နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရမ်းစ်ဒေးလ်ကို ခေါ်ယူဖို့ လက်မလျှော့သေးတဲ့ အေဂျက်စ် | ပရီးမီးယားလိဂ်

နယ်သာလန် ထိပ်သီး ကလပ် အေဂျက်စ် ကတော့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်မှာ ပုံမှန် ပွဲခွင့် ပျောက်ဆုံးရတဲ့ ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ကို ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကနဦး အနေနဲ့ အငှားစာချုပ်နဲ့ ကမ်းလှမ်းခဲ့ရာ အာဆင်နယ် ဘက်က ပယ်ချခဲ့တာကြောင့် နောက်ထပ် ကမ်းလှမ်းမှုတွေ ထပ်ပြီး လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ 

အင်္ဂလန် လက်ရွေးစင် ဂိုးသမား ရမ်းစ် ဒေးလ်ဟာ အာဆင်နယ် အတွက် ၂ ရာသီ အတွင်း ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၇၈ ပွဲ အထိ ပါဝင် ကစားပေးခဲ့သူ ဖြစ်ပြီး ပရိသတ် အချစ်တော် ကစားသမားလည်း ဖြစ်ခဲ့သူပါ။ ဒါပေမယ့် သူက ဂန်းနားတွေနဲ့ တတိယမြောက် ရာသီ အရောက် မှာတော့ လိဂ် ၆ ပွဲသာ ကစားခဲ့ရသလို တစ်ရာသီလုံးပေါင်းမှ ပြိုင်ပွဲစုံအရပ်ရပ်မှာ ၁၁ ပွဲသာ ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ မီခဲလ် အာတေးတားဟာ အာဆင်နယ်ကို ပြန်လည် တည်ဆောက်ချိန် အစပိုင်းမှာ ရမ်းစ်ဒေးလ်ကို အကောင်းဆုံး အသုံးချခဲ့ပေမယ့် ဘရန့်ဖို့ဒ် ကနေ ဒါးဗစ် ရာယာကို ခေါ်ယူ အပြီးမှာတော့ ဂျောင်ထိုးခြင်း ခံလိုက်ရတာ ဖြစ်ပါတယ်။

ဒီလို အခြေအနေတွေကို စိတ်ပျက်နေတဲ့ ရမ်းစ်ဒေးလ် ဘက်ကလည်း အာဆင်နယ် ကနေ ထွက်ခွာဖို့ စီစဉ်လာခဲ့ပါတယ်။ လက်ရှိမှာ အာဆင်နယ်မှာ နေရာမရ ဖြစ်နေတဲ့ အင်္ဂလန် လက်ရွေးစင် ဂိုးသမား ရမ်းစ်ဒေးလ်ကို ပရီးမီးယားလိဂ် ကလပ်တွေ အပြင် တခြားသော အသင်းတွေက လည်း စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ် ဘက်ကတော့ သူတို့ရဲ့ ဂိုးသမား အတွက် ပြောင်းရွှေကြေး ပေါင် သန်း ၅၀ အထိ လိုချင်နေတယ်လို့ သိရပါတယ်။

နယ်သာလန် ကလပ် အေဂျက်စ် ကတော့ သူတို့ရဲ့ အဓိက ဂိုးသမား ဖြစ်တဲ့ ရူလီကို မာဆေးလ် အသင်းထံ ယူရို ၃ သန်းထဲနဲ့ ရောင်းချခဲ့ရပြီးတဲ့နောက် မှာတော့ အသင်း အတွက် ဂိုးသမား တစ်ဦး ပြန်လည် ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အေဂျက်စ်က အာဆင်နယ် ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ကို ပစ်မှတ်ထားလာခဲ့ပြီး အရ ခေါ်ယူဖို့လည်း ကြိုးစားနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ရမ်းစ်ဒေးလ်ဟာ ၂၀၂၁ ခုနှစ်မှာ ရှက်ဖီးယူနိုက်တက် ကနေ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့ပြီး နှစ်ရာသီဆက် အာဆင်နယ်ရဲ့ ပင်တိုင် ဂိုးသမား အဖြစ် ရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တတိယမြောက် ရာသီ မှာတော့ ဒေးဗစ် ရာယာ ရောက်ရှိလာခြင်းနဲ့ အတူ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ရပြီး အသင်း ပြောင်းရွှေ့ဖို့ ရှိလာခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိမှာ အာဆင်နယ် ဘက်က ရမ်းစ်ဒေးလ် အတွက် လိုချင်နေတဲ့ ပမာဏက ခေါ်ချင်တဲ့ ကလပ်တွေ အတွက် အနည်းငယ် များပြားနေပါတယ်။ ဒါကြောင့် ခေါ်ယူချင်တဲ့ အသင်းတွေက လက်ရှိမှာ အငှားနဲ့ အရင် ခေါ်ပြီးမှ နောက်ပိုင်း အပြီးသတ် စာချုပ်ချုပ်ဆိုတဲ့ ပုံစံမျိုးနဲ့ ကမ်းလှမ်းဖို့ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ အေဂျက်စ် ကတော့ ရမ်းစ် ဒေးလ်ကို လက်လျှော့သွားမှာ မဟုတ်ပဲ နောက်ထပ် တစ်ကြိမ် ကမ်းလှမ်းဖို့တော့ ရှိနေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်