နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကာလာဖီအိုရီကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး ဖြစ်နေတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

countdown banner

ဘိုလော့ဂ်နာရဲ့ အီတလီ နောက်ခံလူ ရီကာဒို ကာလာဖီအိုရီ ကတော့ လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး ဖြစ်နေပြီလို့ သိရပါတယ်။ ဒီကစားသမားလေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဥရောပထိပ်သီးကလပ် များစွာ ရှိပေမယ့် အာဆင်နယ် အသင်းနဲ့ သတင်းတွေ အကျယ်လောင်ဆုံး ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

အသက် (၂၂)နှစ် အရွယ်သာ ရှိသေးတဲ့ ဗဟိုခံစစ်ကစားသမား ကာလာဖီအိုရီဟာ ဘယ်ခြမ်းခံစစ် အပြင် လိုအပ်ရင် လိုအပ်သလို ကွင်းလယ် အထိ တက်ပြီး ကစားနိုင်သူ ဖြစ်တာကြောင့် တိုမီယာဆု၊ တင်ဘား တို့ ရှိနေပေမယ့် အာဆင်နယ်က အသည်းအသန် လိုချင်နေတာ ဖြစ်ပါတယ်။ ကာလာဖီအိုရီဟာ အီတလီ အသင်းနဲ့ အတူ ယူရို ၂၀၂၄ အုပ်စု ပွဲစဉ် ၃ ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့သလို ရှုံးထွက် အဆင့်မှာတော့ ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကာလာဖီအိုရီရဲ့ စွမ်းဆောင်ရည်ကို မျက်စိကျနေတဲ့ အသင်းတွေ ကတော့ လျော့မသွားခဲ့ပဲ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်က အသည်းအသန် လိုက်နေတာ ဖြစ်ပါတယ်။

သတင်းတွေအရ ဆိုရင် အာဆင်နယ်က အိုလက်ဇန်ဒါ ဇင်ချန်နဲ့ ခီဗီယော တို့ကို လက်လွတ်သွားဖွယ် ရှိနေတယ်လို့ သိရတာကြောင့် ဘယ်ခြမ်း ခံစစ် အတွက် ကစားသမားသစ် တစ်ဦးနဲ့ အစားထိုး ဖြည့်တင်းဖို့ ကြံနေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်က ကစားသမားနဲ့ အဆင်ပြေနေပြီလို့ သိရပြီး အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ အတွက် ဘိုလော့ဂ်နာနဲ့သာ ဆက်လက် ညှိနှိုင်း ဆွေးနွေးရဖို့ ရှိနေတာပါ။

ဒါ့အပြင် လစ်ဗာပူးလ်၊ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့လို ပရီးမီးယားလိဂ် ကလပ်တွေကပါ အပြိုင်အဆိုင် စိတ်ဝင်စားလာကြပြီး မော့တာရဲ့ ဂျုဗင်တပ်စ် ဆီပဲ ပြောင်းရွှေ့ဖို့ များခဲ့တာ ဖြစ်ပါတယ်။
ကာလာဖီအိုရီနဲ့ သတင်း အထွက်ဆုံး ဖြစ်နေတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ကာလာဖီအိုရီ အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း (၅၀) ကနေ (၅၅) သန်း ဝန်းကျင်လောက်နဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားဖို့ ရှိနေပါတယ်။ အာဆင်နယ်နဲ့ ဘိုလော့ဂ်နာ တို့ အကြား မှာလည်း တိုမီယာစု အပြောင်းအရွှေ့က စလို့ ဆက်ဆံရေး ကောင်းတွေ ရှိထားတာကြောင့် အပြောင်းအရွှေ့က အပြုသဘောဆောင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘိုလော့ဂ်နာဟာ ကာလာဖီအိုရီကို စိတ်ဝင်စားနေတဲ့ စီးရီးအေ ပြိုင်ဘက် ဂျူဗင်တပ်စ်ဆီ စေလွှတ်လိုခြင်း မရှိတာကြောင့် အာဆင်နယ်တို့ အလေးသာနေတာ ဖြစ်ပါတယ်။ ဘိုလော့ဂ်နာဟာ နည်းပြ ဖြစ်သူ သီယာဂို မော့တာ ကိုလည်း ဂျူဗင်တပ်စ် အသင်းထံ ပြောင်းရွှေ့ခွင့်ပြုထားခဲ့ရတာ ဖြစ်ပါတယ်။

ကာလာဖီအိုရီကို သူရဲ့ ဆရာဟောင်း သီယာဂို မော့တာ ကိုင်တွယ်နေတဲ့ ဂျုဗင်တပ်စ် အပြင် ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ လေဗာကူဆင် တို့ကလည်း စိတ်ဝင်စားနေတာပါ။ ဒါ့အပြင် လစ်ဗာပူးလ်၊ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့လို ပရီးမီးယားလိဂ် ကလပ်တွေကပါ အပြိုင်အဆိုင် စိတ်ဝင်စားလာကြပြီး မော့တာရဲ့ ဂျုဗင်တပ်စ် ဆီပဲ ပြောင်းရွှေ့ဖို့ များခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်ထိ ကစားသမားကို အာဆင်နယ်နဲ့ ချဲလ်ဆီး တို့ကသာ ကမ်းလှမ်းချက်တွေ ပေးပို့ထားပြီး ဂျူဗင်တပ်စ် ကတော့ စောင့်ကြည့်နေတဲ့ အဆင့်မှာသာ ရှိနေတာ ဖြစ်ပါတယ်။ အာဆင်နယ် ကတော့ ကာလာဖီအိုရီ အတွက် သူနဲ့ ပတ်သက်လို့ အသင်း ဘက်ကနေ စီစဉ်ထားတဲ့ နှစ်ရှည် စာချုပ် အပြင် အသင်းရဲ့ အနာဂတ် စီမံကိန်းတွေ ကိုပါ ချပြ ကမ်းလှမ်းထားတယ်လို့ သိရပြီး ကစားသမား ဘက်ကလည်း ဒီကမ်းလှမ်းမှု အပေါ် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်