နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်ချက်စတာဒါဘီနဲ့ မတူတော့တဲ့ မန်ချက်စတာ ဒါဘီ (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

countdown banner

မန်ချက်စတာယူနိုက်တက် – မန်ချက်စတာစီးတီး

အခုနှစ် ပရီးမီးယားလိဂ် မန်ချက်စတာဒါဘီ ကတော့ အရင်တုန်းကနဲ့ မတူတဲ့ မန်ချက်စတာဒါဘီ ဖြစ်ခဲ့တယ်လို့ပဲ ဆိုရပါမယ်။ အရင်တုန်းက ပပ်ဂွာဒီယိုလာရဲ့ မန်ချက်စတာစီးတီး အတွက် ခါးသီး ဒါဘီ ဖြစ်ခဲ့ပေမယ့် အခုပွဲတော့ လွယ်ကူလွန်းတဲ့ ဒါဘီ ဖြစ်ခဲ့တယ် ဆိုရင် ပိုမှန်ပါလိမ့်မယ်။

 

ပွဲစဉ် အကျဉ်း

ပွဲစဉ်နဲ့ ပတ်သတ်လို့ အရင်ဆုံး ပြောရမယ် ဆိုရင် ဒီနေ့ပွဲမှာ အိမ်ရှင် မန်ချက်စတာယူနိုက်တက်ဟာ ၃-၄-၁-၂ ကစားကွက်နဲ့ ကိုမှ ဒါးဗစ် ဒက်ဟဲယား၊ ဘိုင်ယီ၊ လင်ဒီအော့ဖ်၊ မက်ဂွိုင်းယား၊ ဝမ်ဘစ်ဆာခါ၊ ဖရက်ဒ်၊ မက်တော်မီနေး၊ လုခ်ရှော၊ ဖာနန်ဒက်စ်၊ ဂရင်းဝုဒ်၊ ခရစ္စတီယာနို ရော်နယ်ဒို တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဧည့်သည် မန်ချက်စတာစီးတီး ကတော့ ကွင်းလယ် တိုက်စစ် ကစားပုံ ပိုပြီး အားသန်တဲ့ ဘာနာဒို ဆေးလ်ဗား အထောင်ထားခဲ့ပြီး ဖိုဒန်၊ ဂျီးဆုစ် တို့ကိုတော့ တောင်ပံ တိုက်စစ်တွေ အဖြစ် ပွဲထွက်စေခဲ့ပါတယ်။ ကွင်းလယ် မှာတော့ ဂွန်ဒိုအန်၊ ဒီဘရိုင်းနား၊ ရိုဒရီ၊ ခံစစ် မှာ ဂျာအို ကန်ဆယ်လို၊ ရူဘင်ဒီးရာ့စ်၊ ဂျွန်စတုန်းစ်၊ ကိုင်လီ ဝေါလ်ကာ၊ ဂိုးမှာတော့ အီဒါဆင်ပဲ ပါဝင်လာပြီး ၄-၃-၃နဲ့ ယူနိုက်တက်ကို ရင်ဆိုင်လာခဲ့ပါတယ်။

နိုင်ပွဲ ပြန်လည် ပျောက်ဆုံးခဲ့တဲ့ ယူနိုက်တက်တို့ အနေနဲ့ ပရီးမီးယားလိဂ် အဆင့် ၅ နေရာမှာ ယာယီ ဆက်လက် ရပ်တည်နိုင်ဆဲ ဖြစ်ပေမယ့် တနင်္ဂနွေနေ့ ပွဲစဉ်တွေ အပြီးမှာတော့ အခုထက်ပိုပြီး အဆင့် ကျဆင်းသွားနိုင်ချေ ရှိနေပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာအထိ ကျဆင်းသွားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

ပွဲစကတည်းက ဧည့်သည် မန်ချက်စတာစီးတီး ကပဲ တောက်လျောက် တိုက်စစ်ဆင် သွားခဲ့ပြီး ရော်နယ်ဒိုနဲ့ ဂရင်းဝုဒ်တို့ ဂိုးရဖို့ ကြိုးပမ်းမှု တချို့ ပြုလုပ်နိုင်ခဲ့တာက လွဲရင် ယူနိုက်တက်တို့ ဧည့်သည် အသင်း ပြုသမျှ နုသွားခဲ့ရတာ ဖြစ်ပါတယ်။ ကန်ဆယ်လို၊ ဂွန်ဒိုအန်၊ ဖိုဒန်တို့ အနေနဲ့ ဝမ်ဘစ်ဆာခါနဲ့ ဘိုင်ယီ တာဝန်ယူခဲ့တဲ့ ဘယ်ခြမ်း ကနေ အလွယ်တကူ ထိုးဖောက် နိုင်ခဲ့တာကြောင့်ပဲ ပွဲချိန် ၇ မိနစ်မှာပဲ မန်စီးတီးတို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဒီဂိုး ကတော့ ဘယ်တောင်ပံကနေ ဂျာအို ကန်ဆယ်လို ပြန်ချိုးပေးတဲ့ ဘောလုံးကို ယူနိုက်တက် နောက်ခံလူ အဲရစ်ဘိုင်ယီ ပျာပျာသလဲ ဖျက်ထုတ်ရင်း ကနေ ကိုယ့်ဂိုးကိုယ် သွင်းမိသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ယူနိုက်တက် နောက်ခံလူတွေရဲ့ အားနည်းချက်ကြောင့်ပဲ ဂိုးသမား ဒါးဗစ် ဒက်ဟဲယား အနေနဲ့ တော်တော်လေးကို ကာကွယ်ခဲ့ရပြီး တစ်ပွဲလုံး အတိုင်းအတာနဲ့ ဆိုရင် အရေးပါတဲ့ ကာကွယ်မှု ၅ ကြိမ်လောက် အထိ ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပထမပိုင်း ပြီးခါနီးမှာ ယူနိုက်တက်တို့ ဒုတိယ ဦးဆောင်ဂိုး ထပ်မံ ခွင့်ပြုပေးခဲ့ရပြီး ကန်ဆယ်လိုရဲ့ ဖြတ်တင် ပေးပို့မှု ကနေ ဘာနာဒိုဆေးလ်ဗားက အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်ပိုင်း မှာလည်း မန်ချက်စတာစီးတီးတို့ပဲ ပွဲကို လွှမ်းမိုး ကစားသွားနိုင်ခဲ့ပေမယ့် ဒါးဗစ် ဒက်ဟဲယားရဲ့ ကာကွယ်မှုတွေကြောင့် သွင်းဂိုးတွေ ထပ်မံမြင်တွေ့ခဲ့ရခြင်း မရှိပဲ ပွဲအပြီး မှာတော့ ၀-၂ ရလဒ်ပဲ ထွက်ပေါ်ခဲ့ပါတယ်။ နိုင်ပွဲ ပြန်လည် ပျောက်ဆုံးခဲ့တဲ့ ယူနိုက်တက်တို့ အနေနဲ့ ပရီးမီးယားလိဂ် အဆင့် ၅ နေရာမှာ ယာယီ ဆက်လက် ရပ်တည်နိုင်ဆဲ ဖြစ်ပေမယ့် တနင်္ဂနွေနေ့ ပွဲစဉ်တွေ အပြီးမှာတော့ အခုထက်ပိုပြီး အဆင့် ကျဆင်းသွားနိုင်ချေ ရှိနေပါတယ်။ မန်ချက်စတာစီးတီး ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ချဲလ်ဆီးရဲ့ အမှတ်လျော့မှုကို အခွင့်ကောင်းယူနိုင်ခဲ့သလို လစ်ဗာပူးလ် ပွဲကြပ်နေတာ ကိုလည်း အခွင့်ကောင်းယူနိုင်ခဲ့ပြီး အဆင့် ၂ နေရာကို အရယူသွားနိုင်ခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

 

နောက်ထပ် ထွေထွေထူးထူး သုံးသပ်စရာ မလိုတဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ပွဲစဉ် တစ်ပွဲ လို့ပဲ ဆိုချင်ပါတယ်။ အကြံကုန် ဆိုးလ်ရှားရဲ့ ဆားချက်မှု တွေက ဒီနေ့ပွဲ မှာလည်း အလုပ် မဖြစ်ခဲ့သလို မန်စီးတီးရဲ့ အရှိန်အဝါ အောက်မှပဲ တစ်သင်းလုံး ဝပ်ဆင်းပေးခဲ့ရတာ ဖြစ်ပါတယ်။ ဖရက်ဒ်နဲ့ မက်တော်မီနေး ကွင်းလယ် အတွဲအဖက် ဒီနေ့ပွဲ မှာလည်း ထင်ထား သလောက် အလုပ် မဖြစ်ခဲ့သလို လင်ဒီအော့ဖ်၊ မက်ဂွိုင်းယားနဲ့ ဘိုင်ယီ တို့ရဲ့ ခံစစ်ပိုင်း မတည်ငြိမ်မှုက ဂိုးသမားကို အလုပ်ပိုစေခဲ့တာ တွေ့ရပါတယ်။ ဒါးဗစ် ဒက်ဟဲယားသာ အရေးပါတဲ့ ကာကွယ်မှုတွေ မပြုလုပ်နိုင်ခဲ့ရင် ယူနိုက်တက်တို့ အခုထက် ပိုပြီး ဂိုးပြတ် အရှုံးနဲ့ပါ ရင်ဆိုင်သွားရနိုင်တဲ့ အခြေအနေမှာ ရှိခဲ့တာ ဖြစ်ပါတယ်။ ခံစစ် ကနေ တိုက်စစ် ပြောင်းလဲတဲ့ နေရာမှာ အချိတ်အဆက် မမိခဲ့တဲ့ အပြင် ကွင်းလယ် ကလည်း ဘောလုံး မထွက်တာကြောင့် တိုက်စစ်က ရော်နယ်ဒိုနဲ့ မေဆင် ဂရင်းဝုဒ် တို့လည်း သွင်းဂိုးတွေ ရှာဖွေပေးဖို့ ခက်ခဲခဲ့တာ ဖြစ်ပါတယ်။ ဖရက်နဲ့ တော်မီနေး အစား ဗန်ဒီဘိခ်ကို အခုထက်ပိုပြီး နေရာပေးသင့်နေပြီလို့ပဲ ထင်ပါတယ်။ အခုပွဲမှာ ရလဒ် ဆိုးခဲ့တာကြောင့် ဆိုးလ်ရှား အနေနဲ့ ယူနိုက်တက် ကနေ ထွက်ခွာရဖို့ နီးစပ်နေပြီလို့ အားလုံးက သုံးသပ်နေကြပေမယ့် ဆိုးလ်ရှား ကိုယ်တိုင် ကတော့ အသင်းနဲ့ အဆင်ပြေနေကြောင်း ထုတ်ဖော် ပြောကြားထားခဲ့လို့ ပရိသတ်တွေ ကတော့ စိတ်ပျက်နေကြပါတယ်။ ပပ်ရဲ့ အသင်း ကတော့ လုပ်သင့်လုပ်ထိုက်တာကို တာဝန်ကျေသွားခဲ့တယ်လို့ ပြောရမှာ ဖြစ်ပြီး အထွေအထူး ဝေဖန်စရာ မရှိခဲ့ပါဘူး။

 

လာမယ့်ပွဲစဉ်များ

မန်ချက်စတာယူနိုက်တက်တို့ လာမယ့် နိုဝင်ဘာလ ၂၀ ရက်နေ့ မှာတော့ ဝက်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ယှဉ်ပြိုင် ကစားဖို့ ရှိနေပြီး မန်ချက်စတာစီးတီး ကတော့ ၂၁ ရက်နေ့မှာ အဲဗာတန်နဲ့ ကစားဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်