နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စူပါလိဂ် ကလပ်ကို နောက်ကျဂိုးနဲ့ တစ်ကွက်ပြပြီး ပညာပေးလိုက်ပြန်တဲ့ လိဒ်စ် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

လိဒ်စ်ယူနိုက်တက် ၁ – ၁ လစ်ဗာပူးလ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၃၂) လက်ကျန်ပွဲတစ်ပွဲ မှာတော့ မကြာသေးခင်ကမှ ဥရောပစူပါလိဂ် ကစားဖို့ သဘောတူခဲ့တဲ့ လစ်ဗာပူးလ်တို့ လိဒ်စ်ယူနိုက်တက်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျသွားခဲ့ပါတယ်။ ၈၇ မိနစ်မှာ ဒီယေဂို ယော်ရန်တေး သွင်းယူပေးခဲ့တဲ့ ချေပဂိုးကိုတော့ ဘောလုံးပရိသတ် တော်တော်များများက ဘောလုံးလောကရဲ့ ဂိုးလို့တောင် တင်စားနေကြပြီး လစ်ဗာပူးလ်ရဲ့ စူပါလိဂ်ပြိုင်ပွဲ ကစားဖို့ သဘောတူခဲ့တာကို လှောင်ပြောင်နေကြတာလည်း ဖြစ်ပါတယ်။

ထုံးစံအတိုင်း မာဆယ်လို ဘီရယ်ဆာရဲ့ အသင်းကတော့ ၄-၁-၄-၁ ကစားကွက်ကိုပဲ အသုံးပြုခဲ့ပြီး မန်ချက်စတာစီးတီးကို အနိုင်ရခဲ့တဲ့ပွဲက လူစာရင်းကို အပြောင်းအလဲ တချို့သာပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ‌တော့ ပွဲပယ်ပြစ်ဒဏ်ထိထားတဲ့ လီယမ်ကူပါး နေရာ စရူအစ်ဂ်၊ တောင်ပံက ရာဖင်ညာနေရာမှာ ဂျက်ဟာရစ်ဆင် ပါဝင်လာခဲ့ပါတယ်။ ဂျာဂျင်ကလော့ပ်အသင်းကလည်း ၄-၃-၃ ကစားကွက်ကိုပဲ အသုံးပြုခဲ့ပြီး ဒီနေ့မှာတော့ မာနေး၊ ဖေမီနိုနဲ့ ဂျိုတာ တို့ကို တိုက်စစ်မှာ တွဲပေးခဲ့တာကလွဲရင် ပုံမှန်ပွဲထွက်လူစာရင်းနဲ့ပဲ လိဒ်စ်ကို ရင်ဆိုင်ခဲ့ပါတယ်။ ပွဲစတာနဲ့ လစ်ဗာပူးလ်တို့ လိဒ်စ်ယူနိုက်တက်ဘက်ကို ထိုးဖောက် တိုက်စစ်ဆင်နိုင်ခဲ့ပြီး ပွဲချိန် ၃၁ မိနစ်မှာ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ ကွင်းလယ်ကနေ လှမ်းတင်ပေးလိုက်တဲ့ ဘောလုံးကို အာနိုးလ်က လိဒ်စ်ယူနိုက်တက် ဂိုးသမားကိုကျော်ပြီး ပြန်ချပေးရာကနေ မာနေးက အမှားအယွင်းမရှိ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် လိဒ်စ်ယူနိုက်တက်တို့ လစ်ဗာပူးလ် ဘက်ကို တောက်လျောက် ပြန်လည်ဖိအားပေးနိုင်ခဲ့ပြီး ဘမ်းဖို့ဒ်ရဲ့ ကန်ချက်တွေကို လစ်ဗာပူးလ် ဂိုးသမား အယ်လီဆွန်ဘက်ကာ ကာကွယ်နိုင်ခဲ့လို့သာ လစ်ဗာပူးလ်တို့ သက်သာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲချိန် ၈၇ မိနစ်မှာတော့ လစ်ဗာပူးလ်တို့ ချေပဂိုး ပြန်ပေးလိုက်ရပါတော့တယ်။ ဂျက်ဟာရစ်ဆင်ရဲ့ ထောင့်ကန်ဘောကို လစ်ဗာပူးလ် နောက်ခံလူတွေကြားကနေ ယော်ရန်းတေးက အမိအရ ခေါင်းတိုက်ပြီး အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်မိနစ်တွေမှာတော့ လစ်ဗာပူးလ်တို့ သွင်းဂိုးတို့ ရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့် မက်စ်လိုင်ယာနဲ့ လိဒ်စ် နောက်တန်းက အကောင်းဆုံး တားဆီးနိုင်ခဲ့လို့ ၁-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

လစ်ဗာပူးလ်တို့ ဒီနေ့ပွဲမှာ သရေကျခဲ့လို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ပြီး ထိပ်ဆုံး ၄ သင်းနေရာ ပြန်လည် တက်လှမ်းခွင့်နဲ့လည်း လွဲချော်သွားခဲ့ရပြန်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ လစ်ဗာပူးလ်

ဒီနေ့ပွဲမှာလည်း လိဒ်စ်ယူနိုက်တက်တို့ တန်းတက်အသင်းတစ်သင်းနဲ့ ဘာမှမဆိုင်တဲ့ ခြေစွမ်းမျိုး ပြသသွားခဲ့ပြန် လစ်ဗာပူးလ် နောက်တန်းကို အကောင်းဆုံး ဒုက္ခပေးသွားခဲ့တာ တွေ့ရပါတယ်။ ဒီနေ့ပွဲမှာ လစ်ဗာပူးလ် ကွင်းလယ်က မီလ်နာနဲ့ ဝိုင်ဂျ်နယ်ဒမ် ခြေမပေါ်ခဲ့သလို ဗဟိုခံစစ်က ကာဘက်ခ်နဲ့ ဖာဘင်ဟိုတို့ အမှားတချို့ပြုလုပ်ခဲ့လို့ အလီဆွန်သာ မကာကွယ်ရင် လစ်ဗာပူးလ်တို့ ဂိုးတွေ တော်တော်များများ ခွင့်ပြုပေးရနိုင်ချေတောင် ရှိနေပါတယ်။ လစ်ဗာပူးလ်တို့ ဒီနေ့ပွဲမှာ သရေကျခဲ့လို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ဆက်လက်ရပ်တည်ခဲ့ပြီး ထိပ်ဆုံး ၄ သင်းနေရာ ပြန်လည်တက်လှမ်းခွင့်နဲ့လည်း လွဲချော်သွားခဲ့ရပြန်ပါတယ်။ တစ်ဖက်ကလည်း ဥရောပစူပါလိဂ် မှာ ကစားဖို့ သဘောတူခဲ့တာကြောင့် ဆန့်ကျင်ကန့်ကွက်တာ ခံနေရတဲ့ ဂျာဂျင်ကလော့ပ်တို့ အုပ်စုကတော့ အဲလန်ရုတ်ဒ်ကနေ အပြန်ခရီးမှာ သတိကြီးကြီး ထားခဲ့ရပါတော့တယ်။ လိဒ်စ်ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် ထိပ်သီး ၂ သင်းနဲ့ ဆက်တိုက် ကစားရပေမယ့် ၄ မှတ်အထိ ရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၁၀ နေရာ ရပ်တည်နေခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

လိဒ်စ်ယူနိုက်တက်တို့ လာမယ့် တနင်္ဂနွေနေ့မှာ မန်ချက်စတာယူနိုက်တက်နဲ့ ကစားဖို့ရှိပြီး လစ်ဗာပူးလ် ကတော့ နယူးကာဆယ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်