နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဆင့် ၅ နေရာက ဝက်စ်ဟမ်းကို ၆ မှတ် ဖြတ်လိုက်တဲ့ ချဲလ်ဆီး – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ချဲလ်ဆီး ၂ – ၀ ဖူလ်ဟမ်

ချန်ပီယံလိဂ် ပွဲကြပ်တွေ ကစားနေရတဲ့ကြားက တန်းဆင်းဇုန် ရုန်းအားတွေနဲ့ ဖူလ်ဟမ်ကို ရင်ဆိုင်ခဲ့ရပေမယ့် ချဲလ်ဆီးတို့ ကိုင်ဟာဗက်ဇ်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ပရီးမီးယားလိဂ် နိုင်ပွဲ ရှာတွေ့ခဲ့ပြန်ပါတယ်။ ပွဲအပြီးမှာ နည်းပြ သောမက်စ် တူဟယ်က ပြီးပြည့်စုံတဲ့ နိုင်ပွဲ ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပြီး သူ့ရဲ့အသင်းဟာ အဆင့် ၅ နေရာက ဝက်စ်ဟမ်းကို ၆ မှတ် အထိ ဖြတ်တောက်နိုင်ခဲ့တာကြောင့် တော်တော်လေး ပျော်ရွှင်ကျေနပ်နေပုံ ပေါ်ပါတယ်။

ချဲလ်ဆီးတို့ ဒီနေ့ပွဲမှာ အဓိကကစားသမားတချို့ အနားပေးခဲ့ပြီး အထောင်တိုက်စစ်မှူးနေရာမှာ ကိုင်ဟာဗက်ဇ်ကို ထားပြီး တီမိုဗာနာ၊ ဇီယက်ချ်၊ မေဆင်မောင့်၊ ချေးလ်ဝဲလ်တို့ကို ပုံမှန်အတိုင်း အသုံးပြုခဲ့ပါတယ်။ အသက် ၁၉ နှစ်သာ ရှိသေးတဲ့ စကော့တလန် ကွင်းလယ်ကစားသမား ဂီလ်မောနဲ့ အတူ ဇူမား၊ ရိစ်ဂျိမ်းစ် တို့လည်း ပွဲထွက်ခွင့် ရခဲ့ကြပါတယ်။ ဖူလ်ဟမ် မှာတော့ ထုံးစံအတိုင်း မာဂျာ၊ ကာဗယ်လီယို၊ လီမီနာ၊ အန်ဂစ်ဆာ၊ လွတ်ခ်မန်း၊ ဘော်ဘီရိဒ် တို့လို အမာခံ ကစားသမားတွေ ပါဝင်လာပါတယ်။ ဒီနေ့ပွဲမှာ ချဲလ်ဆီးတို့ ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပေမယ့် ဖူလ်ဟမ် ကို တစ်ဖက်သတ် အသာစီးရယူ ကစားနိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ ချဲလ်ဆီး အတွက် အနိုင်ဂိုးတွေကိုတော့ ကိုင်ဟာဗက်ဇ် တစ်ဦးတည်းကပဲ ပထမပိုင်းပွဲစပြီး ၁၀ မိနစ်နဲ့ ဒုတိယပိုင်း ပွဲအစ ၄ မိနစ်တို့မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ကိုင်ဟာဗက်ဇ် အနေနဲ့ ပွဲချိန် ၁၇ မိနစ်မှာလည်း ဂိုးတစ်ဂိုး သွင်းနိုင်ခဲ့ပေမယ့် လူကျွံနေလို့ ဟက်ထရစ် ရမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့ရပါတယ်။ ဖူလ်ဟမ်ရဲ့ ထိုးဖောက်မှု တချို့ဟာလည်း တော်တော်လေး ထိရောက်ခဲ့ပေမယ့် ချဲလ်ဆီး ဂိုးသမား မန်ဒီ ၃ ကြိမ်တိုင်တိုင် ကာကွယ်သွားနိုင်ခဲ့လို့ သွင်းဂိုးအဖြစ် မမြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

နောက်ဆုံး ၆ ပွဲကနေ ၁ မှတ်သာ ရခဲ့တဲ့ ဖူလ်ဟမ် ကတော့ စိတ်မကောင်းစွာနဲ့ ပရီးမီးယားလိဂ် ကနေ တန်းဆင်းရဖို့ ရာခိုင်နှုန်း များသွားခဲ့ပါပြီ။
နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့တဲ့ ဖူလ်ဟမ်

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ချဲလ်ဆီး ဘက်က ခြေစွမ်းမပြနိုင်တဲ့ ကစားသမားဆိုလို့ ဇီယက်ချ်နဲ့ ချေးလ်ဝဲလ် နှစ်ဦးသာ ရှိခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ချဲလ်ဆီးအတွက် ပထမဦးဆုံး အကြိမ် ပွဲချိန်ပြည့် ကစားခွင့်ရခဲ့တဲ့ အကယ်ဒမီထွက် လူငယ်ကွင်းလယ် ကစားသမား ဂီလ်မော ဟာလည်း အနာဂတ်မှာ ဘယ်လောက်အထိ အားကိုးရနိုင်မလဲဆိုတာ သက်သေပြသွားတာ တွေ့ရပါတယ်။ တိုက်စစ်မှူး တီမိုဗာနာ အနေနဲ့ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ခြေစွမ်းပိုင်း တိုးတက်လာတာ တွေ့ရသလို ကိုင်ဟာဗက်ဇ် အနေနဲ့ မိနစ် ၉၀ အပြည့် ကစားခွင့်ရခဲ့တဲ့ နောက်ဆုံး ၂ ပွဲမှာ  ၃ ဂိုးသွင်းပြီး ၁ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးတို့ အခုပွဲအပြီးမှာ ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်းစာရင်းဝင်ဖို့ အခြေအနေ ကောင်းသွားခဲ့သလို ကစားသမားတွေရဲ့ တိုးတက်လာတဲ့ ခြေစွမ်းကို မြင်တွေ့ခဲ့ရတာဟာ နည်းပြ သောမက်စ်တူဟယ် အတွက်တော့ အချိုပေါ် သကာ ထပ်လောင်းလိုက်သလိုပါပဲ။ နောက်ဆုံး ၆ ပွဲ ကနေ ၁ မှတ်သာ ရခဲ့တဲ့ ဖူလ်ဟမ် ကတော့ စိတ်မကောင်းစွာနဲ့ ပရီးမီးယားလိဂ် ကနေ တန်းဆင်းရဖို့ ရာခိုင်နှုန်း များသွားခဲ့ပါပြီ။

 

လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးတို့ ကြားရက်မှာ ရီးရဲယ်မက်ဒရစ်နဲ့ အရေးကြီးတဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ကစားရမှာ ဖြစ်ပြီး ဖူလ်ဟမ်ကတော့ လာမယ့် အင်္ဂါနေ့မှာ ဘန်လေနဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်