နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရှုံးပွဲမရှိ စံချိန်ကျိုးပျက်ပြီး အက်ဖ်အေဖလားဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့တဲ့ ယူနိုက်တက်

countdown banner

Manchester United 1-3 Chelsea

ဒီနှစ် အက်ဖ်အေဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ အသင်းကြီး ၄သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို မြင်တွေ့ခဲ့ရပြီးတော့ အာဆင်နယ်နဲ့ မန်ချက်စတာစီးတီး၊ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ပထမပွဲစဉ်မှာ အက်ဖ်အေဖလာဆိုရင် အစဉ်အလာကောင်းတဲ့ အာဆင်နယ်တို့က မန်ချက်စတာစီးတီးကို ၂ဂိုးပြတ်အနိုင်ရပြီး ဗိုလ်လုပွဲရောက်ခဲ့ပါတယ်။ မနေ့ညကတော့ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ပွဲစဉ် ဆက်လက်ကစားခဲ့ပြီးတော့ ချဲလ်ဆီးအသင်း ၃ဂိုး၁ဂိုးနဲ့ ပြတ်ပြတ်သားသားအနိုင်ယူသွားခဲ့ပါတယ်။

 

ပွဲပြီးအနှစ်ချုပ်

လူငယ်နည်းပြနှစ်ဦးရဲ့ ၄ကြိမ်မြောက်တွေ့ဆုံ အားပြိုင်မှုမှာ ဒီတစ်ကြိမ်မှာတော့ ဖရန့်ခ်လမ်းပတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။ နည်းပြအဖြစ် နဲ့ထိပ်တိုက်တွေ့ဆုံမှု ၄ကြိမ်မှာ ဆိုးလ်ရှားက ၃ကြိမ်ထိအနိုင်ရပြီး လမ်းပတ်ကတော့ ပထမဆုံးအကြိမ် ပြန်လည်အနိုင်ယူခဲ့တာဖြစ်ပါတယ်။ မနေ့ညကပွဲစဉ်မှာတော့ ချဲလ်ဆီးအသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးရမှာထက် ယူနိုက်တက်တို့တစ်သင်းလုံးနီးပါး ခြေစွမ်းမပြသနိုင်တာနဲ့ ဂိုးသမားဒီဂီယာရဲ့ အမှားတွေကြောင့် ဗိုလ်လုပွဲနဲ့ လွဲချော်သွားခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားကတော့ နောက်တစ်ဆင့်တက်နိုင်မယ့် လူစာရင်းကို သေချာရွေးချယ်ခဲ့တာဖြစ်ပေမယ့် အလုပ်မဖြစ်ခဲ့ဘူးလို့ ၀န်ခံခဲ့ပါတယ်။ ယူနိုက်တက်အနေနဲ့ ၁၉ပွဲဆက်ရှုံးပွဲမရှိစံချိန်ဟာလည်း ကျိုးပျက်ခဲ့ပြီးတော့ နောက်ခံလူ အဲရစ်ဘိုင်အီလည်း ဒဏ်ရာအပြင်းအထန်ရသွားတာကြောင့် ဆိုးလ်ရှားအတွက် ရှုံးချက်နာခဲ့ရတဲ့ပွဲဆိုလည်းမမှားပါဘူး။ ယူနိုက်တက်ဟာ ဘိုင်ယီ ထွက်သွားခဲ့ရလို့ အပြောင်းအလဲတွေ လုပ်ခဲ့ရချိန်ကစလို့ ဂိုးတွေစပေးခဲ့ရတာဖြစ်ပါတယ်။ ချဲလ်ဆီးအတွက် ပထမဂိုးကို အိုလီဗီယာ ဂျီရူးက သွင်းယူပေးခဲ့ပြီးတော့ ဒီဂိုးကိုပြန်ကြည့်ရင် ဂိုးသမားဒီဂီယာနဲ့ နောက်ခံလူတွေရဲ့ ပေါ့ဆမှုမကင်းတာကိုတွေ့ရမှာပါ။ ဒုတိယသွင်းဂိုးကတော့ ဒီဂီယာကြောင့်ပေးခဲ့ရတာလို့ဆိုနိုင်ပြီး ထိပ်တန်းဂိုးသမားတစ်ဦးအနေနဲ့ မဖြစ်သင့်အမှားတစ်ခုလို့ဆိုနိုင်ပါတယ်။ ယူနိုက်တက်ကစားသမား‌ တွေရဲ့ လူပေးမှားမှုကိုကို ကြားဖြတ်ရယူနိုင်ခဲ့တဲ့ မေဆင်မောင့်ကတစ်ကိုယ်တော်ဆွဲပြေးပြီး ဒီဂီယာရဲ့ ဘယ်ဘက်ခြမ်းကို ကန်သွင်းခဲ့တာဖြစ်ပါတယ်။အက်ဖ်အေဖလားမှာ ၅ပွဲသာကစားဖူးတဲ့ မောင့် အတွက် ပထမဆုံးသွင်းဂိုးလည်းဖြစ်ပါတယ်။

အဲ့နောက်မှာလည်း ယူနိုက်တက်တို့ နောက်ခံလူမက်ဂွိုင်းယားဖျက်ထုတ်တာကနေတစ်ဆင့် ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့လို့ တတိယဂိုးပေးခဲ့ရပြန်ပါတယ်။ ပွဲပြီးခါနီးမှာတော့ ယူနိုက်တက်တို့ အတွက် နှစ်သိမ့်ဂိုးကို ဘရူနိုဖာနန်ဒက်စ်က ပင်နယ်တီကနေသွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ၃ဂိုး၁ဂိုးရလဒ်နဲ့ ယူနိုက်တက်တို့ ဗိုလ်လုပွဲနဲ့လွဲချော်ခဲ့ရပါတယ်။

 

အထင်ကရ အချက်အလက်

ပွဲရဲ့ အချက်အလက်တွေပြန်ကြည့်ရင်‌ ချဲလ်ဆီးအသင်းအနေနဲ့ ယူနိုက်တက်ဘက်ကို ဘောလုံးပိုင်ဆိုင်မှု သိသိရယူပြီး ကစားနိုင်တာမဟုတ်ခဲ့ပေမယ့် ဂိုးပေါက်ခြိမ်းခြောက်မှုကတော့ ၁၃ကြိမ်ထိရှိခဲ့သလို ဂိုးပေါက်တည့်မှုအကြိမ်ကလည်း ၇ကြိမ်ထိရှိခဲ့ပါတယ်။ယူနိုက်တက်အနေနဲ့ကတော့ ဂိုးပေါက်တည့်မှု ၃ကြိမ်ပဲရှိ ခဲ့ပါတယ်။ပင်နယ်တီကနေသွင်းဂိုး၁ဂိုးရယူပေးခဲ့တဲ့ ဖာနန်ဒက်စ်အတွက် ယူနိုက်တက်ကစားသမားဘ၀ပထမဆုံးရှုံးပွဲတွေ့ခဲ့တာဖြစ်ပါတယ်။ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကိုရောက်ရှိလာပြီးနောက် ၁၈ပွဲကစား ၉ဂိုးသွင်းယူပြီး ဖန်တီးမှု၈ကြိမ်ပြုလုပ်ထားခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကိုရောက်ရှိလာပြီးနောက် ၁၈ပွဲကစား ၉ဂိုးသွင်းယူပြီး ဖန်တီးမှု၈ကြိမ်ပြုလုပ်ထားခဲ့ပါတယ်။
ယူနိုက်တက်ကစားသမားဘဝပထမဆုံးရှုံးပွဲတွေ့ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်

ချဲလ်ဆီးအသင်းအနိုင်ရခဲ့တာကြောင့် ဒီနှစ်အက်ဖ်အေဖလာဗိုလ်လုပွဲဟာ လန်ဒန်ဒါဘီဖြစ်လာခဲ့ပါတယ်။အာဆင်နယ် နဲ့ ရင်ဆိုင်ရမယ့် လန်ဒန်ဒါဘီ ဗိုလ်လုပွဲကတော့ လမ်းပတ်ရဲ့ ချဲလ်ဆီးအတွက် မလွယ်ကူနိုင်ပါဘူး။ချဲလ်ဆီးနဲ့အာဆင်နယ်ဟာ ၂၀၁၇ခုနှစ်က အက်ဖ်အေဖလာဗိုလ်လုပွဲမှာ ‌တွေ့ဆုံထားခဲ့ပြီးတော့ အာဆင်နယ်အသင်းက ၂-၁ ရလဒ်နဲ့ အနိုင်ရထားပါတယ်။ချဲလ်ဆီးအနေနဲ့ ‌အာဆင်နယ်နဲ့ ပြိုင်ပွဲစုံထိပ်တိုက်တွေ့ဆုံမှုမှာ အသာရထားပြီးတော့ မနှစ်ကယူရိုပါလိဂ်ဖိုင်နယ်မှာလည်း အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ လာမယ့်ဇူလိုင်လ၂၂ရက်နေ့မှာ ၀က်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားရဖို့ရှိနေပြီးတော့ လာမယ့်ရာသီ ချန်ပီယံလိဂ်၀င်ခွင့်အတွက် အရေးပါတဲ့ ပွဲစဉ်လည်းဖြစ်ပါတယ်။ချဲလ်ဆီးအနေနဲ့လည်း လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေအဖြစ် လစ်ဗာပူးလ်၊ ဝုဗ်တို့နဲ့ကစားရမှာဖြစ်လို့ ချန်ပီယံလိဂ်၀င်ခွင့်ရရေး မန်ချက်စတာယူနိုက်တက်လိုပဲ မဖြစ်မနေ အမှတ်ရှာ ဖွေနိုင်ဖို့ လိုအပ်နေခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်