နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အကြိတ်အနယ် တိုက်ပွဲ ဝင်ကြရဦးမယ့် အသင်း ၃ သင်း | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကတော့ ထုံးစံ အတိုင်း ရာသီကုန်ခါနီးလေ စိတ်ဝင်စားဖို့ ကောင်းလာလေ ဖြစ်ပြီး အခု ဆိုရင်တော့ ဘယ်အသင်းတွေက ချန်ပီယံပြေးလမ်းမှာ ရှိနေသေးလဲ၊ ဘယ်အသင်းတွေ ကတော့ ဥရောပဝင်ခွင့်ရမလဲ၊ ဘယ်အသင်းတွေ ကတော့ တန်းဆင်းရဖို့ နီးစပ်နေပြီလဲ ဆိုတာ ရုပ်လုံးပေါ်နေပြီလဲ ဖြစ်ပါတယ်။

ဒီတော့ ၂၀၂၃-၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုကို ဘယ်အသင်း ကိုင်မြှောက်သွားနိုင်ဖွယ် ရှိသလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ပြောကြရအောင်ပါ။ ဒီနှစ် အမှတ်ပေးချန်ပီယံဆု အတွက် အပြိုင်အဆိုင် ဖြစ်နေတာ ကတော့ အားလုံး သိထားကြတဲ့ အတိုင်း အာဆင်နယ်၊ လစ်ဗာပူးလ်နဲ့ မန်ချက်စတာစီးတီးတို့ ဖြစ်ပါတယ်။ အက်စတွန်ဗီလာနဲ့ စပါးကို ထည့်မတွက်ရခြင်းက သူတို့ အသင်းရဲ့ လက်ရှိခြေစွမ်းနဲ့ ရမှတ် အနေအထားတွေကြောင့် ဖြစ်ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ အာဆင်နယ်က ၂၈ ပွဲ ကစားပြီးချိန်မှာ ပွဲ ၂၀ နိုင်၊ ၄ ပွဲ သရေ၊ ၄ ပွဲ ရှုံး ၆၄ မှတ် ရရှိထားပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ပွဲစဉ် ၂၈ မှာ လစ်ဗာပူးလ်နဲ့ မန်စီးတီး ထိပ်တိုက်တွေ့ဆုံမှုကို အခွင့်ကောင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ဇယား ထိပ်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ လက်ကျန် ပွဲစဉ် အနေအထားကို ပြန်ကြည့်ရင် မန်စီးတီး၊ လူတန်၊ ဘရိုက်တန်၊ အက်စတွန်ဗီလာ၊ ဝုဗ်၊ စပါး၊ ဘုန်းမောက်၊ မန်ချက်စတာယူနိုက်တက်၊ အဲဗာတန်၊ ချဲလ်ဆီး တို့နဲ့ ကစားဖို့ ကျန်ရှိနေပြီး တော်တော်လေး ပွဲကြပ်နေတယ်လို့ ပြောလို့ ရပါတယ်။ အာဆင်နယ် အတွက် အခက်ခဲဆုံး ဖြစ်လာနိုင်တဲ့ ပွဲစဉ်တွေ ကတော့ အက်တီဟတ် မှာ ကစားရမယ့် မန်စီးတီးနဲ့ ပွဲစဉ်၊ ဘရိုက်တန် ကွင်းမှာ ကစားရမယ့် ပွဲစဉ်၊ စပါး အိမ်ကွင်းမှာ ကစားရမယ့် ပွဲစဉ်နဲ့ အိုးထရက်ဖို့ဒ်မှာ ကစားရမယ့် ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် ရှုံးပွဲ ၄ ပွဲမှာ ၃ ပွဲက အဝေးကွင်း ပွဲစဉ်တွေမှာ ဖြစ်လို့ သတိကြီးကြီးထားဖို့လည်း လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြားကာလမှာ ချန်ပီယံလိဂ်လည်း ကစားရဦးမှာ ဖြစ်တာကြောင့် အာဆင်နယ်တို့ ပွဲပန်းမှု ဒဏ်တွေကို ခံစားရဖို့ ရှိနေတာပါ။

မန်စီးတီး ကတော့ ချန်ပီယံလိဂ်တွေ အက်ဖ်အေဖလားတွေ ရှိနေပေမယ့် ပရီးမီးယားလိဂ် မှာတော့ ပွဲတော်တော်လေး ချောင်နေလို့ အားအသာဆုံးလို့ ပြောလို့ ရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရှိနေတဲ့ မန်စီးတီး

နောက်တစ်သင်း ကတော့ လစ်ဗာပူးလ် ဖြစ်ပြီး သူတို့ ကလည်း ၂၈ ပွဲ ကစားပြီးချိန်မှာ ၁၉ ပွဲနိုင်၊ ၇ ပွဲ သရေ၊ ၂ ပွဲ ရှုံးပြီး အာဆင်နယ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အဆင့် ၂ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ပွဲစဉ် ၂၈ မတိုင်ခင် အထိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ခဲ့ပေမယ့် မန်စီးတီးနဲ့ သရေကျခဲ့လို့ အဆင့် ၂ နေရာကို ဆင်းပေးခဲ့ရတာပါ။ လစ်ဗာပူးလ်ရဲ့ လက်ကျန် ပွဲစဉ်တွေကို ပြန်ကြည့်ရင် ဘရိုက်တန်၊ ရှက်ဖီးလ်ယူနိုက်တက်၊ မန်ချက်စတာယူနိုက်တက်၊ ခရစ္စတယ်ပဲလေ့စ်၊ ဖူလ်ဟမ်၊ ဝက်စ်ဟမ်း၊ စပါး၊ ဗီလာ၊ ဝုဗ် တို့နဲ့ ကစားဖို့ ကျန်ရှိနေပါတယ်။ သူတို့ အတွက် အခက်ခဲဆုံး ပွဲစဉ်တွေ ကတော့ မန်ချက်စတာယူနိုက်တက်၊ စပါး၊ ဗီလာ တို့နဲ့ ကစားရမယ့် ပွဲတွေ ဖြစ်ပြီး ဒီပွဲတွေကိုသာ အကောင်းဆုံး ကျော်ဖြတ်နိုင်ရင်တော့ ချန်ပီယံဆုကို မာဆေးလ်ဆိုက်ဒ်ဆီ သယ်ဆောင်သွားနိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ ပြောရရင်တော့ အာဆင်နယ်ထက် စာရင် လစ်ဗာပူးလ်တို့ ပွဲချောင်နေတယ်လို့ ပြောလို့ ရပါတယ်။ တစ်ခု ရှိတာက လစ်ဗာပူးလ် ကလည်း ယူရိုပါလိဂ် ကစားဖို့ ရှိနေသေးပြီး သူတို့လည်းပဲ ပွဲတိုင်းကို အာရုံစိုက်ဖို့ လိုအပ်နေပါသေးတယ်။

အဆင့် ၃ နေရာမှာ ရှိနေတဲ့ မန်စီးတီး ကတော့ အာဆင်နယ်၊ ဗီလာ၊ ပဲလေ့စ်၊ လူတန်၊ စပါး၊ ဖောရက်စ်၊ ဝုဗ်၊ ဖူလ်ဟမ်၊ ဝက်စ်ဟမ်း တို့နဲ့ ကစားဖို့ ကျန်နေပါသေးတယ်။ မန်စီးတီး အတွက် ခက်ခဲ နိုင်တာက အာဆင်နယ်၊ ဗီလာ၊ စပါးနဲ့ ပွဲစဉ်တွေ ဖြစ်ပြီး အာဆင်နယ်နဲ့ ဗီလာကိုက အက်တီဟတ်မှာ ရင်ဆိုင်ရမှာ ဖြစ်ပေမယ့် စပါးကိုတော့ အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးဟာ အက်ဖ်အေဖလား အပြင် ချန်ပီယံလိဂ် ပွဲကြပ်တွေလည်း ကစားရဦးမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်
ရှက်ဖီး ယူနိုက်တက်
ဖူလ်ဟမ်
1X2 ဖူလ်ဟမ် @ 1.73
ဖူလ်ဟမ် အာရှ ဟန်းဒီးကပ် -0.75 @ 1.94
ဂိုးပေါ် 3.00 @ 2.19
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ခြုံငုံ သုံးသပ်ရရင် အားလုံးထဲမှာ အာဆင်နယ်က ပွဲအကြပ်ဆုံး ဖြစ်ပြီး လူငယ် ကြယ်ပွင့်တွေ အနေနဲ့ မနှစ်က အားနည်းချက်တွေကို သင်ခန်းစာ ယူနိုင်ဖို့ အရေးကြီးပါတယ်။ လစ်ဗာပူးလ် ကတော့ ဒုတိယမြောက် ပွဲအချောင်ဆုံး ဖြစ်ပြီး ယူနိုက်တက်၊ စပါးနဲ့ ဗီလာ ပွဲတွေကိုသာ အမှားအယွင်း မရှိ ကစားနိုင်ရင် အဆင်ပြေပါပြီ။ မန်စီးတီး ကတော့ ချန်ပီယံလိဂ်တွေ အက်ဖ်အေဖလားတွေ ရှိနေပေမယ့် ပရီးမီးယားလိဂ် မှာတော့ ပွဲတော်တော်လေး ချောင်နေလို့ အားအသာဆုံးလို့ ပြောလို့ ရပါတယ်။ တစ်ဦး တစ်ယောက်ချင်း အမြင်အရတော့ ဒီနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆုဟာ မန်စီးတီး အတွက်ပဲ မြင်မိပြီး အာဆင်နယ်နဲ့ လစ်ဗာပူးလ် ကတော့ သူတို့ရဲ့ ခြေစွမ်းနဲ့ စုဖွဲ့မှုတွေ အရ ကံတရားရဲ့ ဖေးမမှုတွေပါ လိုအပ်နေတယ်လို့ ထင်ပါတယ်။

ဘယ်အသင်း ချန်ပီယံ ဖြစ်မလဲ ဆိုတာတော့ လာမယ့် ပွဲစဉ်တွေမှာ အဖြေပေါ်လာဖို့ ရှိပြီး ပရီးမီးယားလိဂ် ထုံးစံ အတိုင်း ရာသီကုန်တဲ့ အထိ ရင်ခုန်သွားရဖို့တော့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်