နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစစ်ပွဲ အောင်မြင်ဖို့ ဆိုရင် နှစ်သင်းလုံး အမှားလုပ်ခွင့် မရှိဘူး (၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်)

countdown banner

နယ်သာလန် – နော်ဝေ

ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု (G)ရဲ့ နောက်ဆုံး ပွဲစဉ် မှာတော့ နယ်သာလန်နဲ့ နော်ဝေတို့ ထိပ်တိုက်တွေ့ဆုံနေပြီး ခြေစစ်ပွဲ အောင်မြင်ရေး အတွက် အရေးပါတဲ့ ပွဲစဉ် အဖြစ် ကစားကြရမှာလည်း ဖြစ်ပါတယ်။ လက်ရှိ အုပ်စု (G)မှာ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ရေးနဲ့ Play Off တစ်နေရာ အတွက် မျှော်လင့်ချက် ရှိနေသေးတဲ့ အသင်း နှစ်သင်း တွေ့ဆုံနေတာ ဖြစ်လို့ ကျိန်းသေပေါက် အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာပါ။

နယ်သာလန်တို့ အခုပွဲမှာ အနိမ့်ဆုံး သရေ ၁ မှတ် ရရင်တောင် ကမ္ဘာ့ဖလား ခြေစစ်ပွဲကို တိုက်ရိုက် အောင်မြင်မှာ ဖြစ်ပေမယ့် ရှုံးနိမ့်ခဲ့ရင်တော့ တစ်ဖက်က တူရကီ ပွဲရလဒ်ပေါ် မူတည်ပြီး ခြေစစ်ပွဲ မအောင်မြင်တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ ပြီးခဲ့တဲ့ မွန်တီနီဂရိုးနဲ့ ပွဲစဉ်မှာ ၂ ဂိုးပြတ် ဦးဆောင်ပြီးမှ နောက်ကျ ချေပဂိုးတွေ ပြန်ပေးခဲ့ရတာကြောင့် နယ်သာလန်တို့ ခြေစစ်ပွဲ အောင်မြင်ရေး အတွက် အမှားခံလို့ မရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ၂၀၁၀ ကမ္ဘာ့ဖလားမှာ ဒုတိယ ရရှိခဲ့ပြီး ၂၀၁၄ ကမ္ဘာ့ဖလားမှာ တတိယရခဲ့တဲ့ နယ်သာလန်တို့ ၂၀၁၆ ကမ္ဘာ့ဖလား တုန်းက ခြေစစ်ပွဲ မအောင်မြင်ခဲ့တဲ့ မှတ်တမ်းဆိုး အောက်ကနေ ရုန်းထွက်နိုင်ရေး အတွက်ဆို အခု လာမယ့်ပွဲမှာ မဖြစ်မနေ ရလဒ်ကောင်းဖို့ ကြိုးစားရတော့ မှာလည်း ဖြစ်ပါတယ်။ ယူရို ၂၀၂၀ ရှုံးထွက်ပွဲစဉ်မှာ ချက်ကို ၂ ဂိုးပြတ် ရှုံးနိမ့်ပြီး ကတည်းက နောက်ဆုံး ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၅ ပွဲ ဆက် ရှုံးပွဲ မရှိအောင် စွမ်းဆောင်ထားခဲ့တဲ့ နယ်သာလန်တို့ ၄ ပွဲနိုင်ပြီး ၂ ပွဲ သရေကျထားပါတယ်။ လက်ရှိ ခြေစစ်ပွဲ အဆင့် အုပ်စု ပွဲစဉ် ၉ ပွဲ ကစားထားရာမှာ တစ်ပွဲ ပျမ်းမျှ ၃ ဂိုးနဲ့ အထက် သွင်းထားနိုင်ပြီး ပေးဂိုး ၁ ဂိုးနှုန်းတောင် မရှိထားတဲ့ အတွက် လူးဝစ် ဗန်ဟားလ်ရဲ့ အသင်းက  အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ထားတယ် ဆိုပေမယ့် ပွဲစဉ် တချို့ မှာတော့ ခံစစ် ပေါ့လျော့မှု တွေကို မြင်တွေ့နေရပါတယ်။ အခုလာမယ့် ပွဲမှာတော့ ခံစစ်က စတီဖန် ဒီဗရစ်ဂျ် တံကောက်ကြော ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေတာ ကလွဲရင် ဒီလစ်ဂျ်၊ ဗန်ဒိုက်ခ်၊ ဒီယောင်၊ မန်းဖစ် ဒီပေး၊ ဝိုင်နယ်ဒမ် တို့လို အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာနိုင်ဖို့ ရှိနေပါတယ်။

 
နော်ဝေ ကတော့ တောက်လျောက် ပုံစံကောင်း ရနေခဲ့ပေမယ့် ပြီးခဲ့တဲ့ ပွဲမှာ လက်ဗီးယားကို ဂိုးမရှိ သရေကျခဲ့လို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ရေး အတွက် အခုပွဲ ကနေ အနိုင် ၃ မှတ် မဖြစ်မနေ ရရှိဖို့ လိုအပ်နေခဲ့ပါပြီ။ သရေကျတာနဲ့ Play Off တစ်နေရာတောင် မျှော်လင့်နိုင်မှာ မဟုတ်လို့ ကျိန်းသေပေါက် နယ်သာလန်မြေမှာ ဖောင်ဖျက် ကစားလာမယ့် သဘော ရှိပါတယ်။ မာတင် အိုဒီဂတ်၊ ဆောလော့သ်၊ သော်စ်ဘီ၊ နော်မန်၊ ဂျော်ရွှာ ကင်းန်၊ ပတ်ဒါဆန်တို့လို့ ကစားသမား ကောင်းတွေ ရှိနေပြီး တောင့်တင်းတဲ့ စုဖွဲ့မှု တစ်ခု ပိုင်ဆိုင်ထားပေမယ့် အဓိက တိုက်စစ်မှူး အာလင်း ဟာလန်း ဒဏ်ရာ ရရှိနေတာက နော်ဝေ အတွက် အဓိက ပြသနာ တစ်ခု ဖြစ်နေခဲ့တာပါ။ နောက်ဆုံး ၆ ပွဲဆက် ရှုံးပွဲ မရှိထားတဲ့ နော်ဝေတို့ ၃ ပွဲနိုင်၊ ၃ ပွဲသရေ ဆိုတဲ့ ရလဒ်ပိုင်းက မဆိုးဘူးလို့ ပြောနိုင်ပေမယ့် ပြီးခဲ့တဲ့ လက်ဗီးယားနဲ့ ပွဲတုန်းက လိုသာ တိုက်စစ်က ဂိုးပေါက် ပျောက်ဆုံးနေဦးမယ် ဆိုရင်တော့ ခြေစစ်ပွဲ အောင်မြင်ရေး ကိုလည်း ထိခိုက်သွားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နော်ဝေ ကတော့ တောက်လျောက် ပုံစံကောင်း ရနေခဲ့ပေမယ့် ပြီးခဲ့တဲ့ ပွဲမှာ လက်ဗီးယားကို ဂိုးမရှိ သရေကျခဲ့လို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ရေး အတွက် အခုပွဲ ကနေ အနိုင် ၃ မှတ် မဖြစ်မနေ ရရှိဖို့ လိုအပ်နေခဲ့ပါပြီ။
ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု (G)ရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ နော်ဝေ

ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၂၁ ကြိမ်မှာ နယ်သာလန်တို့ ၉ ကြိမ် အနိုင်ရပြီး နော်ဝေတို့ ၅ ပွဲသာ ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ဒါပေမယ့် ၁၉၉၂ ခုနှစ် နောက်ပိုင်း ပြိုင်ပွဲစုံ ၅ ပွဲ တွေ့ဆုံထားခဲ့ရာမှာ နယ်သာလန်တို့ ၄ ပွဲနိုင်ပြီး ၁ ပွဲ သရေကျထားပါတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပထမအကျော့ အဖြစ် နော်ဝေကွင်း တွေ့ဆုံမှု မှာတော့ တစ်ဖက် တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
နယ်သာလန် – နော်ဝေ အချိန်ပြည့် 1X2 အိမ်ရှင် @ ၁.၄၂ ဆ
နိုဝင်ဘာလ ၁၇ ရက် , ည ၂:၁၅ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ နယ်သာလန် အတွက် ၁.၄၂ ဆနဲ့ နော်ဝေ အတွက် ၅.၆၀ ဆ ကြေးဖွင့်ထားပြီး သရေ အတွက် ၄.၆၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ နှစ်သင်းလုံး အမှားခံလို့ မရတဲ့ အခြေအနေ ဖြစ်လို့ လူစုံထုတ်ပြီး ရလဒ်ကောင်းဖို့ ကြိုးစားလာပါလိမ့်မယ်။ နယ်သာလန်တို့ အိမ်ကွင်း အားသာချက် ရှိနေသလို ကစားသမား အင်အားလည်း ပိုပြီး တောင့်တင်းနေတဲ့ အတွက် အခုပွဲ မှာတော့ အိမ်ရှင် ဘက်ကပဲ အပြည့်အဝ ရပ်တည်ချင်ပါတယ်။ ပြိုင်ဘက်ရဲ့ ခြေစွမ်းကြောင့်တော့ ဂိုးပြတ်ဖို့ မရှိပါဘူး။ နယ်သာလန် အနိုင်တော့ သေချာပါတယ်။
 
ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်