နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဆုံးသတ်မသေချာလို့ ယူရိုပါလိဂ်ဆီးမီးဖိုင်နယ်ကနေလှည့်ပြန်ရတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် ၁-၂ ဆီဗီလာ

ဂိုးပေါက်ကန်ချက် အကြိမ်၂၀လောက်ရရှိခဲ့ပေမယ့် အဆုံးသတ်မသေချာခဲ့လို့ ယူနိုက်တက်တို့ ဆီဗီလာကို ရှုံးနိမ့်ခဲ့ပြီး ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ကနေလှည့်ပြန်ခဲ့ရပါတယ်။ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိလာခဲ့လို့ ဗိုလ်လုပွဲတက်ရောက်ရေး နှစ်သင်းစလုံး ခြေကုန်ထုတ်ကစားသွားခဲ့ပါတယ်။ ယူနိုက်တက်တိုက်စစ်က ဆီဗီလာခံစစ်ကို အကောင်းဆုံးထိုးဖောက်နိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းလိုအပ်ချက်တွေရှိခဲ့လို့ ပွဲကထင်သလောက်ကြည့်မကောင်းခဲ့ပါဘူး။ ဆီဗီလာအနေနဲ့ ဒီပွဲမှာ ယူနိုက်တက်ဘက်ကို သိပ်ပြီးမထိုးဖောက်နိုင်ခဲ့ဘူးဆိုပေမယ့် ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူပြီး ကစားသွားနိုင်ခဲ့ပါတယ်။ ဂိုးပေါက်ခြိမ်းခြောက်မှုလည်း ၉ကြိမ်လောက်ပဲ ရှိခဲ့ပေမယ့် သွင်းဂိုး ၂ဂိုးကို ရယူသွားနိုင်တဲ့ လိုပက်တက်ဂွီရဲ့ ဆီဗီလာအသင်းကို ချီးကျူးရမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ နည်းစနစ်ပိုင်းလိုအပ်ချက်တွေရှိ နေသေးတဲ့ ဆိုးလ်ရှား အနေနဲ့ အခုရှုံးပွဲမှာ တာ၀န်အပြည့်ရှိခဲ့ပါတယ်။

 

အထင်ကရအချက်အလက်များ

ပွဲမစခင်ကတည်းက ခန့်မှန်းထားကြတဲ့အတိုင်း ယူနိုက်တက်တို့ လူစာရင်းအရ လုံး၀အသာရနေပေမယ့် တကယ့်ကွင်းထဲမှာတော့ ဆီဗီလာကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ယှဉ်လို့မရခဲ့ပါဘူး။ ဘောလုံးပိုင်ဆိုင်မှု အသာရပြီးတော့ တောင်ပံနှစ်ဖက်ကနေ ဖိအားပေးတိုက်စစ်ဆင်နေတဲ့ ဆီဗီလာရဲ့ ကစားပုံကို သိနေရက်နဲ့ နည်းစနစ်မပြောင်းတဲ့ ဆိုးလ်ရှားကို အံ့အားသင့်ခဲ့ရပါတယ်။ တိုက်စစ်ပိုင်းကလည်း ရက်ရှ်ဖိုဒ့် ခြေစွမ်းမပြနိုင်တာကို မြင်တွေ့နေခဲ့ပေမယ့် ပွဲပြီးခါနီးမှ လူစားလဲခဲ့တဲ့ နည်းပြ ဆိုးလ်ရှားကို ပရိသတ်တွေဝေဖန်ခဲ့ကြတာမမှားပါဘူး။ စပိန်နည်းပြလိုပက်တက်ဂွီရဲ့ ဆီဗီလာကတော့ ပွဲကစားချိန် ၉မိနစ်မှာ ပေးခဲ့ရတဲ့ ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီဂိုးကို ၂၆မိနစ်မှာ ဆူဆိုကချေပပေးခဲ့သလို ပွဲရဲ့အဆုံးအဖြတ်မိနစ်တွေလို့ပြောလို့ရတဲ့ ၇၈မိနစ်မှာလည်း လုခ်ဒီဂျောင်က အနိုင်ဂိုးသွင်းပေးခဲ့ပြီး ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန်တက်လှမ်းနိုင်ခဲ့ပါတယ်။ ဆီဗီလာအနေနဲ့ ယူနိုက်တက်လို အဂ်လန်ကလပ်တွေရဲ့ မြန်နှုန်းနဲ့ ခွန်အား ဦးစားပေးကစားပုံကို နည်းစနစ်ပိုင်နိုင်မှု နဲ့ ချေဖျက်ပြသွားခဲ့တယ်လို့ပြောနိုင်ပါတယ်။ ဒီပွဲမှာ နောက်ခံလူ လင်ဒီအော့ဖ်နဲ့ ကွင်းလယ်က ဖာနန်ဒက်စ်တို့ အချင်းများခဲ့ပြီး ဆဲဆိုမှုတွေပါရှိခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ယူရိုပါလိဂ် အအောင်မြင်ဆုံးအသင်းဆီဗီလာကတော့ ဗိုလ်လုပွဲကို တက်လှမ်းသွားနိုင်ခဲ့
အပိုင်အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချသွားတဲ့ ဆီဗီလာအသင်း

ယူနိုက်တက်အတွက်ကတော့ လာမယ့်ရာသီချန်ပီယံလိဂ်၀င်ခွင့်ရခဲ့တယ်ဆိုတဲ့ အောင်မြင်မှုတစ်ခုပဲ ရှိခဲ့ပြီး ဖလားလက်မဲ့ရာသီတစ်ခုလည်း ဖြတ်သန်းခဲ့ရပါပြီ။ ယူရိုပါလိဂ် အအောင်မြင်ဆုံးအသင်းဆီဗီလာကတော့ ဗိုလ်လုပွဲကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်လို့ ၆ကြိမ်မြောက် ဆုဖလားရရှိဖို့ အကောင်းဆုံးပုံစံမှာရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်