နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘယ်ဂျီယံတို့ ကပ်နိုင်သွားဖို့ များနေတဲ့ပွဲ (နေးရှင်းလိဂ် ပွဲကြိုသုံးသပ်ချက်)

countdown banner

ဘယ်ဂျီယံ – ပြင်သစ်

နေးရှင်းလိဂ် ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ် အဖြစ် ပြင်သစ်နဲ့ ဘယ်ဂျီယံတို့ အောက်တိုဘာလ ၈ ရက်နေ့ည အလိုင်းယန့်ဇ် အရီနာမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဥရောပထိပ်သီး အသင်းကြီး နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပြီး ယူရို ၂၀၂၀မှာ စိတ်ပျက်စရာ ရလဒ်နဲ့ အဆုံးသတ်ခဲ့သမျှကို ချေဖျက်ဖို့ အတွက် ‌အကောင်းဆုံး အခွင့်အရေး တစ်ခုလည်း ဖြစ်ပါတယ်။

ဘယ်ဂျီယံဟာ ယူရို ၂၀၂၀ မှာ အားလုံး မျှော်လင့်ထားသလို စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပဲ ကွာတားဖိုင်နယ် အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ အတွက် လက်ရှိ နေးရှင်းလိဂ် မှာ အောင်မြင်မှု ထပ်မံ ရှာဖွေဖို့ ကြိုးပမ်း လာမယ့် သဘော ရှိပါတယ်။ ဘယ်ဂျီယံဟာ ပြိုင်ပွဲတိုင်း လိုလိုမှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံးအသင်းတွေ အထဲ ထည့်သွင်းခံရလေ့ ရှိပေမယ့် ရှုံးထွက်အဆင့်နဲ့ပဲ အမြဲတမ်း ကျေနပ်ခဲ့ရတဲ့ အသင်း ဆိုတာ အားလုံးလည်း သိပြီးကြပြီ ဖြစ်မှာပါ။ ယူရို ၂၀၂၀ နောက်ပိုင်း ကမ္ဘာ့ဖလား ‌ခြေစစ်ပွဲ ၃ ပွဲ ကစားခဲ့ရာမှာ အက်စ်တိုးနီးယားကို ၂-၅၊ ချက်ကို ၃-၀၊ ဘီလာရုစ်ကို ၀-၁ နဲ့ အနိုင်ရထားခဲ့ပါတယ်။ ရလဒ်ပိုင်းအရ ကြည့်မယ် ဆိုရင်တော့ အားရစရာ အခြေအနေမှာ ရှိနေပြီး ခြေစွမ်းပိုင်းအရ ဆိုရင်လည်း အကောင်းဆုံး အနေအထား တစ်ခုမှာ ရှိနေဆဲလို့ ပြောလို့ ရပါတယ်။ လက်ရှိ မှာတော့ သောမက်စ် မြူနီယာ တစ်ဦးတည်း ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေပြီး လူကာကူ၊ ဟာဇက်၊ တေးလီမန့်စ်၊ ကာရက်စ်ကို၊ ဒီနေယာ၊ ဗာတွန်ဂန်၊ အန်ဒါဝီရယ်၊ ၀စ်ဆဲလ် တို့လို အဓိက ကစားသမားတွေနဲ့ပဲ ပွဲထွက်လာဖို့ များနေပါတယ်။

 
ပြင်သစ် ကတော့ ယူရို ၂၀၂၀ ကစပြီး လက်ရှိ အချိန်ထိ ခြေစွမ်းပိုင်းက တော်တော်လေးကို စိတ်ပျက်စရာ ကောင်းနေဆဲ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ ဘော့စနီးယား၊ ယူကရိန်း တို့ကို သရေပဲ ကစားနိုင်ခဲ့ပေမယ့် နောက်ဆုံးပွဲမှာ ဖင်လန်ကို ဂရစ်ဇမန်းရဲ့ ခြေစွမ်းပြမှုနဲ့ ၂ ဂိုးပြတ် ပြန်ပြီး အနိုင်ရထားခဲ့တာ တွေ့ရပါတယ်။ ပြင်သစ်တို့ အခုနှစ် နေးရှင်းလိဂ်မှာ ရှုံးပွဲလုံးဝ မရှိပဲ ရှုံးထွက်အဆင့်ကို တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်ရဲ့ အဓိက ပြသနာက တန်ပြန် တိုက်စစ် အားကောင်းတဲ့ အသင်းတွေနဲ့ ဆိုရင် ခံစစ်က ဂိုးတွေ ပြန်ပေးနေရတာ ဖြစ်ပြီး အခု လာမယ့်ပွဲ မှာလည်း လူကာကူ၊ ဟာဇက်တို့ ပါ၀င်လာမယ့် ဘယ်ဂျီယံရဲ့ တိုက်စစ်နဲ့ တွေ့ရင် ဘယ်လို ထိန်းချုပ်မလဲ ဆိုတာ ဒီဒီယာ ဒက်စ်ရွှမ့် အနေနဲ့ ကြိုတင် ပြင်ဆင်ထားဖို့တော့ လိုအပ်ပါမယ်။ လက်ရှိမှာ ပြင်သစ် အသင်းမှာ ကစားသမား အားလုံး ဒဏ်ရာ ပြသနာ ကင်းရှင်းနေလို့ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာဖို့ များပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြင်သစ်တို့ အခုနှစ် နေးရှင်းလိဂ်မှာ ရှုံးပွဲလုံးဝ မရှိပဲ ရှုံးထွက်အဆင့်ကို တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားတဲ့ ပြင်သစ်

နောက်ဆုံး ၁၀ ကြိမ် ထိပ်တိုက်တွေ့ဆုံမှု မှာတော့ ပြင်သစ်တို့ ၅ ကြိမ် အနိုင်ရပြီး၊ ဘယ်ဂျီယံတို့ ၂ ကြိမ် အနိုင်ရကာ ၃ ကြိမ်ကတော့ သရေ ရလဒ်နဲ့ ပြီးဆုံးထားခဲ့ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် အဆင့်မှာ နောက်ဆုံး အကြိမ် တွေ့ဆုံခဲ့ပြီး အဲ့ဒီပွဲစဉ် မှာတုန်းက ပြင်သစ်က အမ်တီတီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဘယ်ဂျီယံ – ပြင်သစ် အချိန်ပြည့် 1X2 ဘယ်ဂျီယံ @ 2.85
အောက်တိုဘာလ ၈ ရက် , ည ၁:၁၅ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ ဘယ်ဂျီယံ အတွက် ၃.၀၇ ဆ၊ သရေ အတွက် ၃.၂၀ ဆ၊ ပြင်သစ် အတွက် ၂.၆၀ ဆ ဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိ လူစာရင်းနဲ့ ခြေစွမ်းအရ ပြင်သစ်ထက် ဘယ်ဂျီယံက ပိုပြီး တောင့်တင်းနေလို့ အခုပွဲ မှာတော့ အရဲစွန့်ပြီး ဘယ်ဂျီယံ ကပဲ ရပ်တည်ချင်ပါတယ်။ ဘယ်ဂျီယံတို့ တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားမယ့် ပွဲ ဖြစ်ပါတယ်။

ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်