နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နည်းပြ အပါအဝင် ကစားသမားတွေရဲ့ တစ်ဦးချင်း အမှားတွေကြောင့် အဝေးကွင်း ၃ ပွဲဆက် ရှုံးခဲ့တဲ့ အာဆင်နယ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

အဲဗာတန် ၂ – ၁ အာဆင်နယ်

အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် (၁၅)ရဲ့ နောက်ကျပွဲ အဖြစ် အဲဗာတန်နဲ့ အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားခဲ့ပြီး အိမ်ရှင် အဲဗာတန်က ဂူဒီဆင်ပါ့ခ်မှာ ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အာဆင်နယ်တို့ မာတင် အိုဒီဂတ်ရဲ့ အစောပိုင်း သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နည်းပြ အာတေးတာရဲ့ နည်းဗျူဟာ အမှား၊ ကစားသမားတွေရဲ့ တစ်ဦးချင်း စွမ်းဆောင်ရည် လိုအပ်ချက်တွေကြောင့် ရှုံးနိမ့်သွားခဲ့ရတာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

အရှုံး ကနေ အနိုင်ရလဒ် ပြန်လည် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အဲဗာတန် အတွက် ကတော့ အနိုင် ၃ မှတ်ဟာ ထိုက်တန်ခဲ့ပြီး ပရီးမီးယားလိဂ် ၈ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၂ နေရာကို တက်လှမ်းနိုင်ခဲ့တဲ့ အဲဗာတန် ခရစ္စတယ်ပဲလေ့စ်

နည်းပြ အာတေးတားရဲ့ အသင်းက ၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ဂိုးမှာ အာရွန် ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ကီရင် တီယာနီ၊ ဂါဘရီရယ်၊ ဘန်ဝှိုက်၊ တိုမီယာဆု၊ ကွင်းလယ်မှာ ဒဏ်ရာက ပြန်လည် သက်သာလာတဲ့ ဂရန်းနစ် ချာကာနဲ့ သောမက်စ်ပါတေးကို တွဲဖက် ကစားစေခဲ့ပါတယ်။ တောင်ပံနဲ့ တိုက်စစ် မှာတော့ ဘူကာယို ဆာကာ၊ မာတင်အိုဒီဂတ်၊ ဂါဘရီရယ် မာတင်နယ်လီ၊ အလက်ဇန္တား လာကာဇက်တို့ ပါဝင်လာခဲ့ပါတယ်။ အိမ်ရှင် အဲဗာတန် ကတော့ ၄-၄-၁-၁ ကစားကွက်နဲ့ ပြန်လည် ရင်ဆိုင်ခဲ့ပြီး ရစ်ချာလီဆင်၊ တောင်ဆန်၊ ဒမ်မာရီ ဂရေး၊ ဒူကိုရေး၊ အဲလန်၊ မီနာ၊ ကိန်း၊ ကိုးလ်မန်း၊ ပစ်ခ်ဖို့ဒ် တို့နဲ့ လူစုံခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဧည့်သည် အာဆင်နယ် အနေနဲ့ ဘောလုံး ပိုင်ဆိုင်မှု အသာစီးရယူပြီး ကစားနိုင်ခဲ့သလို ဂိုးရရန် ကြိုးပမ်းမှု၊ အခွင့်အရေး ဖန်တီးမှု အပိုင်းတွေမှာ သာလွန်ခဲ့ပေမယ့် အဲဗာတန် ကတော့ ဂိုးပေါက် ခြိမ်းခြောက်မှုနဲ့ ဂိုးပေါက်တည့်မှု တွေမှာ အနည်းငယ် ပိုသာခဲ့တာ တွေ့ရပါတယ်။ ပထမပိုင်း ပွဲပြီးခါနီးနဲ့ ဒုတိယပိုင်း ၅၈ မိနစ်မှာ အဲဗာတန် တိုက်စစ်က ရစ်ချာလီဆင် သွင်းယူခဲ့တဲ့ နှစ်ဂိုးလုံး VAR ပြန်ကြည့်ပြီး လူကျွံဘော အဖြစ် သတ်မှတ်ပေးခဲ့လို့ အာဆင်နယ်တို့ ကံကောင်းခဲ့ပါတယ်။ အာဆင်နယ် အတွက် တစ်လုံးတည်းသော ဂိုးကိုတော့ ဘယ်တောင်ပံက ကီရင် တီယာနီ ဖြတ်တင်ပေးတာကို မာတင်အိုဒီဂတ်က ပစ်ခ်ဖို့ဒ်ရဲ့ ညာဘက်ထောင့်ထဲကို ပိတ်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ခြေစွမ်းပြနေတဲ့ တီယာနီ အစား နူနိုတာဗာရက်စ်၊ မာတင်နယ်လီ အစား အန်ကတ်တီးယား၊ လာကာဇက် အစား အော်ဘာမီယန်းတို့ကို ထည့်သွင်း ကစားစေခဲ့လို့ အာဆင်နယ်တို့ ကစားအား သိသိသာသာ ကျသွားခဲ့ပြီး အိမ်ရှင် အသင်းလည်း အခွင့်အရေးတွေ ပိုရလာခဲ့ပါတယ်။ ဒါကြောင့် ၇၉ မိနစ်မှာ ရစ်ချာလီဆင်ရဲ့ ချေပဂိုးနဲ့ မိနစ် ၉၀ မှာ ဒမ်မာရီ ဂရေး တို့ရဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုပေးခဲ့ရလို့ ၂-၁ ရလဒ် ဖြစ်သွားခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ အိုဒီဂတ်၊ အော်ဘာမီယန်း၊ အန်ကတ်တီးယားတို့ ချေပဂိုး ရဖို့ ကြိုးပမ်းခဲ့သလို ဂိုးရဖို့လည်း နီးစပ်ခဲ့ပေမယ့် အဆုံးသတ် အားနည်းချက်တွေကြောင့် ၂ ဂိုး ၁ ဂိုး ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

အရှုံး ကနေ အနိုင်ရလဒ် ပြန်လည် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အဲဗာတန် အတွက် ကတော့ အနိုင် ၃ မှတ်ဟာ ထိုက်တန်ခဲ့ပြီး ပရီးမီးယားလိဂ် ၈ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ အာဆင်နယ် ကတော့ အဝေးကွင်း ၃ ပွဲဆက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်း ရလဒ်ဆိုး တစ်ခုနဲ့ ထပ်မံ ရင်ဆိုင်သွားခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်တို့ အမှတ်ပေးဇယား အဆင့် ၇ နေရာ ပြန်လည် ကျဆင်းသွားခဲ့ပြီး အဲဗာတန် ကတော့ အဆင့် ၁၂ နေရာ အထိ ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

အာဆင်နယ်ကို ရှုံးပွဲတွေ့စေခဲ့တဲ့ အဓိက တရားခံ ကတော့ နည်းပြ မီခယ် အာတေးတားလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ပွဲအစထဲက ကစားပုံ မကောင်းခဲ့တာ မှန်ပေမယ့် ဘယ်တောင်ပံ တစ်လျှောက် ခံစစ် ကနေ တိုက်စစ် အထိ ခြေစွမ်းပြ ကစားနေတဲ့ ကီရင် တီယာနီကို အမှားများတဲ့ နူနို တာဗာရက်စ်နဲ့ လူစားလဲခဲ့တာနဲ့ အန်ကတ်တီးယားလို တစ်ပွဲနဲ့ တစ်ပွဲ ခြေစွမ်း အတက်အကျ မမှန်တဲ့ ကစားသမားကို ထည့်သွင်း ကစားစေခဲ့တာဟာ နည်းပြ ဖြစ်သူရဲ့ ကြီးမားတဲ့ နည်းစနစ်ပိုင်း အမှားလို့ ပြောရမှာ ဖြစ်ပါတယ်။ တိုမီယာဆု မျက်နှာကို ရည်ရွယ်ချက် ရှိရှိ နင်းခဲ့တဲ့ ဘန်ဂေါ့ဖရေးရဲ့ လုပ်ရပ်ဟာ အနီကတ် ပြသခံရသင့်ပေမယ့် ကွင်းလယ်ဒိုင်နဲ့ VARရဲ့ ဆုံးဖြတ်ချက် ကတော့ အငြင်းပွားစရာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲ ပြောပြော အနိုင်ဂိုး ရသွားတဲ့ အချိန်တိုင်း ခံစစ်ကို ပိတ်ကစားဖို့ ကြိုးစားတဲ့ အာတေးတားရဲ့ နည်းစနစ် ကတော့ မေးခွန်းထုတ်စရာ ရှိလာခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပြီး ဒီလို ပုံစံ အတိုင်းသာ ဆက်သွားနေမယ် ဆိုရင် အာဆင်နယ်တို့ မျှော်လင့်ထားတဲ့ အတိုင်း ထိပ်ဆုံး ၄ သင်း စာရင်းဝင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ပဲ ဆိုချင်ပါတယ်။ အဲဗာတန်တို့ Bounce Back ဖြစ်တဲ့ ပွဲမှ ခြေစွမ်း မကောင်းခဲ့တာ ကလည်း ဂန်းနားတို့ ဒီပွဲကို ရှုံးနိမ့်စေဖို့ အကြောင်းအရင်း တစ်ခု ဖြစ်ခဲ့တယ်လို့ ပြောလို့ ရပါတယ်။

ပရီးမီးယား လိဂ်
ချဲလ်ဆီး
လိဒ် ယူနိုက်တက်
ဂိုးပေါ် 3.00 @ 2.02
1X2 သရေ (Draw) @ 5.20
ဂိုးပေါင်း 2-3 @ 2.09
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လာမယ့်ပွဲစဉ်များ

အဲဗာတန် အနေနဲ့ လာမယ့် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားဖို့ ရှိပြီး အာဆင်နယ် ကတော့ ၁၁ ရက်နေ့မှာ ဆောက်သမ်တန်နဲ့ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်