နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗီလာပါ့ခ် ခြင်္သေ့တွေရဲ့ အမဲဖျက်ခံလိုက်ရတဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ကြိုးကြာနီများ

အက်စ်တွန်ဗီလာ ၇ – ၂ လစ်ဗာပူးလ်

အခုတစ်ပတ်  တနင်္ဂနွေေနေ့မှာ ကစားခဲ့တဲ့ ထိပ်သီး အသင်းကြီးတွေရဲ့ ပရီးမီယားလိဂ်ပွဲစဉ် တော်တော်များများ ကတော့ တကယ့်ကို မထင်မှတ်တဲ့ ရလဒ်တွေနဲ့ ပြီးဆုံးခဲ့တယ်လို့ ဆိုရမှာပါ။ နောက်အကျဆုံး ပွဲစဉ် ဖြစ်တဲ့ အက်စ်တွန်ဗီလာနဲ့ လစ်ဗာပူးလ်တို့ရဲ့ ပွဲမှာတော့ ၇-၂ ဆိုတဲ့ရလဒ်နဲ့ လက်ရှိချန်ပီယံ လစ်ဗာပူးလ်တို့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပါတယ်။ အစောပိုင်း ပွဲစဉ်တွေမှာ လက်စတာစီးတီးက ဝက်စ်ဟမ်းကို အိမ်ကွင်းမှာ ၀-၃နဲ့ ရှုံးနိမ့်ခဲ့သလို မန်ချက်စတာယူနိုက်တက်က အိမ်ကွင်းမှာ ၁-၆ နဲ့ တော့တင်ဟမ်ဟော့စပါးကို ရှုံးနိမ့်ထားခဲ့ကြတာ ဖြစ်ပါတယ်။
 

ပွဲမှတ်တမ်းနဲ့  အချက်အလက်များ

ပရီးမီးယားလိဂ် ချန်ပီယံတို့အတွက် ၆၇နှစ်အတွင်း ပြိုင်ဘက်ကို ပေးဂိုး ၇ဂိုး နဲ့ အရေးနိမ့်ခဲ့တဲ့ ပထမဆုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။
မြင့်မားတဲ့ ခံစစ်လိုင်းကစားပုံကြောင့် ရှုံးနိမ့်ခဲ့တဲ့ လစ်ဗာပူးလ်

ဒီပွဲမှာလည်း အိမ်ရှင် အက်စ်တွန်ဗီလာတို့ ပွဲစပြီးလို့ ၄မိနစ် မှာတင် ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ အဲ့ဒီ ဂိုးကိုတော့ အခုနှစ် ရာသီကမှ ချန်ပီယံရှစ် ကလပ် ဘရန့်ဖို့ဒ်ကနေ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ ရောက်ရှိ လာခဲ့တဲ့ အိုလီဝက်ကင်န်စ်က သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ လစ်ဗာပူးလ်တို့ ချေပဂိုးရဖို့ တိုက်စစ်မြှင့် ခဲ့ပေမယ့်လည်း ထိရောက်တဲ့ ထိုးဖောက်မှုတွေ မပြုလုပ်နိုင်ခဲ့ပဲ အက်စ်တွန်ဗီလာ တို့ရဲ့ တန်ပြန်တိုက်စစ်က ပိုပြီး ထိရောက် နေခဲ့တာကို တွေ့ရပါတယ်။ ခံစစ်လိုင်းကို မြင့်မြင့်မားမား ကစားလာတဲ့ လစ်ဗာပူးလ်ဟာ အက်စ်တွန်ဗီလာရဲ့ အချိတ်အဆက်မိမိ တန်ပြန် ထိုးဖောက်မှုတွေကို အလူးအလဲခံခဲ့ရပြီး ၂၂မိနစ် မှာတော့ ဝက်ကင်န်စ်ရဲ့ ဒုတိယသွင်းဂိုးကို ထပ်မံ ခွင့်ပြုလိုက်ရ ပြန်ပါတယ်။ ပွဲချိန် ၃၃ မိနစ်မှာတော့ လစ်ဗာပူးလ်တို့ ချေပဂိုးရသွားခဲ့ပြီး မိုဆာလာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ မာနေးနဲ့ သီယာဂိုတို့ မပါဝင်တာဟာ လစ်ဗာပူးလ်အတွက် တိုက်စစ်က ဂိုးရဖို့ ခက်ခဲစေခဲ့သလို အဓိကဂိုးသမား အလီဆွန် ဘေကာ ဟာ လစ်ဗာပူးလ် အတွက် ဘယ်လောက်ထိ အရေးပါသလဲဆိုတာ သက်သေ ပြခဲ့တဲ့ ပွဲလည်း ဖြစ်ပါတယ်။ ပွဲချိန် ၃၅ မိနစ်မှာ မက်ဂျင်း၊ ၃၉ မိနစ်မှာ အိုလီဝက်ကင်န်စ်တို့ ဂိုးတွေ  ဆက်တိုက် သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်း အပြီးမှာတင် အိမ်ရှင်တို့ ၄-၁ နဲ့ ဦးဆောင် ထားခဲ့ပါတယ်။ အိုလီဝက်ကင်န်စ် အနေနဲ့ ဘယ်ခြေ၊ ညာခြေ၊ ခေါင်းတို့ကို သုံးပြီး ဟက်ထရစ် ရခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ လစ်ဗာပူးလ် ဘက်ကို ပထမဆုံး အကြိမ် ပြီးပြည့်စုံတဲ့ ဟက်ထရစ် သွင်းယူ နိုင်ခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ ခံစစ်ကို ပြင်ဆင်ဖို့ထက် ချေပဂိုးရဖို့ အဓိက ထားခဲ့တဲ့ လစ်ဗာပူးလ်တို့ရဲ့ အားထုတ်မှုဟာ အိတ်ပေါက်နဲ့ ဖားကောက်နေသလို ဖြစ်ခဲ့ရပါတယ်။ ဒုတိယပိုင်းမှာလည်း ကစားပုံ ထူးခြားမလာတဲ့ လစ်ဗာပူးလ်တို့ ဘာကလေ၊ ဂရေးလ်လစ်ရှ်တို့ရဲ့ ဂိုးတွေကို ထပ်မံ ခွင့်ပြုပေးခဲ့ ရပြီး ၇-၂နဲ့ စိတ်ပျက်ဖွယ် ရှုံးနိမ့်ခဲ့ရပါတယ်။ ပွဲချိန်မိနစ် ၆၀ မှာ ချေပဂိုးတစ်ဂိုး ထပ်သွင်းပေးခဲ့တဲ့ မိုဆာလာ ကတော့ ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပေမယ့် မပျော်ရွှင်ခဲ့ရပါဘူး။
 

 

ပွဲပြီးသုံးသပ်ချက်

ဒီပွဲအတွက် အိမ်ရှင် အက်စ်တွန်ဗီလာ ကို ဘာမှပြောစရာမရှိပါဘူး။ အက်စ်တွန်ဗီလာတို့ လစ်ဗာပူးလ်ကို မနှစ်က ခရာဘောင် ကွာတားဖိုင်နယ်မှာ ၅ဂိုးပြတ် အနိုင်ရခဲ့ဖူးတာ သိပ်ပြီး သတိမထားမိခဲ့ ကြပေမယ့် အခုပွဲကတော့ နှစ်သင်းစလုံးအတွက် မှတ်မှတ်ရရ ဖြစ်စေခဲ့ပါပြီ။ အက်စ်တွန်ဗီလာအတွက် သမိုင်းဝင်အောင်ပွဲ ဖြစ်ခဲ့ပေမယ့် လစ်ဗာပူးလ်အတွက်က လက်ရှိ ချန်ပီယံ ဖြစ်နေတာနဲ့ ကမ္ဘာ့အကောင်းဆုံး ခံစစ်က ပြိုင်ဘက်ကို ဘာ့ကြောင့် ၇ ဂိုးအထိပေးခဲ့ရသလဲ ဆိုတာ ကိုတော့ မေးခွန်းထုတ်စရာ ရှိခဲ့ပါတယ်။ ကွင်းဘေးမှာ ရပ်နေတဲ့ စူပါနည်းပြ ကလော့ပ် ကိုယ်တိုင် ကိုယ့်အသင်းကိုယ် အံ့အားသင့်ခဲ့ရပြီး ဗီလာတို့ ဘယ်လိုကန်ကန် ဂိုးဝင်နေတာကြောင့် ရယ်မောနေရုံ ကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ပါဘူး။ အချုပ်ဆိုရရင်တော့ ချန်ပီယံလစ်ဗာပူးလ်ရဲ့ အဓိက အားနည်းချက် ၂ခုရှိခဲ့ပြီး ခံစစ်လိုင်း မြင့်မြင့်မားမား ကစားတဲ့ပုံစံ၊ အရည်အချင်းမပြည့်ဝသေးတဲ့ ဂိုးသမား ကြောင့် သမိုင်းဝင် ရှုံးပွဲကြုံခဲ့ရတာ ဖြစ်ပါတယ်။ ဒီဂိုးပြတ်ရှံးပွဲကတော့ ပရီးမီးယားလိဂ် ချန်ပီယံတို့အတွက် ၆၇နှစ်အတွင်း ပြိုင်ဘက်ကို ပေးဂိုး ၇ဂိုး နဲ့ အရေးနိမ့်ခဲ့တဲ့ ပထမဆုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။ အက်စ်တွန်ဗီလာတို့ ကတော့ ဒီရာသီမှာ အဲဗာတန်လိုပဲ ရာနှုန်းပြည့် နိုင်ပွဲဆက်နေတဲ့ အသင်း ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီကနဲ့ ဘာမှမဆိုင်တဲ့ ပုံစံကို ပြသထားပါတယ်။ နည်းပြ ဒင်းန်စမစ် ရဲ့ ဦးဆောင်မှု အောက်မှာ အသင်းမှာရှိတဲ့ ကစားသမားတွေကို ထိန်းသိမ်းတာနဲ့ ကစားသမားသစ် ခေါ်ယူတာကအစ အမှားအယွင်း  တစ်ခုမှ မရှိခဲ့တာကလည်း လေးစားစရာ ကောင်းပါတယ်။
 

လာမယ့်ပွဲစဉ်များ

လာမယ့် တစ်ပတ်မှာ နေးရှင်းလိဂ် ပွဲစဉ်တွေ ရှိနေလို့ အောက်တိုဘာလ ၁၇ရက်နေ့မှ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြန်လည် ကစားဖို့ ရှိမှာပါ။ လစ်ဗာပူးလ်တို့ အဲဗာတန်နဲ့ ထိပ်တိုက်တွေ့ဆုံနေပြီး အောက်တိုဘာ ၂၂ ရက်နေ့ မှာတော့ အေယက်စ်နဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် စတင် ကစားရဖို့ ရှိနေပါတယ်။ အက်စ်တွန်ဗီလာကတော့ အောက်တိုဘာ ၁၇ ရက်နေ့မှာ လက်စတာစီးတီး အိမ်ကွင်းကို သွားရောက် ကစားရမှာ ဖြစ်ပြီး နောက်တစ်ပတ် မှာတော့ လိဒ်စ်ယူနိုက်တက်ကို အိမ်ကွင်း ဗီလာပါ့ခ်မှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်