပြီးခါနီး အမှားတစ်ခု ကျူးလွန်ခဲ့တာက လွဲရင် ကျစ်လျစ်လွန်းခဲ့ပါတယ်။

ပရီးမီးယားလိဂ်
ခရစ္စတယ်ပဲလေ့စ်
ချဲလ်ဆီး
1X2 ချယ်လ်ဆီး @ 1.93
ဂိုး‌ပေါ်် 2.50 @ 1.88
စုစုပေါင်းဂိုးအရေအတွက် 2-3 @ 1.92
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လစ်ဗာပူးလ် ကတော့ ခံစစ်ပိုင်း အမှားများခဲ့ပြီး ရုပ်ပေါက်ခဲ့သလို တောင်ပံတွေနဲ့ တိုက်စစ်ပိုင်း ကလည်း ဒီပွဲမှာ အလုပ်သိပ်မဖြစ်ခဲ့ပါဘူး။ တစ်ပွဲလုံး အတိုင်းအတာနဲ့ အာဆင်နယ်ဘက်ကို ဂိုးပေါက်တည့်မှု ၁ ကြိမ်သာ ရှိခဲ့တဲ့ အထိ လစ်ဗာပူးလ် တိုက်စစ်က သေဆုံးခဲ့တာပါ။ လစ်ဗာပူးလ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ ၂ ပွဲသာ ရှိခဲ့ပြီး မြောက်လန်ဒန်မှာပဲ ရှုံးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်ဟာ ကလော့ပ် လက်ထက် အာဆင်နယ်ကို ပရီးမီးယားလိဂ်မှာ အဝေးကွင်း ၂ ပွဲဆက် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။

ဒီပွဲ ရလဒ်ကြောင့် လစ်ဗာပူးလ်တို့ အမှတ်ပေးဇယား ဒုတိယနေရာက အာဆင်နယ်ကို ၂ မှတ်သာ ဖြတ်ထားနိုင်ပြီး တတိယနေရာက မန်စီးတီးထက် ၂ ပွဲ ပိုကစားပြီး ၅ မှတ်သာ ဖြတ်ထားနိုင်ပါတော့တယ်။ အာဆင်နယ်ဟာ လာမယ့် ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ဝက်စ်ဟမ်းနဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရဖို့ ရှိပြီး လစ်ဗာပူးလ် ကတော့ ၁၀ ရက်နေ့မှာ ဘန်လေနဲ့ ကစးရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်