နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆဲလ်ဟာ့စ် မှာ သရေတစ်မှတ်အပြင် ပိုမျှော်လင့်ခွင့် မရှိတဲ့ နယူးကာဆယ် – ပရီးမီးယားလိဂ် ပွဲကြို သုံးသပ်ချက်

ခရစ်စတယ် ပဲလေ့စ် vs နယူးကာဆယ်

လာမယ့် နိုဝင်ဘာလ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၂နာရီခွဲမှာ ကစားမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ နယူးကာဆယ်တို့ရဲ့ ပွဲစဉ်ကို SBOTOP ပရီးမီးယားလိဂ် ပရိသတ်တွေအတွက် ပွဲကြိုခန့်မှန်းသုံးသပ်မှု ပြုလုပ်ပေးချင်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်တို့ ဒီရာသီ ပရီးမီးယားလိဂ် မှာ ခြေစွမ်းထက်မြတ်နေတယ်လို့ ပြောလို့ မဆုံးခင်မှာပဲ ရှုံးပွဲဆက်နေတဲ့ ဘန်လေကို ပြီးခဲ့တဲ့ တစ်ပတ်က မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့ကြောင့် ခရစ္စတယ်ပဲလေ့စ်တို့ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ၁ ပွဲသရေကျထားခဲ့ပါတယ်။ လက်တလော ပရီးမီးယားလိဂ် မှာ ၉ ပွဲကစား၊ ၄ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၄ ပွဲရှုံးပြီး ရမှတ် ၁၃ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေပါတယ်။ ရွိုင်းဟော့ဆန်ရဲ့ ခရစ္စတယ်ပဲလေ့စ်တို့ တိုက်စစ်က အားရစရာကောင်းနေပြီး ၉ ပွဲကစားပြီး ၁၂ ဂိုးရရှိထားပေမယ့် ပေးဂိုး ကတော့ ၁၃ ဂိုးအထိ ရှိထားလို့ ခံစစ်ကတော့ တော်တော်လေး ဆိုးရွားနေတယ်လို့ ဆိုရမှာပါ။ ခြေစွမ်းအတက်အကျ မမှန်တဲ့ ခရစ္စတယ်ပဲလေ့စ်တို့ အသင်းကြီးတွေနဲ့ တွေ့ဆုံချိန်တွေမှာ ခြေစွမ်းပြသလောက် အသင်းငယ်တွေ နဲ့ ကစားတဲ့ အချိန်မှာတော့ ကစားပုံက ပေါ့ပျက်ပျက် နိုင်လွန်းနေပါတယ်။ ရွိုင်းဟော့ဆန်အနေနဲ့ တိုက်စစ်မှာ မစ်ချီ ဘတ်ရှူဝါရီနဲ့ ဂျော်ဒန် အေရူးတို့နဲ့ ပွဲထွက်လာနိုင်ပြီး ကွင်းလယ်မှာတော့ တောင်ဆန်၊ ရိဒ်ဝဲလ်၊ မက်အာသာ၊ အက်ဇီ၊ နောက်တန်းမှာတော့ နေသန်ကလိုင်း၊ ကိုရိတ်၊ စကော့ဒန်း၊ ပက်ထရစ် ဗန်အန်ဟော့တ်နဲ့ ဂိုးသမား နေရာမှာ ဂွိုင်တာတို့နဲ့ ပွဲထွက်လာဖွယ်ရှိနေပါတယ်။ ခရစ္စတယ်ပဲလေ့စ် တို့နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း ၅ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တာကြောင့် အခုပွဲမှာလည်း တိုက်စစ်က ဂိုးသွင်းနိုင်ဖို့ မျှော်လင့် ရပါတယ်။

 
နယူးကာဆယ်ကတော့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးပွဲတွေ့ထားပြီး ဆောက်သမ်တန်၊ ချဲလ်ဆီးတို့ကို ၂ ဂိုးပြတ်တွေနဲ့ အရေးနိမ့်ထားပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ နယူးကာဆယ်တို့ နိုင်ပွဲ ၁ ပွဲသာ ရထားပြီး မန်ချက်စတာယူနိုက်တက်ကို ၁-၄ နဲ့ ရှုံးနိမ့်ခဲ့သလို ဝုဗ်နဲ့ တစ်ဂိုးစီသရေ၊ အဲဗာတန်ကိုတော့ အိမ်ကွင်းမှာ ၂-၁ နဲ့ အနိုင်ရထားပါတယ်။ ဆောက်သမ်တန်ကို ပွဲစဉ် ၈ မှာ ၂-၀ နဲ့ ရှုံးနိမ့်ပြီးနောက် ပွဲစဉ် ၉ မှာလည်း ၀-၂ နဲ့ပဲ ချဲလ်ဆီးကို ရှုံးနိမ့်ထားလို့ အမှတ်ပေးဇယား အောက်ပိုင်းကို ပြန်ကျလာပါတယ်။ လက်တလော ပရီးမီးယားလိဂ် မှာ ၉ ပွဲကစား ၃ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၄ ပွဲရှုံးထားပါတယ်။ ၉ ပွဲကစားထားရာမှာလည်း တိုက်စစ်က ၁၀ ဂိုးပဲရထားပေမယ့် ခံစစ်က ၁၅ ဂိုးအထိ ပေးထားရလို့ နောက်တန်းက အားနည်းချက်တွေ ရှိနေတာ သိသာပါတယ်။ အခု ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာ တိုက်စစ်က ကော်လမ် ဝီလ်ဆင် ဒဏ်ရာရနေလို့ အန်ဒီကာရိုး ပါဝင်လာနိုင်ပြီး ဒူဘရာကာ၊ ဒမ်မတ်၊ ဒွိုက်ဂေးလ်၊ ရွိုင်ယန်ဖရေဆာတို့ ဒဏ်ရာရနေလို့ အဲလန်မက်ဆီမင်၊ ရှဲလ်ဗီ၊ ကလာ့ခ်၊ ရှား၊ ဖာနန်ဒက်စ်၊ မာကွီလို၊ ဂျမဲလ်လူးဝစ်တို့နဲ့ ပွဲထွက်လာဖွယ်ရှိနေပါတယ်။

နယူးကာဆယ်ကတော့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးပွဲတွေ့ထားပြီး ဆောက်သမ်တန်၊ ချဲလ်ဆီးတို့ကို ၂ ဂိုးပြတ်တွေနဲ့ အရေးနိမ့်ထား ပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ်တွင် နံပါတ် ၁၅ နေရာမှာ ရောက်ရှိနေတဲ့ နယူးကာဆယ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ခရစ္စတယ်ပဲလေ့စ်နဲ့ နယူးကာဆယ်တို့ ထိပ်တိုက်တွေ့ဆုံမှု ၄၇ ကြိမ်မှာ နယူးကာဆယ်က ၂၇ ကြိမ်အနိုင်ရပြီး ခရစ္စတယ်ပဲလေ်စ်က ၁၁ ကြိမ်ပဲ အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက နောက်ဆုံးတွေ့ဆုံမှု ၂ ကြိမ်မှာ ကိုယ့်အိမ်ကွင်းမှာ နိုင်ပွဲတွေ တစ်ကြိမ်စီရရှိထားကြပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ခရစ်စတယ်ပဲလေ့စ် vs နယူးကာဆယ်လ် 1X2 သရေ @ 2.97
နိုဝင်ဘာလ ၂၈ ရက်, မနက် ၂:၃၀ နာရီ (GMT + ၆:၃၀)

1X2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၂၂ ဆ၊ ဧည့်သည်အသင်း အတွက်က ၃.၅၀ ဆနဲ့ သရေအတွက် ၂.၉၈ဆ ကြေးဖွင့်ထားပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ပိုင်းနှစ်တွေ ထိပ်တိုက်တွေ့ဆုံမှု ကိုကြည့်မယ်ဆိုရင် သွင်းဂိုး နည်းနည်းနဲ့ သရေကျထားခဲ့တာ တွေ့ရပါတယ်။ နယူးကာဆယ်တို့ တပ်ပျက်နေသလောက် ခရစ္စတယ်ပဲလေ့စ် ကလည်း ခြေစွမ်းမတည်ငြိမ်ပါဘူး။ နယူးကာဆယ်တို့ နိုင်ပွဲ ပျောက်ဆုံးနေမှုကို အဆုံးသတ်ဖို့ ကြိုးစားလာနိုင်ပေမယ့် ဆဲလ်ဟတ်စ်ပါ့ခ်မှာ တစ်မှတ် အပြင် ပိုပြီး မျှော်လင့်ခွင့်မရှိလို့ အမျှတဆုံး ဖြစ်မယ့် သရေလဒ်နဲ့ ပဲပွဲပြီးသွားနိုင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်