နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက် နည်းပြသစ် ဖြစ်လာတော့မယ့် အမော်ရင် | ပရီးမီးယားလိဂ်

ပေါ်တူဂီ လူမျိုး လူငယ် နည်းပြ ရူဘင် အမော်ရင် ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ တကယ်တော့ အမော်ရင် အနေနဲ့ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာက သူလေးစား အားကျရတဲ့ နည်းပြ ဟိုဆေး မော်ရင်ဟိုလို နည်းပြမျိုး ဖြစ်ချင်နေတာကြောင့် ဖြစ်ကြောင်း သုံးသပ်သူတွေလည်း ရှိနေပါတယ်။ 

လက်ရှိမှာ အသက် ၃၉ နှစ် အရွယ်သာ ရှိသေးတဲ့ ပေါ်တူဂီ ကစားသမားဟောင်းနဲ့ လက်ရှိ စပိုတင်းလစ္စဘွန်း နည်းပြ ရူဘင် အမော်ရင်ဟာ Risk များတဲ့ ယူနိုက်တက် နည်းပြ ရာထူးကို လက်ခံထားခဲ့ပြီလည်း ဖြစ်ပါတယ်။ စပိုတင်းလစ္စဘွန်းကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ကမှ စတင် ကိုင်တွယ်ခဲ့တဲ့ အမော်ရင်က အသင်း အတွက် ပေါ်တူဂီ အမှတ်ပေးဖလား ၂ ကြိမ်၊ ပေါ်တူဂီ ရှုံးထွက်ဖလား ၂ ကြိမ် ရယူပေးထားနိုင်သူ ဖြစ်ပါတယ်။ ဒါ့အပြင် အမော်ရင်က လက်ရှိ ရာသီ မှာလည်း ပေါ်တူဂီ အမှတ်ပေး ပြိုင်ပွဲ မှာပါ ရာနှုန်းပြည့် နိုင်ပွဲတွေနဲ့ အတူ ဇယားထိပ်မှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးထားပါတယ်။ ပေါ်တို၊ ဘင်ဖီကာ တို့လို ထိပ်တန်း ကလပ်တွေကို ကျော်ဖြတ်ပြီး ဆုဖလားတွေ ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးထားတဲ့ အမော်ရင် ကိုတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး၊ လစ်ဗာပူးလ်နဲ့ ချဲလ်ဆီး တို့ကပါ စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ မှာတော့ ယူနိုက်တက်က တန်ဟက်ဂ်ရဲ့ နေရာ အတွက် အမော်ရင်ကို လျင်လျင်မြန်မြန်ပဲ ဆက်သွယ် ကြိုးပမ်းခဲ့ရာမှာ အောင်မြင်သွားခဲ့တာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်က အသင်းမှာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်နဲ့ လက်တွဲ ဖြုတ်ခဲ့ပြီး ရက်ပိုင်း အတွင်းမှာပဲ ယူနိုက်တက်က အမော်ရင်ကို မြန်မြန်ဆန်ဆန်ပဲ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အမော်ရင်နဲ့ စပို့တင်းလစ္စဘွန်း တို့ အကြားမှာ စာချုပ်လျော်ကြေး ယူရို ၁၀ သန်း အထိ သတ်မှတ်ထားပေမယ့် ယူနိုက်တက်က ပေးချေခဲ့တာကြောင့်လည်း နှစ်သင်း အကြား သဘောတူညီမှုလည်း ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် အမော်ရင်ဟာ ယူနိုက်တက်နဲ့ ချဲလ်ဆီး ပွဲစဉ်အမှီ ကိုင်တွယ်သွားဖို့ ရှိနေပါတယ်။ 

ပေါ်တူဂီ နာမည်ကြီး ဂျာနယ်လစ် ဘာလီယာ ကတော့ အမော်ရင် အနေနဲ့ ပေါ်တူဂီလိဂ်မှာ အခြေအနေ ကောင်းနေပေမယ့် ယူနိုက်တက်လို ရုန်းကန်နေရတဲ့ အသင်းထံ ဆိုးကျိုးယူပြီး ပြောင်းရွှေ့ခဲ့တာက မော်ရင်ဟိုလို နည်းပြမျိုး ဖြစ်ချင်နေတာကြောင့် ဖြစ်ကြောင်း သုံးသပ် ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ဘာလီယာက“အခု သူရဲ့ အပြောင်းအရွှေ့က သူ စပိုတင်းလစ္စဘွန်းဆီ ရောက်လာတုန်းကလိုမျိုး risk အရမ်းများတဲ့ အပြောင်းအရွှေ့ ဖြစ်မယ် ဆိုတာ သေချာပါတယ်။ ပေါ်တူဂီ ပြည်တွင်းလိဂ် မှာလည်း အခြေအနေကောင်းနေသလို ဥရောပ ပြိုင်ပွဲမှာလည်း သေချာလုပ်ဆောင်ထားနိုင်တဲ့ အခြေအနေ ကနေ risk ယူရတဲ့ အပြောင်းအရွှေ့ ဖြစ်လာပါလိမ့်မယ်။ တကယ်တော့ သူက သူ့ရဲ့ Idol ဟိုဆေး မော်ရင်ဟိုလို ဖြစ်ချင်နေတာပါ။ မန်ချက်စတာယူနိုက်တက်နဲ့ အတူ ဆုဖလားတွေ ရယူချင်တာကြောင့်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ဘာလီယာက သုံးသပ်သွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်