နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အခု နွေရာသီ မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာဖို့ ရှိနေတဲ့ ကစားသမား ၄ ဦး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ခပ်သွက်သွက် လှုပ်ရှားနေတဲ့ အသင်း ဖြစ်ပြီးတော့ လက်ရှိမှာတော့ ကစားသမား ၂ ဦး ဝယ်ယူထားပြီးပါပြီ။ လိုင်လီက လီနီ ယိုရို ကို ဗဟိုခံစစ် နေရာ အတွက် အင်အားဖြည့်တင်းထားသလို တိုက်စစ်မှာလည်း ဇီယက်ခ်ဇီးလို့ ကြယ်ပွင့် တစ်ဦး ခေါ်ယူထားပြီး ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ယူနိုက်တက်က မေဆန် ဂရင်းဝုဒ်၊ အဲလ်ဗာရိုး ဖာနန်ဒက်ဇ်၊ ဝီလီ ကမ်ဘွယ်လာ၊ ဗန်ဒိဘိခ် အစရှိတဲ့ ကစားသမား တချို့ကို ရောင်းထုတ်သွားပြီး ဖြစ်သလို တခြားသော ကစားသမား တချို့ ကိုလည်း မကြာခင်မှာ အသင်း ကနေ ထွက်ခွာခွင့် ပေးသွားဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။ ဒီတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် ကနေ ဘယ်ကစားသမားတွေ ထွက်ခွာသွားဖွယ် ရှိသလဲ ဆိုတာ ကြည့်ရအောင်ပါ။

 

အာရွန် ဝမ်ဘစ်ဆာခါ

ကက်စ်မဲရိုး အနေနဲ့ ပရီးမီးယားလိဂ် ကလပ်ကို ရောက်ကာစမှာ အသင်း အတွက် အကောင်းဆုံး ပုံစံတွေ ပြသနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီ ကုန်ခါနီးမှာတော့ ရုန်းကန်ခဲ့ရပါတယ်။
ဝက်စ်ဟမ်းကို ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ ဝမ်ဘစ်ဆာခါ

ယူနိုက်တက်ဟာ အခုနွေရာသီမှာ ညာနောက်ခံလူ အာရွန် ဝမ်ဘစ်ဆာခါကို ဝက်စ်ဟမ်း အသင်းထံ ရောင်းချဖို့ အတွက် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒါဟာ နှစ်ဦး နှစ်ဖက်လုံး အတွက် အကျိုးရှိစေမယ့် အပြောင်းအရွှေ့ တစ်ခုလည်း ဖြစ်လာမယ့် သဘောပါပဲ။ ပြီးခဲ့တဲ့ ရာသီတွေမှာ ဝမ် ဘစ်ဆာခါ အနေနဲ့ သူ့ရဲ့ ပထမ ပွဲထွက်နေရာကို ဒီယိုဂို ဒါးလော့တ်ဆီ လွှဲအပ်ခဲ့ရပြီးတော့ အသင်း ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ခရစ္စတယ်ပဲလေ့စ် ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဝမ်ဘစ်ဆာခါဟာ အိုးထရက်ဖို့ဒ်မှာ ၅ ရာသီ အတွင်း ပွဲပေါင်း ၁၉၀ ကစားပေးခဲ့ပါတယ်။

 

ဂျေဒန် ဆန်ချို

ဒေါ့မန်မှာ အငှားထွက်ကစားပြီးနောက် ယူနိုက်တက်နဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေတဲ့ ဂျေဒန် ဆန်ချို ကတော့ ပရီးမီးယားလိဂ် ကလပ် ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ကြီးနေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာ အဲရစ်ခ် တန်ဟက်ဂ်နဲ့ ပြန်လည် အဆင်ပြေနေတဲ့ ဆန်ချိုက ပြီးခဲ့တဲ့ ရိန်းဂျားစ်နဲ့ ခြေစမ်းပွဲမှာ ပါဝင်ကစားသွားခဲ့ပါသေးတယ်။ ဒါပေမယ့် အသင်း ပိုင်ရှင်တွ ဘက်ကတော့ ဆန်ချိုကို ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ရောင်းထုတ်ချင်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလန် တောင်ပံ ကစားသမား ကတော့ ယူနိုက်တက်မှာ ၃ ရာသီ အတွင်း ၈၂ ပွဲ ကစားပြီး ၁၂ ဂိုး သွင်းယူထားခဲ့ပါတယ်။

 

ဟယ်ရီ မက်ဂွိုင်းယား

မက်ဂွိုင်းယား ကိုလည်း ဒီနွေရာသီ အပြောင်းအရွှေ့မှာ ဝက်စ်ဟမ်း အသင်းက ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ မက်ဂွိုင်းယားက ပြီးခဲ့တဲ့ ရာသီတွေက ယူနိုက်တက်မှာ စိတ်ရောလူပါ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီကစားသမားက ယူနိုက်တက် အတွက် တစ်ရာသီကို အနည်းဆုံး ပွဲပေါင်း ၃၀ ကစားပေးခဲ့ပြီး ပြီးခဲ့တဲ့ ရာသီ ကုန်ခါနီးလောက်မှာတော့ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ ယုံကြည်မှုကို ပြန်ရပြီး ခြေစွမ်းလည်း ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်းကို ကစားသမားသစ် လီနီ ယိုရို ရောက်ရှိလာခြင်းနဲ့ အတူ မက်ဂွိုင်းယား တစ်ယောက် အသင်း ပြောင်းဖို့ များနေခဲ့ပြီ ဖြစ်ပါတယ်။

 

ကက်စ်မဲရိုး

ရီးရဲလ်မက်ဒရစ်နဲ့ အတူ လျှမ်းလျှမ်းတောက် အောင်မြင်မှုတွေ ရခဲ့တဲ့ ကက်စ်မဲရိုး ကတော့ ယူနိုက်တက် ရောက်မှ ရုန်းကန်နေရတယ် ဆိုရင်လည်း မမှားပါဘူး။ ကက်စ်မဲရိုးဟာ ယူနိုက်တက်မှာ နှစ်ရာသီ ဖြတ်သန်းထားပြီး ၈၃ ပွဲ ကစားကာ ၁၂ ဂိုး သွင်းယူထားခဲ့ပါတယ်။ ကက်စ်မဲရိုး အနေနဲ့ ပရီးမီးယားလိဂ် ကလပ်ကို ရောက်ကာစမှာ အသင်း အတွက် အကောင်းဆုံး ပုံစံတွေ ပြသနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ရာသီ ကုန်ခါနီးမှာတော့ ရုန်းကန်ခဲ့ရပါတယ်။ အဓိက ကတော့ ကက်စ်မဲရိုးဟာ ယူနိုက်တက်ရဲ့ ခံစစ် ပြသနာကို ဖြေရှင်းဖို့ အတွက် ကွင်းလယ် ခံစစ် ကနေ ဗဟိုခံစစ်နေရာမှာ ဆင်းကစားခဲ့ရတာကြောင့်လည်း ဖြစ်ပါတယ်။ လက်ရှိမှာ ကက်စ်မဲရိုးကို ဆော်ဒီပရိုလိဂ် ကလပ်တွေက ခေါ်ယူချင်နေပြီး အဲလ်နာဆာနဲ့တော့ သတင်းတွေ အထွက်ဆုံး ဖြစ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်