နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အီတီဟတ်မှာ ဘန်လေကို ဂိုးမိုးရွာဦးမယ် မန်ချက်စတာစီးတီး – ပရီးမီးယားလိဂ် ပွဲကြို သုံးသပ်ချက်

မန်ချက်စတာစီးတီး vs ဘန်လေ

အခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက မန်ချက်စတာစီးတီးနဲ့ ဘန်လေတို့ရဲ့ ပွဲစဉ်ကိုတော့ SBOTOP ပရိသတ်တွေ အကြိုက်တွေ့မယ့် ပွဲကောင်းတစ်ပွဲ အဖြစ် ရွေးချယ်သုံးသပ်ပေးချင်ပါတယ်။ တော့တင်ဟမ်ဟော့စပါးကို ရှုံးနိမ့်ထားလို့ ပရီးမီးယားလိဂ် မှာ နိုင်ပွဲပြန်ရှာမယ့် မန်ချက်စတာစီးတီး တို့အနေနဲ့ ပြီးခဲ့တဲ့ ပွဲစဉ်မှာ ပထမဦးဆုံး နိုင်ပွဲရှာတွေ့ထားတဲ့ ဘန်လေကို အိမ်ကွင်းအီတီဟတ်မှာ အစဉ်အလာအတိုင်း အနိုင်ရရှိအောင် စွမ်းဆောင် နိုင်ဦးမလားဆိုတာတော့ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးတို့‌ နောက်ဆုံးကစားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အဝေးကွင်းမှာ သွားရောက်ကစားပြီး ၂ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ပပ်ဂွာဒီယိုလာရဲ့ အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ရလဒ်ကောင်းနေသလောက် ပရီးမီးယားလိဂ် မှာတော့ ကစားပုံ မကောင်းလို့ ရလဒ်တွေ ဆိုးရွားနေပါတယ်။ ပရီးမီးယားလိဂ် မှာ ၈ ပွဲကစားပြီး ၃ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၂ ပွဲရှုံးပြီး ရမှတ် ၁၂ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။ မန်စီးတီးတို့ ဒီရာသီ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းပွဲစဉ်တွေ ထက် အဝေးကွင်းပွဲစဉ်တွေ ပိုကစားထားရပြီး အိမ်ကွင်းမှာ ကစားခဲ့တဲ့ ၃ ပွဲမှာ ၁ပွဲနိုင်၊ ၁ပွဲသရေ၊ ၁ပွဲရှုံးပြီး ရမှတ် ၄ မှတ်ပဲ စုဆောင်းထားနိုင်ပါတယ်။ မန်ချက်စတာစီးတီး တို့ အိမ်ကွင်းမှာ လက်စတာစီးတီးကို ရှုံးနိမ့်ပြီး လစ်ဗာပူးလ်ကို သရေကျထားပေမယ့် အာဆင်နယ်လို အသင်းကိုတော့ အနိုင်ရထားပါတယ်။ မနှစ်က မန်စီးတီးတို့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ လစ်ဗာပူးလ်ကို အကောင်းဆုံး ခြိမ်းခြောက်နိုင်ခဲ့တယ် ဆိုပေမယ့် ဒီရာသီမှာ နှစ်စကတည်းက ခြေစွမ်းပိုင်းတော်တော်လေး ယိမ်းယိုင်နေတာ တွေ့ရပါတယ်။ အဓိကကတော့ ကွင်းလယ်က ဒါးဗစ်ဆေးလ်ဗား အသင်းပြောင်းရွှေ့သွားတဲ့ အချိန်မှာ ကွင်းလယ်  ဖန်တီးရှင် ကစားသမားကောင်းတစ်ဦးနဲ့ အစားထိုးနိုင်ခြင်းမရှိသေးလို့ တိုက်စစ်က အားရစရာသိပ်မရှိသေးတာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီး ဒီနှစ်ကွင်းလယ်ပိုင်းက ကီဗင်ဒီဘရိုင်း၊ ဂန်ဒိုဂန်၊ ဖာရန်တောရက်စ်၊ ရိုဒရီတို့ရှိနေပေမယ့် တိုက်စစ်ကို ပံ့ပိုးနိုင်မှု အပိုင်းမှာ လိုအပ်ချက်တွေ ရှိနေသေးတာ တွေ့ရပါတယ်။ မန်ချက်စတာစီးတီးတို့ ၉ ပွဲကစားရာမှာ တိုက်စစ်က ၁၀ ဂိုးပဲ ရသေးပြီး ခံစစ်ကတော့ ၁၁ ဂိုးအထိ ပေးထားရပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရခဲ့လို့ စိတ်ဓာတ်တက်ကြွနေမှာ သေချာပါတယ်။
ပရီးမီးယားလိဂ် မှာ အဆင့် ၁၇ နေရာမှာ ရပ်တည်နေတဲ့ ဘန်လေ

ဘန်လေ ကတော့ ပြိုင်ပွဲစုံ ၇ ပွဲဆက်တိုက် ရှုံးပွဲဆက်နေရာကနေ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရခဲ့လို့ စိတ်ဓာတ်တက်ကြွနေမှာ သေချာပါတယ်။ ဘန်လေတို့ မနှစ်က ကစားပုံ ကောင်းသ လောက် ဒီရာသီမှာ တော်တော်လေး ခြေစွမ်းကျဆင်းနေလို့ ပရီးမီးယားလိဂ် ကနေ တန်းမဆင်းရဖို့တောင် ရုန်းကန်နေရ ပါတယ်။ ဘန်လေတို့ ပရီးမီးယားလိဂ် မှာ ၈ ပွဲကစားပြီး ၁ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၅ ပွဲရှုံးထားလို့ အမှတ်ပေးဇယား အဆင့် ၁၇ နေရာမှာ ရပ်တည်နေပါတယ်။ ဘန်လေတို့ ဒီရာသီမှာ တိုက်စစ်က သွင်းဂိုး ၄ ဂိုးသာ ရရှိထားပြီး ခံစစ်ကတော့ ၁၂ ဂိုးအထိ ခွင့်ပြုပေးထားရပါတယ်။ အဝေးကွင်းရလဒ်ပိုင်းကို ကြည့်မယ်ဆိုရင်လည်း ၄ ပွဲကစားရာမှာ နိုင်ပွဲတစ်ပွဲမှ မရသေးပဲ ၂ပွဲသရေကျပြီး ၂ ပွဲရှုံးထားသလို ပေးဂိုးကလည်း ၇ဂိုး အထိရှိထားပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

မန်ချက်စတာစီးတီးနဲ့ ဘန်လေတို့ ထိပ်တိုက်တွေ့ဆုံမှု ၁၅  ကြိမ်မှာ မန်ချက်စတာစီးတီးတို့ အပြတ်အသတ် အသာရထားပြီး မန်ချက်စတာစီးတီးက ၁၁ ကြိမ် အနိုင်ရပြီး ၁ ပွဲရှုံးကာ ၃ ပွဲသရေကျထားတာ တွေ့ရပါတယ်။ ၂၀၁၇ နောက်ပိုင်း ထိပ်တိုက်တွေ့ဆုံမှုအရ ဆိုရင်တော့ မန်ချက်စတာစီးတီး အိမ်ကွင်းမှာ ဘန်လေတို့ နလန်မထူနိုင် လောက်အောင် အလဲထိုးထားနိုင်ပြီး ဂိုးပြတ်တွေ ချည်းအနိုင်ရထားတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီက တွေ့ဆုံမှု ၂ ကြိမ်မှာတော့ မန်ချက်စတာစီးတီးက ၅ ဂိုးပြတ် ၃ဂိုးပြတ် ရလဒ်တွေနဲ့ အနိုင်ရထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
မန်ချက်စတာစီးတီး vs ဘန်လေ 1X2 မန်ချက်စတာစီးတီ @ 1.15
နိုဝင်ဘာလ ၂၈ ရက်, ည ၉:၃၀ နာရီ (GMT + ၆:၃၀)

1X2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၁၅ ဆ၊ ဧည့်သည်အသင်း အတွက်က ၁၇.၅၀ ဆနဲ့ သရေအတွက် ၇.၀၀ဆ ကြေးဖွင့်ထားပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု အပိုင်းမှာရော လက်ရှိခြေစွမ်းပိုင်းအရရော နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဘန်လေဆိုတာ မန်ချက်စတာစီးတီး အိမ်ကွင်း အီတီဟတ်မှာ ဆိုရင် ပြိုင်ဘက်ကောင်း မဖြစ်ခဲ့တာ ကြာပါပြီ။ ပေါက်ကြေးကို ကြည့်မယ်ဆိုရင်လည်း သရေအတွက် ဆိုရင် ၇ဆ ကွာနေသလို ဘန်လေဘက်မှာ ရပ်တည်မယ် ဆိုရင်တော့ ၁၇ဆလောက် ကွာဟနေလို့ ကျိန်းသေပေါက် မန်ချက်စတာစီးတီး ဘက်မှာပဲ ရပ်တည်ရမှာပါ။ မန်ချက်စတာစီးတီးတို့ အနည်းဆုံး ၃-၀ လောက်နဲ့ အနိုင်ရသွားဖို့ရှိပါတယ်။ ဒီထက်ပိုပြီးလည်း သွင်းဂိုးတွေ များသွားနိုင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်