နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကမ္ဘာ့ဖလား၊ ယူရိုနဲ့ နေးရှင်းလိဂ် ပြိုင်ပွဲ အားလုံးမှာ ချန်ပီယံဆု ကိုင်မြှောက်နိုင်ခဲ့ပြီ ဖြစ်တဲ့ ပြင်သစ် (ပွဲပြီးသုံးသပ်ချက်)

စပိန် ၁ – ၂ ပြင်သစ်

စပိန်နဲ့ ပြင်သစ်ရဲ့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ဗိုလ်လုပွဲ ကတော့ တကယ်ကို ပရိသတ်အကြိုက် ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ပထမပိုင်း တစ်ပိုင်းလုံး မှာ‌‌တော့ အမှားစောင့် ကစားပြီး နည်းစနစ်ပိုင်း အားပြိုင်ခဲ့ကြတာက တကယ်ကို ကြည့်ကောင်းခဲ့သလို ဒုတိယပိုင်း ရောက်မှ တစ်ဖက်နဲ့ တစ်ဖက် အားအနည်းဆုံး နေရာ တွေကနေ တဆင့် ဂိုးရဖို့ အားထုတ်ကြတာတွေ၊ နှစ်ဖက် ဂိုးသမားတွေရဲ့ ကာကွယ်နိုင်မှု တွေကြောင့် စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပွဲတစ်ပွဲ ဖြစ်သွားခဲ့ပါတယ်။ ကီလီယန် အမ်ဘာပေးရဲ့ အနိုင်ဂိုးဟာ အငြင်းပွားစရာ ရှိခဲ့ပေမယ့် ကွင်းလယ်ဒိုင် အန်သိုနီ တေလာနဲ့ VAR က ခွင့်ပြခဲ့လို့ ၁-၂ ရလဒ်နဲ့ ပြင်သစ်တို့ စပိန်ကို အနိုင်ယူပြီး နေးရှင်းလိဂ် ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။
 

ပွဲစဉ်အကျဉ်း

နည်းစနစ်ပိုင်း အားပြိုင်ကြမယ့် ပွဲစဉ်လို့ သုံးသပ်ခဲ့ကြတဲ့ အတိုင်း တကယ်တမ်းလည်း နှစ်ဖက် အသင်းရဲ့ ကစားသမား ပွဲထုတ်ပုံက တော်တော်လေးကို စိတ်ဝင်စားဖို့ ကောင်းခဲ့တာပါ။ အမ်ဘာပေ၊ ဘင်ဇီမာတို့ကို တိုက်စစ် နေရာမှာ အသုံးပြုပြီး ဂရစ်ဇ်မန်း၊ ပေါ့ဘာတို့ ခြံရံခဲ့တဲ့ ပြင်သစ်ရဲ့ ၃-၄-၁-၂ ကစားကွက်ထက် စပိန်ရဲ့ ၄-၃-၃ အခြေခံ ကစားကွက်က ပိုပြီး အလုပ်ဖြစ်ခဲ့ပါတယ်။ တကယ်တမ်း မှာလည်း စပိန်ရဲ့ တောင်ပံတွေက ပြင်သစ် နောက်တန်းကို အလုပ်ရှုပ်စေခဲ့တယ်။ ပွဲအစပိုင်း အထနှေးတတ်တဲ့ ပြင်သစ်ရဲ့ လိုအပ်ချက်ကို  နည်းပြ အန်းနရစ်ရဲ့ စပိန်အသင်းက အကောင်းဆုံး ဖိအားပေး နိုင်ခဲ့တယ်။ ဒါပေမဲ့ ကွင်းလယ်မှာသာ  ဘောလုံး အပျက်များနေခဲ့ပြီး အမှားများခဲ့ကြတဲ့ အ တွက် ပထမပိုင်း ပြီးချိန်အထိ နှစ်ဖက်လုံး ဂိုးမသွင်း နိုင်ခဲ့ပါဘူး။ ပွဲချိန် မိနစ် ၆၀ မှာတော့ စပိန်တို့  လူစား လဲလှယ်မှု စတင် ပြုလုပ်ခဲ့ပြီး ပီနို ဝင်လာခဲ့ ပြီးတဲ့နောက် ဆက်တိုက် ဆိုသလို တိုက်စစ် အသားပေး ကစားရင်း ပွဲချိန် ၆၄ မိနစ်မှာ အော့ယာဇာဘယ်လ်က ပြင်သစ် နောက်တန်းရဲ့ အမှားကို အခွင့်ကောင်းယူပြီး ဂိုးအဖြစ် ပြောင်းလဲပေး နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂ မိနစ် အကြာမှာပဲ ပြင်သစ်အသင်းရဲ့ ဝါရင့် တိုက်စစ်မှူး ဘင်ဇီမာက  အတိအကျဆုံး ကန်သွင်းချက် နဲ့အတူ အဖိုးတန် ချေပဂိုး အဖြစ် ပြန်လည် ရယူပေးနိုင်ခဲ့ပါတယ်။ နှစ်ဖက်လုံး သွင်းဂိုး အသီးသီး ရရှိခဲ့ပြီးတဲ့နောက်  အမှားမခံတမ်း ကစားခဲ့ပြီး ပြင်သစ် အနေနဲ့ ဂိုးထပ်ရဖို့ အားစိုက်ခဲ့တယ် ဆိုပေမယ့် စပိန်အသင်းရဲ့ ဘောလုံး ပိုင်ဆိုင်မှု အသာရအောင် ကစားတဲ့ ပုံစံအရ လက်ကျန် ပွဲချိန်တွေက ခက်ခဲ ခဲ့ပါတယ်။ ပွဲရဲ့ အလှည့်အပြောင်း ကတော့ ပွဲချိန် မိနစ် ၈၀မှာ ဖြစ်ပေါ်ခဲ့ပြီး အမ်ဘာပေးက စပိန်ရဲ့ လူကျွံထောင်ချောက်ကို ကျော်ဖြတ်ကာ ဂိုးသမားနဲ့ တစ်ဦးချင်း အနေအထား ကနေ အဆုံးသတ် ကောင်းကောင်းနဲ့ ဂိုးအဖြစ် ပြောင်းလဲ ပေးခဲ့ပါတယ်။ ရုပ်သံအနှေး ပြကွက်များအရ ဒီဂိုးဟာ လူကျွံ အနေအထား ရှိနေခဲ့ပေမယ့် ကွင်းလယ်ဒိုင်က  ဂိုးအဖြစ် ခွင့်ပြုပေးခဲ့တဲ့ အတွက် ပြင်သစ်တို့အတွက် အဖိုးတန်ဂိုး တစ်ဂိုး ဖြစ်သွားခဲ့ပါတယ်။ ဂိုးသွင်းနိုင်ခဲ့တဲ့ အမ်ဘာပီ အတွက်လည်း ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အပြီး နောက်ထပ် ဗိုလ်လု ပွဲစဉ် တစ်ပွဲမှာ အရေးပါတဲ့ ဂိုးတစ်ဂိုး ထပ်ပြီး ရယူနိုင်ခဲ့တဲ့ မှတ်တမ်းကောင်း တစ်ရပ် ပိုင်ဆိုင်သွားခဲ့ပါတယ်။ နောက်ပိုင်း ပွဲချိန်တွေမှာ ပြင်သစ်တို့ ဂိုးမပေးရဖို့ အတွက် ခံစစ်မှာသာ အားစိုက်ခဲ့ပြီး စပိန်ဘက်ကလည်း ဖာရန်တောရက်စ်၊ ရိုဒရီ တို့ကို ထည့်သွင်းပြီး တိုက်စစ် မြှင့်ခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ ပြင်သစ်ရဲ့ ခံစစ်စုဖွဲ့မှု ပွဲပြီးခါနီး ပိုကောင်းခဲ့သလို စပိန် တိုက်စစ်ကလည်း ချေပဂိုး ပြန်ရဖို့ ရုန်းကန်ခဲ့ရလို့ ပွဲအပြီးမှာ ပြင်သစ်တို့ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ယူအီးအက်ဖ်အေ နေရှင်းလိဂ် ချန်ပီယံအဖြစ် အောင်ပွဲ ခံနိုင်ခဲ့ပါတယ်။

အဆုံးသတ် မှာတော့ ပြင်သစ် တို့ရဲ့ ဗျူဟာက ပိုပြီး ထက်မြတ်ခဲ့တဲ့ အတွက် စပိန်တို့ နေးရှင်းလိဂ် ဒုတိယဆုနဲ့ပဲ ကျေနပ်ခဲ့ရပါတော့တယ်။
ပြင်သစ် ဂိုးသမား ဟူဂို လိုရစ်ရဲ့ ကာကွယ်မှုတွေကြောင့် ဒုတိယဆုနဲ့ပဲ ကျေနပ်ခဲ့ရတဲ့ စပိန်

 

ပွဲပြီးသုံးသပ်ချက်

စပိန် နည်းပြ အန်းနရစ် အတွက် တကယ်ကို ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲလို့ ဆိုရမှာပါ။ ဝါရင့် နည်းပြ ဒယ်ဘော့စကေးလ်  နောက်ပိုင်း အသင်းကို အကောင်းဆုံး ထိန်းကျောင်းနိုင်ခြင်း နဲ့အတူ အဓိက ပြိုင်ပွဲကြီးတွေမှာ အမြင့်ဆုံး အခြေအနေ အထိ ရောက်အောင် လုပ်ပြနိုင်ခဲ့ပေမယ့် အောင်မြင်မှုရဖို့ ရုန်းကန်နေရဆဲပါ။ ပြင်သစ် ကတော့ လူကြီး လူငယ်၊ စီနီယာ ဂျူနီယာ အချိုးကျကျ ပေါင်းစပ်ထားမှုနဲ့ အတူ နောက်ထပ် ဆုဖလားတစ်လုံး သိမ်းပိုက် နိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ကစားသမား အစုအဖွဲ့ အင်အားပိုင်းကွာဟမှု မရှိခဲ့သလို နည်းဗျူဟာပိုင်းလည်း သိပ်မကွာပေမယ့်  အတွေ့အကြုံပိုင်း အရ ပြင်သစ်နည်းပြ ဒက်ချမ့်က အနည်းငယ်ပိုသာခဲ့ပါတယ်။ ပီကေးလ်၊ ရာမို့စ်တို့လို ဝါရင့် နောက်ခံလူတွေ မပါတဲ့ စပိန် နောက်တန်းကို လာလီဂါ အခြေစိုက် ကစားသမားတွေဖြစ်တဲ့ ဘင်ဇီမာ၊ ဂရစ်ဇ်မန်းတို့နဲ့ အဓိကထား ထိုးဖောက်ခဲ့တာက တကယ်တမ်းမှာ တော်တော်လေးကို အလုပ်ဖြစ်ခဲ့ပါတယ်။ လာပေါ့တီ၊ ဂါဇီယာ အတွဲကလည်း ဒီပွဲမှာ နောက်တန်း တောင်ပံ နှစ်ဖက် ဖြစ်တဲ့ အက်စပီလီကွယ်တာ၊ အလွန်ဆို တို့ထက်  အနည်းငယ် နားလည်မှုလွဲ နေခဲ့တာကလည်း ပြင်သစ် အတွက် အခွင့်ကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ စပိန်ရဲ့ ကွင်းလယ် ကတော့ အရင်က စပိန် ကွင်းလယ်တွေ လိုပဲ ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ်တွေထဲက တစ်ခုအဖြစ် ဆက်ပြီး သက်သေပြနေဆဲပါ။ အဓိက အချက်ကတော့ နည်းပြရဲ့ အတွေ့အကြုံပိုင်းက အဆုံးအဖြတ် ဖြစ်ခဲ့ပြီး ချေပဂိုး သွင်းယူနိုင်ခဲ့တဲ့ ဘင်ဇီမာရဲ့ ဂိုးကလည်း တကယ်ကို အချိန်ကိုက် အံကိုက် သေသပ်ခဲ့တဲ့ အတွေ့အကြုံ အပြည့်အဝဆုံး ဂိုးတစ်ဂိုး ဖြစ်ခဲ့တာလို့ ဆိုရင်လည်း မှားမယ် မထင်ပါဘူး။ အဆုံးသတ် မှာတော့ ပြင်သစ် တို့ရဲ့ ဗျူဟာက ပိုပြီး ထက်မြတ်ခဲ့တဲ့ အတွက် စပိန်တို့ နေးရှင်းလိဂ် ဒုတိယဆုနဲ့ပဲ ကျေနပ်ခဲ့ရပါတော့တယ်။
 

လာမယ့်ပွဲစဉ်များ

စပိန်တို့ ဒီပွဲပြီးရင် ပွဲဆက် ကစားဖို့ မရှိတော့ဘဲ လာမယ့် နိုဝင်ဘာ ၁၂ ရက်နေ့မှ ကမ္ဘာ့ ဖလား ဥရောပဇုန် ခြေစစ် ပွဲစဉ် အဖြစ် ဂရိကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ထို့အတူ ပြင်သစ် ကလည်း နိုဝင်ဘာ ၁၄ ရက်နေ့မှာ ကာဇက်စတန်ကို အိမ်ကွင်းမှာ လက်ခံ ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်