နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရလဒ်ဆိုးတွေ အောက်ကနေ ရုန်းထွက်ရမယ့် အာဆင်နယ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

countdown banner

အာဆင်နယ် – ခရစ္စတယ်ပဲလေ့စ်

ပရီးမီးယားလိဂ်မှာ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေတဲ့ အာဆင်နယ် ကတော့ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်း အမ်းမရိတ်စ်မှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၃ ပွဲ ဆက်တိုက် အနိုင်ရထားခဲ့တဲ့ အာဆင်နယ်တို့ ဒီတစ်ကြိမ်မှာရော ရလဒ်ကောင်းနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မီခဲလ် အာတေးတားရဲ့ အသင်းက ဒီရာသီမှာ အာရုံစိုက်စရာဆိုလို့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပဲ ကျန်ရှိပါတော့တယ်။ ချန်ပီယံလိဂ်မှာ ရှုံးထွက် တက်ထားခဲ့ပေမယ့် ပရီးမီးယားလိဂ် မှာတော့ နောက်ပိုင်း ပွဲစဉ်တွေမှာ တောက်လျောက် ရလဒ်ပိုင်း ယိမ်းယိုင်ခဲ့ပြီး လက်ရှိမှာ အဆင့် ၄ နေရာ အထိ ရောက်ရှိနေခဲ့ပါတယ်။ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လစ်ဗာပူးလ်နဲ့ ၅ မှတ် ကွာဟနေပြီး မန်စီးတီးနဲ့တော့ ၃ မှတ်၊ တစ်ပွဲ ပိုကစားထားတဲ့ အက်စတွန်ဗီလာနဲ့လည်း ၃ မှတ် ကွာဟနေပါတယ်။ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့တဲ့ အာဆင်နယ်တို့ ဒီပွဲမှာ ဘယ်လို ပုံစံမျိုးနဲ့ ရုန်းထွက်လာမလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရှိနေတဲ့ ခရစ္စတယ်ပဲလေ့စ် ကလည်း ခြေစွမ်းရော၊ ရလဒ်ပိုင်းမှာပါ အားရစရာ မရှိပါဘူး။ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားတဲ့ အထိ ရွိုင်းဟော့ဒ်ဆန်ရဲ့ အသင်းက စုတ်ပြတ်သတ်နေတာ ဖြစ်ပါတယ်။

နှစ်သင်းစလုံး ကတော့ အက်ဖ်အေဖလား ပြိုင်ပွဲ ကနေ အသီးသီး ထွက်ခွာထားကြရတဲ့ အသင်းတွေ ဖြစ်ပါတယ်။


နှစ်ဖက်အသင်း သတင်းများ

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရှိနေတဲ့ ခရစ္စတယ်ပဲလေ့စ် ကလည်း ခြေစွမ်းရော၊ ရလဒ်ပိုင်းမှာပါ အားရစရာ မရှိပါဘူး။
ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ ၁ ပွဲသာ နိုင်ထားတဲ့ ခရစ္စတယ်ပဲလေ့စ်

အာဆင်နယ် ဘက်မှာ တိုမီယာဆုနဲ့ အယ်လ်နီနီ တို့ နိုင်ငံပွဲတွေ သွားရောက် ကစားနေပြီး ပါတေး၊ တင်ဘာ၊ ဂျေဇုစ်၊ ဖေဘီယို ဗီအဲရာ တို့ကလည်း ဒဏ်ရာကြောင့် လွဲချော်ကြမှာ ဖြစ်ပါတယ်။ အဓိက ဘယ်နောက်ခံလူ တစ်ဦး ဖြစ်တဲ့ ဇင်ချန်ကို ကလည်း ပါဝင်လာဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

ခရစ္စတယ်ပဲလေ့စ် ဘက်မှာလည်း အဓိက ကစားသမား တချို့ ပါဝင်ကစားပေးနိုင်မှာ မဟုတ်ပဲ အာယူး၊ ဆမ်ဂျွန်စတုန်းစ်၊ ဟိုးလ်ဒင်း၊ ဖာဂူဆန်၊ ဝက်ဒ်၊ ဆက်ရီနဲ့ ဒူကိုရေးတို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

အာဆင်နယ် – ရာယာ၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ ခီဗီယော၊ ဂျော်ဂျင်ဟို၊ အိုဒီဂတ်၊ မာတီနယ်လီ၊ ဆာကာ၊ ဟာဗတ်ဇ်

ခရစ္စတယ်ပဲလေ့စ် – ဒင်းန် ဟန်ဒါဆန်၊ ကလိုင်း၊ အန်ဒါဆင်၊ ဂေးဟ်၊ မစ်ချဲလ်၊ လာမာ၊ ခရစ္စ ရစ်ချက်ဒ်၊ အီးဇီး၊ ရှလက်ပ်၊ ဖရန်ကာ၊ မက်တေးတား

ပရီးမီးယားလိဂ်
ဘရန့်ဖို့ဒ်
နော်တင်ဟမ် ဖောရက်စ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်း အကြား နောက်ဆုံး ၂၁ ကြိမ် တွေ့ဆုံရာမှာ အာဆင်နယ်က ၁၂ ကြိမ် အနိုင်ရပြီး ခရစ္စတယ်ပဲလေ့စ်က ၃ ကြိမ်သာ ပြန်လည် အနိုင်ရခဲ့ပါတယ်။ ၆ ကြိမ် ကတော့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ တွေ့ဆုံမှုမှာတော့ အာဆင်နယ်က ၃ ကြိမ် နိုင်ပြီး ခရစ္စတယ်ပဲလေ့စ်က ၁ ကြိမ် နိုင်ခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်‌တော့ အာဆင်နယ်က ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၃ ပွဲ ရှုံးထားပြီး ခရစ္စတယ်ပဲလေ့စ် ကလည်း ၁ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၂ ပွဲ ရှုံးထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့ 1X2 မှာ အာဆင်နယ် နိုင်ရင် ၁.၃၀ ဆ၊ ခရစ္စတယ်ပဲလေ့စ် နိုင်ရင် ၈.၀၀ ဆနဲ့ သရေဆိုရင် ၄.၈၇ ဆပါ။ Handicap မှာ အာဆင်နယ်က အနိမ့်ဆုံး ၁ လုံး အရှုံးလောက် ပေါက်ပြီး ဂိုးပေါင်း ကတော့ ထုံးစံ အတိုင်း ၃ လုံးလောက်မှာ အပြည့် ပျော်ရမယ့် အခြေအနေပါ။ လန်ဒန်ဒါဘီ ဖြစ်ပေမယ့် ခြေစွမ်းချင်းက ကွာဟပါတယ်။ အာဆင်နယ် ဘယ်လောက်ပဲ ခြေကျနေပါစေ ပဲလေ့စ် ကိုတော့ အမ်းမရိတ်စ်မှာ အနိုင်မကန်နိုင်စရာ အကြောင်း မရှိပါဘူး။ အပြန်အလှန် သွင်းဂိုးတွေ ရှိလာနိုင်ပြီး အခန့်မသင့်ရင် အာဆင်နယ် ဂိုးပြတ် နိုင်နိုင်ချေ ရှိပါတယ်။

ခန့်မှန်းပွဲပြီးရလဒ်

အာဆင်နယ် ၃-၁ ခရစ္စတယ်ပဲလေ့စ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်