နယူးကာဆယ် နည်းပြ အက်ဒီဟောင်းဝ် ကတော့ သူတို့ အသင်း အနေနဲ့ ပြီးခဲ့တဲ့နှစ်က ရရှိခဲ့တဲ့ အောင်မြင်မှုကို အရှိန်အဟုန်မပြတ် ထိန်းသိမ်းထားနိုင်ဖို့ အတွက် ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် နောက်ထပ် ဆုဖလား တစ်လုံး အမြန်ဆုံး ဆွတ်ခူးနိုင်ဖို့ ဆန္ဒ ပြင်းပြနေကြောင်း ပြောကြားလိုက်ပါတယ်။ ဆိုလိုတာ ကတော့ သူတို့ အတွက် ဒီရာသီ ဆုဖလား မျှော်လင့်ချက် အတွက် ဖြစ်နိုင်ခြေ ရှိတဲ့ အက်ဖ်အေဖလားကို ပစ်မှတ်ထားနေတဲ့ သဘောပါပဲ။
နယူးကာဆယ်ဟာ ပြီးခဲ့တဲ့နှစ် မတ်လ အတွင်းက လစ်ဗာပူးလ် အသင်းကို ၂-၁ နဲ့ အနိုင်ယူပြီး ခရာဘောင်ဖလား ဆွတ်ခူးထားပါတယ်။ ဒါကြောင့် ငှက်ကြားတွေ အနေနဲ့ နှစ်ပေါင်း ၆၀ ကြာ ပြည်တွင်းဖလား လက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒီရာသီမှာတော့ သူတို့ဟာ လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ ကြိုးစားခဲ့ပေမယ့် မကြာသေးခင်ကပဲ မန်ချက်စတာစီးတီးကို ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခွာထားခဲ့ရပါတယ်။ ဆုဖလား အောင်မြင်မှု အရသာကို မြည်းစမ်းခဲ့ဖူးတဲ့ အက်ဒီ ဟောင်းဝ်ဟာ လက်ရှိ မှာတော့ အသင်းကို နောက်ထပ် ဆုဖလားတွေဆီ အရောက်ပို့ပေးဖို့ စိတ်အားထက်သန်နေပါတယ်။ အက်ဒီဟောင်းဝ်က အက်စတွန်ဗီလာနဲ့ ကစားရမယ့် အက်ဖ်အေဖလား ပွဲစဉ် မတိုင်ခင်မှာ သတင်းထောက်တွေကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ နောက်ထပ် ဖလား တစ်လုံး ရချင်ပါတယ်။ ဖလားပြိုင်ပွဲတွေနဲ့ ပတ်သက်ရင် ကျွန်တော် တို့ရဲ့ သဘောထားက ပြောင်းလဲမှာ မဟုတ်ပါဘူး။ နောက်လာမယ့် ပွဲစဉ် ဖြစ်တဲ့ ဗီလာနဲ့ ပွဲကို အနိုင်ရအောင် အစွမ်းကုန် ကြိုးစားသွားမှာပါ။ ဒီမဲခွဲမှုက ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အတိုင်း မဟုတ်ပေမယ့် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမှာပါ။” လို့ ပြောဆိုခဲ့ပါတယ်။

ဆက်လက်ပြီး သူက “ပြီးခဲ့တဲ့နှစ်က ခရာဘောင်ဖလားမှာ ဗိုလ်စွဲခဲ့တာဟာ လူတိုင်း အတွက် ဘယ်လောက် အဓိပ္ပာယ်ရှိလဲ ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အခုလည်း တခြား နည်းလမ်းနဲ့ ဖြစ်ဖြစ် နောက်ထပ် ဖလား တစ်ခု ထပ်ရချင်ပါတယ်။ အဲဒါက အက်ဖ်အေဖလား ဖြစ်လာမယ် ဆိုရင်လည်း ကျွန်တော်တို့ အတွက် အခွင့်အရေးကောင်းပါပဲ။ လောလောဆယ်တော့ ဗီလာနဲ့ ပွဲကိုပဲ အာရုံစိုက်ထားပြီး အဲဒီနောက်မှာမှ ချန်ပီယံလိဂ် ပွဲစဉ် အတွက် စဉ်းစားသွားမှာပါ။” လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ Opta ရဲ့ ခန့်မှန်းချက်အရ အက်စတွန်ဗီလာက နောက်တစ်ဆင့် တက်ဖို့ ၅၄.၈% အထိ အခွင့်အရေး ပိုများခဲ့ပါတယ်။ ဒါပေမယ့် နယူးကာဆယ်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က စပါ်ကို အနိုင်ယူပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ပိုင်းကို ပြန်လည် တက်လှမ်းနိုင်ခဲ့တာကြောင့် ယုံကြည်မှု အပြည့် ရှိနေပါတယ်။ ဒါ့အပြင် နယူးကာဆယ်မှာ အဓိက ကွင်းလယ်လူ ဘရူနို ဂီမာရေးစ် ပေါင်ခြံဒဏ်ရာကြောင့် အခုပွဲကို မပါဝင်နိုင်ခဲ့ပါဘူး။
အက်စတွန်ဗီလာနဲ့ နယူးကာဆယ် တို့ဟာ အက်ဖ်အေဖလား သမိုင်းတစ်လျှောက်မှာ အကြိမ်ကြိမ် ဆုံတွေ့ခဲ့ဖူးပါတယ်။ ဗီလာဟာ နယူးကာဆယ်ကို ၄ ကြိမ်တိုင်တိုင် ပြိုင်ပွဲ ကနေ ဖယ်ထုတ်နိုင်ခဲ့ဖူးပြီး နယူးကာဆယ် ကတော့ ၁၉၂၃-၁၉၂၄ ဗိုလ်လုပွဲနဲ့ ၁၉၅၁-၁၉၅၂ တတိယအဆင့် ပွဲစဉ်တွေမှာ ဗီလာကို အနိုင်ရရှိခဲ့ဖူးပါတယ်။
အခုတော့ နယူးကာဆယ် နည်းပြ အက်ဒီဟောင်းဝ်က သူပြောခဲ့တဲ့ အတိုင်း ဖြစ်အောင် လုပ်ပြနေပြီလို့ပဲ ဆိုရပါမယ်။ ညက ကစားသွားတဲ့ ပွဲမှာ ဆိုရင် ငှက်ကြားတွေဟာ ဗီလာကို အဝေးကွင်းမှာ ၁-၃ ရလဒ်နဲ့ အနိုင်ယူပြီး နောက်တဆင့် တက်လှမ်းသွားခဲ့ပါတယ်။ ပွဲချိန် ၁၄ မိနစ် ကတည်းက ဗီလာက တမ်မီ အေဘရာဟမ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပထမပိုင်း ပြီးခါနီးမှာ ဂိုးသမား ဘီဇော့တ် အနီကတ်ပြသခံခဲ့ရပါတယ်။ တစ်ယောက် လျော့သွားတဲ့နောက် ပွဲရဲ့ ချိန်ခွင်လျှာက နယူးကာဆယ် ဘက်ကို လုံးဝ ရောက်သွားခဲ့ပြီး တိုနာလီက ၆၃ မိနစ်နဲ့ ၇၆ မိနစ် တို့မှာ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေကို သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ၈၈ မိနစ်မှာတော့ နစ်ခ် ဝေါလ်တီမာဒါက အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူပေးခဲ့ပြီး နောက်တဆင့်ကို တက်ရောက်သွားစေခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


