နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ြိုင်ပွဲစုံ ၄ ကြိမ်ဆက်တိုက် ဆီမီးဖိုင်နယ်က လှည့်ပြန်ခဲ့ရတဲ့ ယူနိုက်တက်၊ လိဂ်ဖလား ၄ နှစ်ဆက် ဗိုလ်လုပွဲ တက်ခဲ့တဲ့ မန်စီးတီး

မန်ချက်စတာယူနိုက်တက် ၀ – ၂ မန်ချက်စတာစီးတီး

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ဖလား ဆီးမီးဖိုင်နယ် ဒုတိယပွဲစဉ်မှာတော့ မန်ချက်စတာယူနိုက်တက်တို့ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ပြီး ၀-၂ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ အခုရှုံးပွဲကြောင့် မန်ချက်စတာယူနိုက်တက် တို့ ပြိုင်ပွဲစုံ ဆီမီးဖိုင်နယ်ကနေ ၄ ကြိမ်ဆက် လှည့်ပြန်ရတဲ့ အသင်းဖြစ်ခဲ့ပြီး မန်ချက်စတာစီးတီး ကတော့ လိဂ်ဖလား ပြိုင်ပွဲမှာ ၄ နှစ်ဆက် ဗိုလ်ဆွဲနိုင်ဖို့ မျှော်လင့်ချက်တွေ ပိုပြီး အသက်ဝင်သွား ခဲ့ပါတယ်။

ယူနိုက်တက် တို့ အနေနဲ့ကတော့ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက လိဂ်ဖလား ၊ အက်ဖ်အေ ဖလား နဲ့ ယူရို ပါလိဂ် ဖလား ပြိုင်ပွဲ တွေမှာ ဆီမီး ဖိုင်နယ် အဆင့် အထိ တက်ရောက် နိုင်ခဲ့ပေမယ့် မန်စီးတီး ၊ ချဲလ်ဆီး ၊ ဆီဗီးလား အသင်း တွေကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရ
ပြိုင်ပွဲစုံ ၄ ကြိမ်ဆက် ဆီမီးဖိုင်နယ်အဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်

ယူနိုက်တက်နဲ့ စီးတီးတို့ ဗိုလ်လုပွဲတက်ဖို့ အခုပွဲကို အာရုံစိုက်ကစားခဲ့ကြပေမယ့် ပထမပိုင်းမှာ ထိုးဖောက်မှု အများစုဟာ ကွင်းလယ်မှာတင် အပျက်များခဲ့သလို လူကျွံဘောတွေ၊ ဂိုးတိုင်ထိမှုတွေနဲ့ အဆုံးသတ်ခဲ့လို့ ဂိုးမရှိသရေ ဖြစ်နေခဲ့ပါတယ်။ လူကျွံဘော ၂ ကြိမ်ကြောင့် နှစ်သင်းပေါင်း သွင်းဂိုး ၃ ဂိုး သတ်မှတ်ပေးခြင်း မခံခဲ့ရတာ တွေ့ရပါတယ်။ ပွဲချိန် ၂ မိနစ်မှာ ရက်ရှ်ဖို့ဒ် သွင်းယူခဲ့တဲ့ ဂိုး၊ နောက်ထပ်နှစ်မိနစ် အကြာမှာ ဂန်ဒိုဂန်သွင်းယူခဲ့တဲ့ ဂိုးနဲ့ ဖေးလ်ဖိုဒန်ရဲ့ သွင်းဂိုးတွေကတော့ လူကျွံနေခဲ့တာကြောင့် VAR ဆုံးဖြတ်ချက်နဲ့ သွင်းဂိုး အဖြစ် ခွင့်မပြုခဲ့တာ ဖြစ်ပါတယ်။ ဒီကြားထဲမှာ မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စစ် ကန်ချက် ကောင်းခဲ့ပေမယ့် မန်ချက်စတာစီးတီး ဂိုးသမား စတီဖင် ပုတ်ထုတ်ကာကွယ်သွားခဲ့တာ၊ ဒီဘရိုင်းနားရဲ့ ကန်ချက် တိုင်ထိ ထွက်ခဲ့တာတွေက ကြည့်ရှုသူ ပရိသတ်တွေ အတွက် ရင်ခုန်စရာ အခိုက်အတန့်တွေ ဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းစတင်ပြီးလို့ ၅ မိနစ် အကြာမှာတော့ မန်ချက်စတာစီးတီးတို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး အလွတ်တည်ကန် ဘောကနေ တစ်ဆင့် ဒီဘရိုင်းနား တင်ပေးတဲ့ ဘောလုံးကို ဂိုးဧရိယာထဲမှာ အသင့်စောင့်နေတဲ့ ဂျွန်စတုန်းစ်က အပိုင်ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် မန်ချက်စတာစီးတီးတို့ မားရက်ဇ် အစား ရိုဒရီကို ထည့်သွင်း ကစားစေခဲ့ လို့ ယူနိုက်တက်ကို ကွင်းလယ်မှာ ပိုပြီး အသာစီးယူနိုင်ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၈၀ မှာတော့ မန်ချက်စတာစီးတီးတို့ ဒုတိယ ဂိုး ရရှိသွားခဲ့ပြီး ထောင့်ကန်ဘောကနေ တစ်ဆင့် ပြန်ထွက်လာတဲ့ ဘောလုံးကို အသင်းခေါင်းဆောင် ဖာနန်ဒင်ဟိုက အဝေးကန်ချက်နဲ့ လှလှပပ သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ယူနိုက်တက်တို့ ကွင်းလယ်က ခြေမပေါ်တဲ့ ဖရက်ဒ် အစား ဗန်ဒီဘိခ်ကို လူစားလဲခဲ့ပေမယ့် အချိန်မမှီတော့ပဲ အိုးထရက်ဖို့ဒ်မှာ ၀-၂ ရလဒ်နဲ့ ရှုံးနိမ့်ပြီး လိဂ်ဖလား ဆီမီးဖိုင်နယ် အဆင့်ကနေပဲ နှုတ်ဆက်ခဲ့ရပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဒီပွဲနဲ့ ပတ်သတ်ပြီး ထင်ထင်ရှားရှား ရှိခဲ့တဲ့ အချက်တွေကို အရင်ဆုံး ပြောရမယ်ဆိုရင် စည်းကြပ်ဒိုင်တွေရဲ့ အာရုံစူးစိုက်မှုတွေ ဖြစ်ပါတယ်။ လူကျွံနေချိန်ကတည်းက အလံထောင်ရမှာ ဖြစ်ပေမယ့် ဂိုးရပြီးချိန်ရောက်မှ အလံထောင် ခဲ့တာတွေ ကတော့ ပရိသတ်တွေအတွက် စိတ်ပျက်စရာ ဖြစ်စေခဲ့ရုံမက ဒိုင်တွေ အတွက်လည်း အရှက်ရဖယ် ကိစ္စလို့ မြင်မိပါတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ကစားပုံ ကောင်းခဲ့ပေမယ့် မန်ချက်စတာစီးတီးရဲ့ ခြေစွမ်းပိုပြီး ထက်မြတ်ခဲ့လို့ အနိုင်ရသွားခဲ့တာပါ။ စီးတီး နောက်ခံလူ ဂျွန်စတုန်းစ်ကတော့ တစ်ချိန်က ဂျောင်ထိုးခံခဲ့ရပေမယ့် လက်ရှိမှာ အကောင်းဆုံး ခြေစွမ်း ပြသနေပြီး အခုပွဲမှာလည်း သူ့ရဲ့ အရေးပါမှု ဘယ်လောက်အထိ ရှိသလဲဆိုတာကို သက်သေပြသွားခဲ့ပါတယ်။ နောက်တစ်ဦးကတော့ ဗဟိုခံစစ် ကစားသမား ရူဘင် ဒီးရာ့ဇ် ဖြစ်ပြီး သူ့ကို ခေါ်ယူခဲ့တဲ့ ပေါင်သန်း ၆၀ ဟာ ဘယ်လောက်အထိ အကျိုး ရှိခဲ့တယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ ဂိုးသမား စတီဖင်အနေနဲ့လည်း အီဒါဆင် မပါဝင်နိုင်တဲ့ အချိန်မှာ အကောင်းဆုံး ကာကွယ်မှု တချို့ ပြုလုပ်သွားနိုင်ခဲ့ပြီး ကွင်းလယ်က ဖာနန်ဒင်ဟို၊ ကန်ဆယ်လို၊ ဖိုဒန်၊ စတာလင်၊ ဂန်ဒိုဂန်တို့ အုပ်စုကလည်း သူ့နေရာနဲ့သူ တာဝန်ကြေခဲ့ကြပါတယ်။ ယူနိုက်တက် တို့ အနေနဲ့ကတော့ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက လိဂ်ဖလား ၊ အက်ဖ်အေ ဖလား နဲ့ ယူရို ပါလိဂ် ဖလား ပြိုင်ပွဲ တွေမှာ ဆီမီး ဖိုင်နယ် အဆင့် အထိ တက်ရောက် နိုင်ခဲ့ပေမယ့် မန်စီးတီး ၊ ချဲလ်ဆီး ၊ ဆီဗီးလား အသင်း တွေကို ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသလို အခု တစ်ခါမှာလည်း မန်ချက်စတာစီးတီးကို ရှုံးနိမ့်ခဲ့ပြန်လို့ ၄ ကြိမ်ဆက် ဆီမီးဖိုင်နယ် အဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။ ယူနိုက်တက် လက်ရှိ ခြေစွမ်းအရဆိုရင် အဓိကပြိုင်ဘက်တွေကို စိန်ခေါ်နိုင်စွမ်း ရှိနေပေမယ့် ဗိုလ်စွဲနိုင်တဲ့ အလားအလာ မရှိနိုင်သေးလို့ နည်းပြ ဆိုးလ်ရှားအနေနဲ့ အဖြေထုတ်နိုင်ဖို့ လိုအပ်နေပါပြီ။ ဂွာဒီယိုလာ ကတော့ လိဂ်ဖလားမှာ ၄ ကြိမ်ဆက် ဗိုလ်စွဲနိုင်ဖို့ နီးစပ်လာခဲ့ပြီး လစ်ဗာပူးလ်ရဲ့ စံချိန်ကို လိုက်မှီနိုင်ဖို့လည်း အလားအလာ ကောင်းနေခဲ့ပေမယ့်  ဗိုလ်လုပွဲမှာ မော်ရင်ဟိုရဲ့ စပါးကို ကျော်ဖြတ်နိုင်ဖို့ လိုအပ်နေပါတယ်။

 

လာမယ့် ပွဲစဉ်များ

ယူနိုက်တက်ရော၊ မန်ချက်စတာစီးတီးပါ လာမယ့် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ အက်ဖ်အေဖလား တတိယ အဆင့် ပွဲစဉ်တွေ ကစားဖို့ရှိနေပါတယ်။ မန်ချက်စတာယူနိုက်တက်က ဝက်ဖို့ဒ်နဲ့ ကစားရမှာ ဖြစ်ပြီး၊ မန်ချက်စတာစီးတီးကတော့ ဘာမင်ဂမ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်