နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်းမရိတ်စ် မြောက်လန်ဒန် ဒါဘီမှာ ဂန်းနားတွေ ကိုပဲ ရွေးချယ်ချင်မိပါတယ် | အာဆင်နယ် – တော့တင်ဟမ်ဟော့စပါး (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

အာဆင်နယ် – တော့တင်ဟမ်ဟော့စပါး

အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ရဲ့ အကြိမ် ၁၉၀ မြောက် လန်ဒန်ဒါဘီ ဟာ အခုတစ်ပတ် စူပါဆန်းဒေးရဲ့ အကောင်းဆုံးပွဲ ဖြစ်ပါတယ်။ မြောက်လန်ဒန်ဒါဘီ ဟာ အင်္ဂလန်ရဲ့ သက်တမ်း အရင့်ဆုံးနဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဒါဘီတွေ ထဲက တစ်ခု ဖြစ်ပြီး အခါးသီးဆုံး မြို့ခံ ပြိုင်ဘက်တွေ ဖြစ်နေတာကြောင့် ဂုဏ်သိက္ခာအရ တွေ့ဆုံချိန်တိုင်းမှာ အကြိတ်အနယ် ကစားလေ့ ရှိတဲ့ ပွဲဆိုရင်လည်း မမှားပါဘူး။

အပွင့်လင်းဆုံး ပြောရမယ် ဆိုရင် နှစ်သင်းလုံးရဲ့ လက်ရှိ ခြေစွမ်းဟာ အနိုင်အရှုံး မှန်းဆရ ခက်လွန်းနေတာကြောင့် ဖြစ်နိုင်ရင်တော့ ဒါဘီ အရသာ ခံစားရုံ သက်သက်သာ အားပေးသင့်တဲ့ပွဲ ဖြစ်ပါတယ်။ ဒါပေမယ့် SBOTOP ပရီးမီးယားလိဂ် ပရိသတ်တွေ အတွက် အကျိုးရှိနိုင်မယ့် ပွဲကြိုအချက်အလက်တွေနဲ့ ခန့်မှန်းချက် တချို့ကို ဖော်ပြပေးသွားပါမယ်။

အိမ်ရှင် အာဆင်နယ်နဲ့ ပတ်သတ်လို့ စပြောရမယ် ဆိုရင် အာတေးတားရဲ့ အသင်းက ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ပေးဂိုး မရှိ နိုင်ပွဲ ပြန်ရှာတွေ့ထားခဲ့ပေမယ့် ခြေစွမ်း ကတော့ ထင်သလောက် တိုးတက်လာခြင်းတော့ မရှိသေးပါဘူး။ ရာသီ အဖွင့် ၃ ပွဲဆက် ရှုံးနိမ်ခဲ့ရာကနေ နော့ဝှစ်ခ်ျနဲ့ ဘန်လေကို ပြန်ပြီး အနိုင်ရခဲ့တာကြောင့် ဂန်းနားတို့ ရမှတ် ၆ မှတ်နဲ့ လက်တလော အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။ နည်းပြ အာတေးတား လည်း ထုတ်ပယ်ခံရ နီးဆဲဆဲမှ ၂ ပွဲဆက် ၃ မှတ် ပြန်ပြီး ရှာဖွေနိုင်ခဲ့လို့ အသက်ရှူချောင်ခဲ့ရသလို ဖိအားတွေ အောက်ကနေလည်း အတန်အသင့် ရုန်းထွက်ထားနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ဒါပေမယ့် အာဆင်နယ်တို့ အမှန်တကယ် လမ်းကြောင်းမှန်ပေါ် ပြန်ပြီး ရောက် မရောက် ဆိုတာ ကိုတော့ အခု လာမယ့် စပါးနဲ့ လန်ဒန်ဒါဘီပွဲက အတိုင်းအတာ တစ်ခု အထိ အဖြေထုတ်ပေးပါလိမ့်မယ်။ နောက်ပြီး အာဆင်နယ် တစ်သင်းလုံး ဒဏ်ရာပြသနာ ကင်းရှင်းနေတဲ့ အတွက် စပါးကို အန်းမရိတ်စ်မှာ စိတ်ကြိုက် ဧည့်ခံကစားခွင့် ရှိနေပါတယ်။ အာတေးတား စတင် ကိုင်တွယ်ချိန် ကစလို့ စပါးနဲ့ ပရီးမီးယားလိဂ်မှာ ၄ ကြိမ် တွေ့ဆုံထားခဲ့ပြီး ၁ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံး မှတ်တမ်း ပိုင်ဆိုင်ထားပါတယ်။ ဖြစ်နိုင်ဖွယ် လူစာရင်းအရ ဆိုရင် အာတေးတားဟာ သူ့စိတ်ကြိုက် ၄-၂-၃-၁ ကစားကွက် ကိုမှ ဂိုးမှာ ရမ်းစ်ဒေးလ်၊ ခံစစ်မှာ တိုမီယာဆု၊ ဘန်ဝှိုက်၊ ဂါဘရီရယ်၊ တီယာနေး၊ ကွင်းလယ် မှာတော့ ကိုဗစ်က ပြန်ပြီး သက်သာလာတဲ့ ဂရန်းနစ် ချာကာကို ပါတေးနဲ့ တွဲဖက် ကစားခိုင်းဖို့ များပြီး တောင်ပံနှစ်ဖက်မှာ ဆာကာနဲ့ စမစ်ရိုးဝ်၊ အလယ်မှာ မာတင် အိုဒီဂတ်နဲ့ အထောင်တိုက်စစ်မှူး အဖြစ် အသင်းခေါင်းဆောင် အော်ဘာမီယန်းပဲ ပါ၀င်လာဖို့ ရှိနေပါတယ်။

စပါး ကတော့ ပရီးမီးယားလိဂ် အဖွင့် ၃ ပွဲဆက် အနိုင်ရခဲ့ပေမယ့် ပဲလေ့စ်နဲ့ ချဲလ်ဆီးကို ၂ ပွဲဆက် ၃-၀ ရလဒ်တွေနဲ့ ရှုံးပြီး ကြားရက် မှာ ကစားတဲ့ ဝုဗ်နဲ့ လိဂ်ဖလား ပွဲစဉ် မှာလည်း နောက်တစ်ဆင့် တက်ဖို့ ခက်ခက်ခဲခဲ ကစားထားခဲ့ရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေတဲ့ တော့တင်ဟမ်ဟော့စပါး

စပါး ကတော့ ပရီးမီးယားလိဂ် အဖွင့် ၃ ပွဲဆက် အနိုင်ရခဲ့‌ပေမယ့် ပဲလေ့စ်နဲ့ ချဲလ်ဆီးကို ၂ ပွဲဆက် ၃-၀ ရလဒ်‌တွေနဲ့ ရှုံးပြီး ကြားရက် မှာ ကစားတဲ့ ဝုဗ်နဲ့ လိဂ်ဖလား ပွဲစဉ် မှာလည်း နောက်တစ်ဆင့် တက်ဖို့ ခက်ခက်ခဲခဲ ကစားထားခဲ့ရပါတယ်။ တစ်လတာ အကောင်းဆုံး နည်းပြဆု ရပြီးမှ နိုင်ပွဲ ပျောက်နေတဲ့ နူနို အက်စ်ပီရီတို ဆန်တိုနဲ့ စပါး အတွက်လည်း ဖိအားတွေ အောက်က ရုန်းထွက်ဖို့ ဆိုရင် အန်းမရိတ်စ် ကွင်း ကနေ အနိမ့်ဆုံး သရေ ၁ မှတ်ယူပြီး ပြန်နိုင်ဖို့ လိုအပ်ပါတယ်။ လက်ရှိ အခြေအနေအရ စပါးမှာ အဓိက ကစားသမား အများစု ပြန်လည် ပါ၀င်လာဖို့ ရှိနေပြီး ဘက်ဂ်ျ၀င်းနဲ့ ဆက်ဆနွန် နှစ်ဦးပဲ လွဲချော်မယ်လို့ သိရပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြီးခဲ့တဲ့ လန်ဒန်ဒါဘီ တွေ့ဆုံမှု ၁၈၉ ကြိမ်မှာ အာဆင်နယ်က ၇၈ ကြိမ် နိုင်ပြီး စပါးက အကြိမ် ၆၀ ပြန်လည် အနိုင်ရထားတာ တွေ့ရပါတယ်။ ဒါ့အပြင် အန်းမရိတ်စ်မှာ ကစားခဲ့တဲ့ နောက်ဆုံး တွေ့ဆုံမှု ၂၈ ကြိမ်မှာ စပါးတို့ ၁ ကြိမ်သာ အနိုင်ရထားပြီး ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ပွဲစဉ် မှာလည်း ၂-၁ နဲ့ ရှုံးနိမ့်ထားပါတယ်။ စပါး တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အာဆင်နယ်ကို ဂိုးအများဆုံး သွင်းထားနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပြီး ၁၁ ဂိုးအထိ သွင်းယူထားပါတယ်။ အာဆင်နယ် တိုက်စစ်မှူး လာကာဇက် ကတော့ စပါးနဲ့ နောက်ဆုံး ကစားခဲ့တဲ့ ၃ ပွဲ စလုံးမှာ ဂိုးသွင်းနိုင်ခဲ့ပြီး စုစုပေါင်း ၆ ဂိုး အထိ သွင်းယူထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အာဆင်နယ် vs တော့တင်ဟမ် ဟော့စပါး 1X2 အာဆင်နယ် @ 2.33
စက်တင်ဘာလ ၂၆ ရက် , ည ၁၀:၀၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေး အရ အိမ်ရှင် အတွက် ၂.၆၂ ဆ၊ ဧည့်သည် အတွက် ၂.၈၀ ဆနဲ့ သရေ အတွက် ၃.၂၀ ဆ ကြေးဖွင့်ထားတာ‌ တွေ့ရပါတယ်။ ပေါက်ကြေးအရ ဆိုရင် အာဆင်နယ် ကတောင် မသိမသာ အကျောပေးထားတာ တွေ့ရပါတယ်။ ခြေစွမ်းပိုင်းအရတော့ အထက်မှာ ပြောခဲ့သလိုပဲ မှန်းရခက်နေပါတယ်။ အာတေးတားရဲ့ နည်းစနစ်နဲ့ အသင်းသားတွေရဲ့ ခြေစွမ်းကို ယုံကြည်ရ ခက်ပေမယ့် အိမ်ကွင်း ပရိသတ် အားပေးမှုနဲ့ အစဉ်အလာမှာ ပိုသာနေတဲ့ ဂန်းနား အုပ်စု ကိုပဲ မျက်စိမှိတ် ရွေးချယ်ချင်နေပါတယ်။

ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်