နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမှတ်ဗလာနဲ့ လန်ဒန်ပြန်ခဲ့ရပေမယ့် ချန်ပီယံလိဂ်၀င်ခွင့်ရဖို့ အခြေအနေကောင်းနေတဲ့ ချဲလ်ဆီး

countdown banner

Liverpool 5-3 Chelsea

အန်ဖီးလ်မှာသွားရောက်ကစားချိန်တိုင်း ရုံးကန်ခဲ့ရတဲ့ချဲလ်ဆီးတို့ ဒီတစ်ကြိမ်မှာလည်း နောက်ခံကစားသမားတွေရဲ့ ပေါ့လျော့မှူကြောင့် ၅ဂိုး၃ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ပြန်ပါတယ်။ပထအကျော့ စတန်းဖိုဒ့်ဘရစ်ခ်ျမှာရှုံးနိမ့်ခဲ့တာကို ပြန်ပြီးလက်စားချေဖို့အပြင် ချန်ပီယံလိဂ်၀င်ခွင့်အတွက် အရေးပါတဲ့ ပွဲစဉ်ဖြစ်လို့ ချဲလ်ဆီးတို့ အကောင်းဆုံးလူစာရင်းနဲ့ ရင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် လစ်ဗာပူးလ်ရဲ့ ချန်ပီယံ ခြေစွမ်းကိုတော့ ဘယ်လိုမှမထိန်းချုပ်နိုင်ခဲ့လို့ လို့ ဂိုး‌တွေလည်း တော်တော်များများခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ အစောပိုင်းပွဲစဉ်မှာ ယူနိုက်တက်က ၀က်စ်ဟမ်းနဲ့သရေကျခဲ့လို့ ချဲလ်ဆီးတို့ ချန်ပီယံလိဂ်၀င်ခွင့်အတွက် မျှော်လင့်ချက်တွေပိုရှင်သန်လာခဲ့ပေမယ့်  ပွဲအပြီးမှာ ရမှတ်ဗလာနဲ့အိမ်ပြန်ခဲ့ရတာကြောင့် ယူနိုက်တက်က အမှတ်တူဂိုးကွားခြားချက် အသာနဲ့ ချဲလ်ဆီးရဲ့အထက် အဆင့်၃နေရာကိုရောက်ရှိလာပါတယ်။ပရီးမီးယားလိဂ်ဟာ ပရိသတ်တွေကို ရာသီကုန်ထိ ရင်ခုန်စရာကောင်းစေတယ် ဆိုသလိုပဲ ဒီနှစ်အတွက် ဥရောပချန်ပီယံလိဂ်၀င်ခွင့် အတွက် ချဲလ်ဆီး၊ယူနိုက်တက်နဲ့ လက်စတာ တို့က နောက်ဆုံးမိနစ်တွေအထိ စိတ်လှုပ်ရှားမှုအပြည့်ပေးဦးမှာပါ။ပွဲစဥ် ၃၈ အဖြစ် ချဲလ်ဆီးနဲ့ ဝုဗ်၊ မန်ချက်စတာယူနိုက်တက်နဲ့ လက်စတာ တို့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဘယ်အသင်းတွေ အဆင့် ၃နေရာနဲ့ ၄နေရာကို အပိုင်ယူသွားမလဲဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

နှစ်သင်းစလုံးရဲ့စွမ်းဆောင်ရည်ပိုင်းဟာ သိပ်မကွာခဲ့လို့ အဆုံးသတ်သေချာတဲ့ အသင်းက အနိုင်ရရှိသွားတယ်လို့ ပြောရမှာပါ။
တတိယချေပဂိုးသွင်းယူအပြီး အသင်းဖော်တွေကို အားပေးနေတဲ့ပူလီဆစ်

အထင်ကရအချက်အလက်

ပွဲစဉ်တစ်ခုလုံးကို ပြန်ပြောရမယ်ဆိုရင် ပထမပိုင်းအစလောက်မှာ ချဲလ်ဆီးတို့ လစ်ဗာပူးထက် ပိုကောင်းတဲ့ခြေစွမ်းကိုပြနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် လစ်ဗာပူးကွင်းလယ်ကစားသမား ကိုက်တာ ရဲ့ လှပတဲ့အဝေးကန်ချက်ဂိုးပေးခဲ့ပြီးနောက်ပိုင်း ချဲလ်ဆီးတို့သိသိသာသာ ခြေပျက်သွားပါတယ်။ဆက်တိုက်ဆိုသလို အာနိုးရဲ့ သေသပ်တဲ့ ဖရီးကစ်ဂိုးကို ထပ်မံခွင့်ပြုပေးခဲ့ရပြီးမကြာသေးခင်မှာပဲ ၀စ်ဂ်ျနယ်ဒန် ကတတိယဂိုးကို သွင်းယူပေးခဲ့လို့ ချဲလ်ဆီးတို့ ၃ဂိုးပြတ်အရေးနိမ့်နေခဲ့ပါတယ်။ပထမပိုင်းပြီးခါနီးမှာတော့ ချဲလ်ဆီးတိုက်စစ်က ဂျီရူးခြေပဂိုးသွင်းယူပေးခဲ့ပါတယ်။ဒုတိယပိုင်းပွဲစပြီး ၁၀မိနစ်အကြာမှာ ဒီနှစ်ထဲဂိုးပေါက်ပျောက်နေတဲ့ ဖေမီနိုက အာနိုးရဲ့ ဖြတ်တင်ပေးပို့မှုကို အမိအရအဆုံးသတ်ခဲ့လို့ ၄ဂိုး၁ဂိုးနဲ့ လစ်ဗာပူးးတို့ ဦးဆောင်နေခဲ့ပါတယ်။ဒါပေမယ့် ဗိုလ်လုပွဲတစ်ပွဲလိုကစားနေတဲ့ ချဲလ်ဆီးတို့စိတ်ဓာတ်မကျပဲ တန်ပြန်ထိုးဖောက်လာခဲ့ချိန်မှာတော့ အေဗရာဟမ် နဲ့ ပူလီဆစ်တို့က ချေပဂိုးတွေသွင်းယူပေးနိုင်ခဲ့ပါတယ်။ပူလီဆစ်ရဲ့သွင်းဂိုးအပြီးမှာ ချဲလ်ဆီးတို့ ‌တကျော့ပြန်လာဖို့ အခြေအနေကောင်းခဲ့ပေမယ့် ဆာလက်အစားလူစား၀င်လာတဲ့ ချိန်ဘာလိန်က အခုရာသီအတွက်သူ့ရဲ့ ၄ဂိုးမြောက်ဂိုးကိုသွင်းဂိုးရယူနိုင်ခဲ့တာကြောင့် ချဲလ်ဆီးတို့အသဲကွဲခဲ့ရပါတယ်။ပွဲရဲ့အချက်အလက်တွေအရဆိုရင်နှစ်သင်းစလုံးရဲ့စွမ်းဆောင်ရည်ပိုင်းဟာ သိပ်မကွာခဲ့လို့ အဆုံးသတ်သေချာတဲ့ အသင်းက အနိုင်ရရှိသွားတယ်လို့ ပြောရမှာပါ။ အကောင်းဆုံးကစားသမားကိုရွေးချယ်ရမယ်ဆိုရင်‌ တော့ ကျိန်သေပေါက် ‌ညာနောက်ခံလူ ထရန့်အာနိုးကို‌ရွေးချယ်ရမှာပါ။ အသက်၂၁နှစ်ပဲရှိ‌ သေးတဲ့အာနိုးဟာ ဂိုးဧရိယာပြင်ပကနေ ကန်ချက်ပြင်းပြင်းနဲ့  အလီဆင်ရဲ့ ညာဘက်အပေါ်ဒေါင့်ကို လှလှပပ ကန်သွင်းပေးခဲ့တာဖြစ်ပါတယ်။

 

 

လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးအသင်းအနေနဲ့လိုအပ်နေတဲ့အမှတ်တွေ မရှာဖွေနိုင်ခဲ့ဘူးဆိုပေမယ့် လက်ရှိအမှတ်ပေးဇယားအဆင့်ရပ်တည်မှုနဲ့ နောက်ဆုံးပွဲစဉ်ကစားရမယ့် ပြိုင်ဘက်အသင်းဟာ ဝုဗ်ဖြစ်နေတဲ့အတွက် မန်ချက်စတာယူနိုက်တက်ကစားရမယ့် လက်စတာနဲ့လောက် မခက်ခဲနိုင်ပါဘူး။ နောက်ဆုံးကစားရမယ့်ပွဲစဉ်မှာ ယူနိုက်တက် နဲ့ ချဲလ်ဆီးနှစ်သင်းစလုံးအနိမ့်ဆုံးသရေရအောင်ကစားနိုင်ဖို့လိုအပ်နေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်