နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟာရဲရားရဲ့ နောက်ကျဂိုးနဲ့ ကွန်ကာကပ်ဖ် ရွှေဖလား ဗိုလ်လုပွဲကို ၁၄ ကြိမ်မြောက် တက်ရောက်ခဲ့တဲ့ မက္ကဆီကို

မက္ကဆီကို ၂ – ၁ ကနေဒါ

(အိုဘာလင် ပင်နီဒါ ၄၅+၂’(ပင်နယ်တီ)၊ ဟာရဲရား ၉၀+၉’) (ဗျူကန်နန် ၅၇’)

ဇူလိုင်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ကစားခဲ့တဲ့ ကွန်ကာကပ်ဖ် ရွှေဖလား ဆီမီးဖိုင်နယ် နောက်ထပ် ပွဲစဉ် တစ်ပွဲမှာတော့ မက္ကဆီကိုတို့ ကနေဒါကို အကြိတ်အနယ် ကစားပြီးမှ တောင်ပံကစားသမား ဟက်တာ ဟာရဲရားရဲ့ ၉၀+၉ မိနစ်မှာ သွင်းယူခဲ့တဲ့ နောက်ကျဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ နောက်ဆုံး ယှဉ်ပြိုင်ခဲ့တဲ့ ၆ ကြိမ်မှာ ချန်ပီယံ ၄ ကြိမ် ဖြစ်ထားခဲ့တဲ့ ကွန်ကာကပ်ဖ် ရွှေဖလားရဲ့ အအောင်မြင်ဆုံးအသင်း မက္ကဆီကိုတို့ ဗိုလ်လုပွဲ မှာတော့ အစဉ်အလာ ပြိုင်ဘက် ဖြစ်တဲ့ အမေရိကန်နဲ့ ထပ်မံ တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။

မက္ကဆီကို တို့ ဒီနေ့ပွဲမှာ လူစာရင်း အပြည့်အစုံနဲ့ ပွဲထွက်လာခဲ့ပြီး ကနေဒါ ကလည်း ပြီးခဲ့တဲ့ ပွဲတွေ အတိုင်း အသင်းလိုက် စုစည်းမှုအား ကောင်းကောင်းနဲ့ ပြိုင်ဘက်ကို ရင်ဆိုင်လာခဲ့ပါတယ်။ ဒီပွဲဟာ တစ်ဖက်က ကာတာ-အမေရိကန် ပွဲထက် ပိုပြီး အကြိတ်အနယ် ရှိခဲ့သလို မကြာခဏ ဆိုသလို အငြင်းပွားဖွယ် ပြစ်ဒဏ် ကျူးလွန်မှုတွေ၊ ရန်ပွဲတွေကြောင့် ကွင်းလယ်ဒိုင် အပါအဝင် နှစ်ဖက်အသင်း တာဝန်ရှိသူတွေ ပွဲမပျက်ဖို့ အတွက်တောင် တော်တော်လေး ထိန်းသိမ်းခဲ့ကြ ရပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ ကနေဒါ နောက်ခံလူတွေ ဂိုးဧရိယာ အတွင်းမှာ မက္ကဆီကို တိုက်စစ်မှူး ကိုရိုနာကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့ရာ ကနေ နှစ်ဖက် ကစားသမားတွေ အကြား ရန်ပွဲ ဖြစ်ခဲ့ပါတယ်။ အဲ့နောက် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီး ပင်နယ်တီ ပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့တာကို တိုက်စစ်မှူး ပင်နီဒါ က အမှားအယွင်းမရှိ ကန်သွင်းခဲ့လို့ မက္ကဆီကို တို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ချေပဂိုး ရရှိဖို့ အစွမ်းကုန် ကြိုးပမ်းလာခဲ့တဲ့ ကနေဒါတို့ ပွဲချိန် ၅၇ မိနစ်မှာ အမှန်တကယ်ပဲ ချေပဂိုး ရရှိသွားခဲ့ပါတယ်။ ကာရီ ထိုးပေးလိုက်တဲ့ ဘောလုံးကို တောင်ပံမှာ ခြေစွမ်းပြနေတဲ့ ဗျူကန်နန် ကပဲ တစ်ကိုယ်တော် စွမ်းဆောင်ရည်နဲ့ ကန်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ၆၆ မိနစ်မှာ မက္ကဆီကိုတို့ ပင်နယ်တီ ပြစ်ဒဏ်ဘော ထပ်မံ ကန်ခွင့် ရခဲ့ပေမယ့် ဆဲလ်ဆီဒိုရဲ့ ကန်ချက်ကို ကနေဒါ ဂိုးသမား ကရီပါအူ ကာကွယ်သွားခဲ့လို့ မက္ကဆီကို နစ်နာခဲ့ရပါတယ်။ မက္ကဆီကို တို့ တောက်လျောက် ဆိုသလို ကစားအား တင်လာခဲ့ပြီး မိနစ် ၉၀ ပြည့်လို့ နာကျင် အချိန်ပို နောက်ဆုံး မိနစ် မှာတော့ ဟက်တာ ဟာရဲရားက အနိုင်ဂိုး သွင်းယူခဲ့လို့ ကွန်ကာကက်ဖ် ရွှေဖလားရဲ့ ဗိုလ်လုပွဲကို ၁၄ ကြိမ်မြောက် တက်လှမ်းသွားနိုင်ခဲ့ ပါတယ်။ သမိုင်းတစ်လျှောက် ကွန်ကာကပ်ဖ် ရွှေဖလား ချန်ပီယံဆုကို ၂ ကြိမ် ရရှိခဲ့့ဖူးတဲ့ ကနေဒါ အတွက် ကတော့ ၂၀၀၂ ခုနှစ်မှာ ချန်ပီယံဖြစ်ပြီး နောက်ပိုင်း ပထမဦး အကြိမ် ဗိုလ်လုပွဲ တက်ရောက်ခွင့်နဲ့ လွဲချော်သွားခဲ့ရပါတယ်။ အခုပွဲမှာ နှစ်သင်းစလုံး အကြိတ်အနယ် ကစားခဲ့ကြတယ် ဆိုတာထက် ကစားသမား အချင်းချင်း ရည်ရွယ်ချက် ရှိရှိ ပြစ်ဒဏ်ကျူးလွန်ခဲ့ကြ တာတွေ ကတော့ တော်တော်လေးကို ရုပ်ဆိုး အကျည်းတန်ခဲ့တယ် လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

မက္ကဆီကို တို့ လာမယ့် ဩဂုတ်လ ၂ ရက်နေ့၊ တနင်္လာနေ့ မနက် ၇ နာရီမှာ အမေရိကန်နဲ့ ကွန်ကာကပ်ဖ် ရွှေဖလား ဗိုလ်လုပွဲ ကစားဖို့ ရှိပြီးတော့ ကွန်ကာကပ်ဖ်ဇုန် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ ဆက်လက် ကစားဖို့ ရှိနေပါတယ်။ ကနေဒါ ဟာလည်း မက္ကဆီကို လိုပဲ စက်တင်ဘာလ ၃ ရက်နေ့ ကစပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်