နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အီမာဆင် ရွိုင်ရယ်နဲ့ ဟမ်းမဲလ်ကို စိတ်ဝင်စားနေတဲ့ အေစီမီလန် | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် အပါအဝင် ဥရောပထိပ်သီးလိဂ်တွေရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ဆက်လက် စုစည်း ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး အသင်းရဲ့ နောက်ခံလူ အီမာဆင် ရွိုင်ရယ် ကိုတော့ အေစီမီလန်နဲ့ ဆော်ဒီပရိုလိဂ် ကလပ်တွေက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒီကစားသမားဟာ မြောက်လန်ဒန် ကလပ်မှာ မျှော်လင့်ထားသလောက် ခြေစွမ်းပြသနိုင်ခြင်း မရှိတာကြောင့် အသင်း ဘက်က ရောင်းထုတ်သွားဖို့ စဉ်းစားနေတာလည်း ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ် ကတော့ ကွင်းလယ် ကစားသမားသစ် တစ်ဦး ရှာဖွေနေတာ ဖြစ်ပါတယ်။ သူတို့ရဲ့ ပစ်မှတ်ထဲမှာတော့ လက်ရှိ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင်က ထိပ်ဆုံးက ပါဝင်နေပြီး နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ နယ်သာလန် ကွင်းလယ် ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့တွေ ကလည်း မန်ချက်စတာယူနိုက်တက်နဲ့ ကောလာဟလတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပေမယ့် ကတ်တာလန် ကလပ်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ် အသင်းနဲ့ Here we go သွားတဲ့ နည်းပြ သီယာဂို မော့တာ ကတော့ ဘိုလော့ဂ်နာက သူ့ရဲ့ ကစားသမားတွေကို ဂျူဗင်တပ်စ်ဆီ ခေါ်ဆောင်သွားဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ မော့တာ အနေနဲ့ တိုက်စစ်မှူး ဂျော်ရွှာ ဇီယက်ဇီးနဲ့ ရီကာဒို ကာလာဖီအိုရီ တို့ကို တူရင် ကလပ်ဆီ တပါတည်း ခေါ်ယူသွားချင်နေတာ ဖြစ်ပြီး ဒီကစားသမား နှစ်ဦးစလုံး ကလည်း ဥရောပထိပ်သီး ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေကြပါတယ်။ ဇီယက်ဇီး ကိုတော့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းက စိတ်ဝင်စားနေတာ ကာလာဖီအိုရီ ကိုတော့ ယူနိုက်တက်နဲ့ ချဲလ်ဆီး တို့က စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

ဆက်လက်ပြီး စီးရီးအေ ထိပ်သီး အေစီမီလန်ဟာ ဒေါ့မန် အသင်းရဲ့ ဝါရင့် နောက်ခံလူ မတ် ဟမ်းမဲလ်စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ ဟမ်းမဲလ်စ်ဟာ အသက် ၄၀ နားကပ်လာပေမယ့် ခံစစ်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေဆဲ ဖြစ်ပြီး ဒေါ့မန်ကို ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ အဓိက ပို့ဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဂျာမန် ဝါရင့် ခံစစ်မှူး ကိုတော့ အေစီမီလန် အပြင် နောက်ထပ် စီးရီးအေ ကလပ် တစ်ခု ဖြစ်တဲ့ ဂျူဗင်တပ်စ် ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဂျော်ဂျီယာ လက်ရွေးစင် တောင်ပံ ကစားသမား ခါဗစ်ချာ ခါဖရာစခီလီယာ ကိုတော့ ပီအက်စ်ဂျီက ပေါင်သန်း ၁၀၀ နဲ့ ကမ်းလှမ်းဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒီကစားသမားဟာ နာပိုလီ အတွက် ခြေစွမ်းပြနေသူ ဖြစ်တာကြောင့် စီးရီးအေ ကလပ် ဘက်ကတော့ ရောင်းထုတ်လိုခြင်း မရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း ပြင်သစ် ကလပ် ဘက်က ပေါင်သန်း ၁၀၀ နဲ့သာ အမှန်တကယ် ကမ်းလှမ်းလာခဲ့ရင် နာပိုလီတို့ လွန်ဆန်နိုင်မယ့် အခြေအနေမျိုး မရှိဘူးလို့လည်း သိရပါတယ်။

နောက်ထပ် ပရီးမီးယားလိဂ် ကလပ် တစ်ခု ဖြစ်တဲ့ ဝက်စ်ဟမ်း ကတော့ ချဲလ်ဆီး နောက်ခံလူ ထရီဗော့ ချာလိုဘာကို ခေါ်ယူဖို့ အတွက် အစဉ်သင့် ဖြစ်နေပြီလို့ သိရပါတယ်။ ချာလိုဘာဟာ နည်းပြသစ် လိုပက်တက်ဂီ လက်ထက်မှာ ဝက်စ်ဟမ်းရဲ့ ပထမဦးဆုံး ကစားသမား ခေါ်ယူမှုလည်း ဖြစ်လာနိုင်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်