နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဇာဗီ ဆီမွန်ကို ဘာဆာနဲ့ အပြိုင် ကြိုးပမ်းကြမယ့် အာဆင်နယ်နဲ့ ဘေယန်မြူးနစ် | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်နဲ့ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ် တို့ဟာ ဘာစီလိုနာက မျက်စိကျနေတဲ့ ဇာဗီ ဆီမွန်ကို အပြိုင်အဆိုင် ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။

အသက် ၂၁ နှစ် အရွယ် နယ်သာလန် ကြယ်ပွင့် ဆီမွန်ဟာ လိုက်ပ်ဇစ်မှာ အငှားနဲ့ သွားရောက် ကစားနေစဉ် အတွင်း အထင်ကြီးလောက်တဲ့ ခြေစွမ်းတွေ ပြသနေတာကြောင့် ဥရောပထိပ်သီး ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေသူပါ။ ဆီမွန်ဟာ လိုက်ပ်ဇစ် အတွက် ပြိုင်ပွဲ အရပ်ရပ် ၄၂ ပွဲ ပါဝင်ကစားထားပြီး ၉ ဂိုး သွင်းကာ ဖန်တီးမှု ၁၃ ကြိမ် အထိ ပြုလုပ်ထားသူ ဖြစ်ပါတယ်။ ဆီမွန်ဟာ ဟော့ဖန်ဟိမ်းနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ အနီကတ် ပြထုတ်ပယ်ခံခဲ့ရတာကြောင့် လက်ကျန် ပွဲစဉ် ၂ ပွဲကို လွဲချော်ခဲ့ပြီး လိဂ် နောက်ဆုံး ပွဲစဉ် မှာလည်း ပွဲဝင်ကစားနိုင်တော့မှာ မဟုတ်ပါဘူး။

ဒီကစားသမားလေးကို လက်ရှိမှာ ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီက ပိုင်ဆိုင်ထားပြီး ၂၀၁၉ ခုနှစ်မှာ ဘာစီလိုနာ ကနေ ပြန်လည် ဝယ်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဆီမွန်ဟာ ပီအက်စ်ဂျီ အတွက် ၁၁ ပွဲ ပါဝင် ကစားပြီးနောက် နယ်သာလန် ကလပ် ပီအက်စ်ဗွီ အသင်းထံ အငှားချခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း နယ်သာလန် လိဂ်မှာ ၄၈ ပွဲ ကစား ၂၂ ဂိုး သွင်းကာ တောက်ပလာခဲ့တဲ့ ဆီမွန်ကို ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ်က အငှားနဲ့ ထပ်မံ ခေါ်ယူခဲ့ပါတယ်။ ဆက်လက်ပြီး ဆီမွန် အနေနဲ့ လိုက်ပ်ဇစ် မှာလည်း အစွမ်းကုန် တောက်ပပြနေတာကြောင့် လက်ရှိမှာ ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်သီး ကလပ်တွေက အသည်းအသန် လိုချင်နေခဲ့ပြီ ဖြစ်ပါတယ်။

သတင်းတွေ အရ ဆိုရင်တော့ ဇာဗီ ဆီမွန်ကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်က ထိပ်ဆုံးက ပါဝင်နေပြီး ဘေယန်မြူးနစ် ကလည်း လာမယ့် နွေရာသီမှာ ကြိုးပမ်းသွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဒီနှစ်သင်း မတိုင်ခင် ဘာစီလိုနာက သူတို့ရဲ့ ကစားသမားဟောင်းလို့ ပြောရမယ့် ဆီမွန်ကို စပိန်မြေဆီ ပြန်လည် ခေါ်ယူဖို့ စိတ်အားထက်သန်နေတာပါ။ ဆီမွန်ဟာ ဘာဆာရဲ့ ကတ်လာတလန် လူငယ် အကယ်ဒမီမှာ ကိုးနှစ်ကြာ ဖြတ်သန်းခဲ့ပြီး သူကိုယ်တိုင်လည်း ငယ်ဘဝ ကလပ်ဆီ ပြန်သွားချင်နေကြောင့် တချို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီ ဘက်ကတော့ ဆီမွန် အတွက် ဘယ်အသင်းရဲ့ ကမ်းလှမ်းချက်ကို မဆို လက်ခံ စဉ်းစားသွားဖို့ ရှိပြီး ပြောင်းရွှေ့ကြေး ကိုတော့ ယူရို သန်း ၆၀ တနည်းအားဖြင့် ပေါင် ၅၂ သန်း ထက် ပိုပြီး လိုချင်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ငွေကြေး ကြပ်တည်းနေတဲ့ ဘာစီလိုနာ အနေနဲ့ အာဆင်နယ်၊ ဘေယန်မြူးနစ် တို့နဲ့ အပြိုင်အဆိုင် ခေါ်ယူနိုင်ဖို့ မရှိပဲ လက်လျှော့ ရဖွယ် ရှိနေပါတယ်။

အဓိက ကတော့ အာဆင်နယ်ဟာ အသင်းရဲ့ ဂိုးသွင်း စွမ်းရည်ပိုင်း တိုးတက်လာဖို့ အတွက် ဆီမွန်ကို ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဆီမွန်ဟာ ကွင်းလယ် တိုက်စစ် နေရာမှာ သာမက ဘယ်ညာ တောင်ပံ နှစ်ဖက်စလုံးမှာပါ ကစားနိုင်သူ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ် နည်းပြ မီခဲလ် အာတေးတားက ဆာကာ အတွက်လည်း တွန်းအား ဖြစ်စေနိုင်သလို ကစားသမား အင်အား ဖြည့်တင်းမှု တစ်ခု အနေနဲ့ ဆီမွန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

အခုလို သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေချိန်မှာ လိုက်ပ်ဇစ် ဘက်ကတော့ ဇာဗီ ဆီမွန် အတွက် ကမ်းလှမ်းချက်တွေကို ပယ်ချထားခဲ့ကြောင်း သိရပြီး ဒီအချက်ဟာ ဘာစီလိုနာကို ရောက်ရှိဖို့ ရာခိုင်နှုန်း များသွားတယ်လို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။ ဒါပေမယ့်လည်း မိခင် ကလပ် ပီအက်စ်ဂျီ ကတော့ ဆီမွန် အတွက် အဆင်ပြေတဲ့ ကမ်းလှမ်းမှု ရောက်လာခဲ့ရင် ရောင်းထုတ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်