နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကလော့ပ် အင်္ဂလန်ကို ကိုင်တွယ်ခဲ့မယ် ဆိုရင် ကြီးမားတဲ့ အံ့အားသင့်စရာ ဖြစ်လာမယ် ဆိုတဲ့ အာနိုးလ် | ပရီးမီးယားလိဂ်

ယာဂင် ကလော့ပ် အနေနဲ့ အင်္ဂလန် နည်းပြ ရာထူးကို လက်ခံခဲ့မယ် ဆိုရင်တော့ ကြီးမားတဲ့ အံ့အားသင့်စရာ ဖြစ်လာလိမ့်မယ်လို့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် နောက်ခံလူ ထရန့် အလက်ဇန္တား အာနိုးလ်က ပြောကြားလိုက်ပါတယ်။

ကလော့ပ်နဲ့ အာနိုးလ်တို့ဟာ ဆရာတပည့်တွေ အဖြစ် ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်မှာ ၈ ရာသီကြာ လက်တွဲခဲ့သူတွေ ဖြစ်ပြီး သူ့ရဲ့ နည်းပြဟောင်းနဲ့ ပတ်သတ်လို့ အခုလိုပဲ ပွင့်ပွင့်လင်းလင်း ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အာနိုးလ်ရဲ့ ပြောကြားချက်ဟာ အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် အနေနဲ့ ဆောက်ဂိတ် အလွန် နည်းပြသစ် နေရာ အတွက် ကလော့ပ်ကို ချိတ်ဆက်ထားတယ် ဆိုတာ အတည်ပြုလိုက်သလိုလဲ ဖြစ်ခဲ့ပါတယ်။ ကလော့ပ်ဟာ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကို ကိုင်တွယ်ပြီးကတည်းက အချိန်ကာလ တစ်ခု အထိ အနားယူနေဦးမှာ ဖြစ်ကြောင်း တရားဝင် ပြောကြားထားသူပါ။ ဒါ့အပြင် ဂျာမန်သား နည်းပြက အမေရိကန် အသင်းရဲ့ နည်းပြ ရာထူး အတွက် ကမ်းလှမ်းမှုကိုတောင် ချက်ချင်း ပယ်ချထားခဲ့ပါသေးတယ်။

ဆောက်ဂိတ် ကတော့ ယူရို ၂၀၂၄ ပြိုင်ပွဲ အပြီးမှာ အင်္ဂလန် နည်းပြ ရာထူး ကနေ နှုတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ ဆောက်ဂိတ်ဟာ ဆမ် အာလာဒိုက်စ်ရဲ့ နေရာကို လက်လွှဲရယူခဲ့ပြီး အင်္ဂလန် အသင်းကို ၂၀၁၆ ခုနှစ်မှာ စတင် ကိုင်တွယ်ခဲ့သူ ဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ယူ ၂၁ နည်းပြ အဖြစ် ၂၀၁၃ ကနေ ၂၀၁၆ ခုနှစ် အထိ လုပ်ကိုင်ခဲ့ပြီး အင်္ဂလန် စီနီယာ အသင်းကြီးကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်ဟာ ဆောက်ဂိတ် တာဝန်ယူနေစဉ် ကာလ အတွင်းမှာ အဓိက ပြိုင်ပွဲကြီးတွေရဲ့ နောက်ဆုံး အဆင့်တွေကို ရောက်ရှိခဲ့ပြီး ဆုဖလားမရခဲ့ပေမယ့် အတိုင်းအတာ တစ်ခု အောင်မြင်မှု ရယူပေးနိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

လက်ရှိမှာ အင်္ဂလန်က နယူးကာဆယ် နည်းပြ အက်ဒီဟောင်းဝ် အပါအဝင် အသင်း လက်မဲ့ ဖြစ်နေတဲ့ မော်ရူစီယို ပိုချက်တီနိုနဲ့ ယာဂင် ကလော့ပ် တို့ကို ပစ်မှတ်ထားနေသလို မန်စီးတီး လက်ရှိ နည်းပြ ပပ် ဂွာဒီယိုလာ ကိုလည်း စောင့်ဆိုင်းနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့်လည်း မကြာသေးခင်က အန်ဖီးလ်မှာ သူ့ရဲ့ ၉ နှစ်ကြာ ကိုင်တွယ်မှုကို အဆုံးသတ်ဖို့ ရွေးချယ်ခဲ့တဲ့ ကလော့ပ် အနေနဲ့ အင်္ဂလန်ကို ကိုင်တွယ်ခဲ့မယ်ဆိုပါက ကြီးမားတဲ့ အံ့အားသင့်မှု တစ်ခု ဖြစ်လာမယ်လို့ လစ်ဗာပူးလ် နောက်ခံလူ အာနိုးက ယုံကြည်နေတာ ဖြစ်ပါတယ်။

အာနိုးလ်က “သူနဲ့ တွဲလုပ်ရတဲ့ အချိန်တိုင်း ကျွန်တော် ပျော်ပါတယ်။ ကျွန်တော်တို့ဟာ အံ့အားသင့်ဖွယ် အမှတ်တရတွေကို မျှဝေခဲ့ကြပါတယ်။ အံ့အားသင့်ဖွယ် ဆက်ဆံရေးနဲ့ နှောင်ကြိုးတွေ ဖန်တီးခဲ့ကြပါတယ်။ သူ့ အနေနဲ့ အင်္ဂလန် နည်းပြ ရာထူးကို လက်ခံရင် ကျွန်တော် အံ့သြမိပါလိမ့်မယ်။ သူထွက်သွားတုန်းက ကြေငြာခဲ့တာက ရှင်းပါတယ်။ သူနဲ့ ကျွန်တော် စကားပြောဖူးတယ်၊ အရာအားလုံး ဆိုရှယ်မီဒီယာ ပေါ်မှာ ဖော်ပြနေကြတာပါ။ သူ့ရဲ့ အားလပ်ချိန်တွေမှာ ပျော်ရွှင်နေပုံရပါတယ်။ ဆိုတော့က ဒါဟာ အံ့သြစရာကြီးပါပဲ။” လို့ ဆိုပါတယ်။

ကလော့ပ်ဟာ လက်ရှိမှာ ဘယ်အသင်း ကိုမှ ကိုင်တွယ်ဖို့ မရှိသေးပေမယ့် LFC ဖောင်ဒေးရှင်းရဲ့ ပထမဦးဆုံး ဂုဏ်ထူးဆောင် သံတမန် အလုပ် ကိုတော့ လက်ခံထားပါတယ်။ အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်ဟာ လက်ရှိမှာ ဆောက်ဂိတ်ရဲ့ နေရာကို ဆက်ခံမယ့် သူကို အပူတပြင်း ရှာဖွေနေပြီး ၂၀၂၆ ကမ္ဘာ့ဖလား မတိုင်မီ နည်းပြသစ် တစ်ဦး ခန့်အပ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်