နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဆင်နယ်ကို သက်တောင့်သက်သာ အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်ခဲ့တဲ့ မန်ချက်စတာစီးတီး – လိဂ်ဖလား ကွာတားဖိုင်နယ် ပွဲပြီးသုံးသပ်ချက်

အာဆင်နယ် ၁ – ၄ မန်ချက်စတာစီးတီး

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ အာဆင်နယ်တို့ အိမ်ကွင်း အန်းမရိတ်စ်မှာ မန်ချက်စတာစီးတီး ကို ၁-၄ နဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့လို့ ပြိုင်ပွဲကနေ လက်ပြနှုတ်ဆက် ထွက်ခွာခဲ့ရပါပြီ။ အခုပွဲမတိုင်ကတည်း အာဆင်နယ်တို့ မန်စီးတီးကို အနိုင်ရဖို့ မဖြစ်နိုင်ဘူးဆိုတာ အားလုံးလည်း သိခဲ့ကြပေမယ့် ဂိုးပြတ် ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရလို့ အာဆင်နယ် ပရိသတ်တွေအတွက် ပိုပြီး စိတ်မကောင်းစရာ ဖြစ်ခဲ့ပါတယ်။
 

 
ဒီပွဲမှာတော့ အာဆင်နယ် တိုက်စစ်က အော်ဘာမီယန်း ဒဏ်ရာကြောင့် ပါဝင်လာနိုင်ခြင်း မရှိပဲ လာကာဇက်၊ မာတင်နယ်လီ၊ ဂျိူးဝီးလော့ခ်တို့ကို တိုက်စစ်မှာ အသုံးပြုခဲ့ပါတယ်။ ကွင်းလယ်မှာ မစ်လန်းနိုင်းလ်စ်၊ အယ်နီနီ၊ ဆီဘာလော့စ့်၊ နောက်တန်းမှာ စီဒရစ်ဆိုရေးစ်၊ မူစတာဖီ၊ ဂါဘရီရယ်၊ ကိုလာဆီနက်ချ်၊ ဂိုးမှာ ရူနာအဲလက်စ်ရူနာဆင်ကို အသုံးပြုခဲ့ပါတယ်။ မန်ချက်စတာစီးတီးဘက်မှာ ဂါဘရီဂျီးဆုစ်၊ ဒါ့ဗစ်ဆေးလ်ဗား၊ ဖေးလ်ဖိုဒန်၊ ရာဟစ်မားရက်ဇ်၊ ဖာနန်ဒင်ဟို၊ ရိုဒရီ၊ ဇင်ချန်ကို၊ ရူဘင်ဒီးရာ့ဇ်၊ ကန်ဆယ်လို၊ ဂိုးမှာ စတက်ဖင်တို့ကို ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ မန်ချက်စတာစီးတီးတို့ ပွဲအစပိုင်းမှာတင် ဦးဆောင်ဂိုး ရသွားခဲ့ပြီး ဇင်ချန်ကိုရဲ့ ဖြတ်တင်ပေးပို့မှုကနေ တစ်ဆင့် တိုက်စစ်က ဂျီးဆုစ်က ခေါင်းတိုက် အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ အာဆင်နယ်တို့ ချေပဂိုး ရရှိဖို့ အားစိုက်ကစားခဲ့ကြလို့ ပွဲချိန် ၂၅ မိနစ်လောက်အတွင်းမှာ အကောင်းဆုံး ပုံစံကို မြင်တွေ့ခဲ့ရပါတယ်။ ပွဲချိန် ၃၃ မိနစ်မှာ မာတင်နယ်လီရဲ့ ကန်တင်ပေးပို့မှုကနေ လာကာဇက် ခေါင်းတိုက်ဂိုးသွင်းယူခဲ့လို့ ချေပဂိုးရရှိခဲ့ပါတယ်။ ပထမပိုင်း ပွဲပြီးတဲ့အချိန်အထိ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျနေခဲ့ပြီး ဒုတိယပိုင်း စတင်ချိန်မှာ အာဆင်နယ်က ကစားကွက် အသာစီးရခဲ့တယ် ထင်ရပေမယ့် တကယ်တမ်း အကျိုးရှိတဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့တာကတော့ မန်ချက်စတာစီးတီးအသင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပွဲချိန် ၅၅ မိနစ်မှာ မားရက်ဇ်က ဖရီးကစ်ကနေ တစ်ဆင့် ဒုတိယဂိုး၊ နောက်ထပ် ၄ မိနစ်အကြာမှာ လျင်မြန်တဲ့ တန်ပြန်တိုက်စစ်ကနေ တစ်ဆင့် ဖာနန်ဒင်ဟိုရဲ့ ဖန်တီးပေးပို့မှုကို ဖေးလ်ဖိုဒန်က တတိယဂိုး၊ ၇၇ မိနစ်မှာ ဖေးလ်ဖိုဒန်ရဲ့ ပေးပို့မှုကနေ တစ်ဆင့် လာပေါ့တ်က စတုတ္ထဂိုး တွေကို ဆက်တိုက် သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ သွင်းဂိုးတွေ ထပ်မမြင်တွေ့ရတော့ပဲ ၁-၄ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ အခုပွဲရလဒ်ကြောင့် အာဆင်နယ်တို့ရဲ့ လိဂ်ဖလား မျှော်လင့်ချက်ကတော့ ဒီမှာတင်ပဲ ကုန်ဆုံးသွားခဲ့ပြီး ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်တို့ကိုပဲ အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။

အခုပွဲရလဒ်ကြောင့် အာဆင်နယ်တို့ရဲ့ လိဂ်ဖလား မျှော်လင့်ချက်ကတော့ ဒီမှာတင်ပဲ ကုန်ဆုံးသွားခဲ့ပြီး ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ်တို့ကိုပဲ အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။
နောက်ပိုင်းနှစ်တွေမှာ မန်ချက်စတာစီးတီးကို အသာရခြင်းမရှိတော့တဲ့ အာဆင်နယ်

ပွဲပြီးသုံးသပ်ချက်

ဒီပွဲမှာ အာဆင်နယ်တို့ မနိုင်လောက်ဘူးဆိုတာ အသင်းရဲ့ ပရိသတ်တွေ ကိုယ်တိုင် ကြိုသိနေကြပြီး ဖြစ်ပေမယ့် ဂန်းနားတို့ရဲ့ ပထမပိုင်း ကစားပုံကြောင့် နောက်တစ်ဆင့် တက်နိုင်မလား ဆိုပြီးတောင် ပြန်ပြီး မျှော်လင့်မိခဲ့ကြပါသေးတယ်။ ဒါပေမယ့် နည်းပြအာတေးတားရဲ့ အရင်ပွဲတွေနဲ့ မတူတဲ့ လူထုတ်ပုံက ပွဲချိန်ကြာလာတာနဲ့ အမျှ အာဆင်နယ်ကို ဒုက္ခပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဘန်လန်နို နေရာမှာ ပွဲထွက်ကစားတဲ့ အိုက်စလန်ဂိုးသမား ရူနာဆင်ဟာလည်း ယုံကြည်ချက် ပျောက်ဆုံးနေခဲ့လို့ မားရက်ဇ်ရဲ့ ဖရီးကစ်နဲ့ ဖိုဒန်ရဲ့ သွင်းဂိုးတွေကို လွယ်လွယ်ကူကူနဲ့ ခွင့်ပြုပေးခဲ့ရတာ တွေ့ရပါတယ်။ လာပေါ့တ်သွင်းတဲ့ နောက်ဆုံးဂိုးဆိုရင်လည်း နောက်တန်း ကစားသမားတွေရဲ့ ပေါ့လျော့မှုကနေ တစ်ဆင့် ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ တစ်သင်းလုံး စွမ်းဆောင်ရည် ကတော့ နည်းပြ အာတေးတားက စပြီး ညံ့ခဲ့လို့ ဂိုးပြတ်ရှုံးပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်။ အာဆင်နယ်တို့ ဒီပုံ အတိုင်း ဆက်သွားနေရင်တော့ အားလုံးဝေဖန်နေကြသလို မထင်မှတ်ပဲ တန်းတောင်ဆင်းသွားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ အပေါင်းလက္ခဏာဆောင်တဲ့ အမြင်နဲ့ ကြည့်ရင်တော့ ပေပေလို ကစားသမား မျိုးတောင် အင်တိုက်အားတိုက် လိုက်ပါကစားနေတာ တွေ့ခဲ့ရပြီး နည်းပြအားတေးတားရဲ့ နည်းစနစ်ပိုင်းနဲ့ နောက်တန်းကစားသမားတွေရဲ့ ပေါ့လျော့မှုတွေက ပွဲကို အဆုံးအဖြတ်ပေးသွား တယ်ပဲ ဆိုရမှာပါ။ ဂွာဒီယိုလာကတော့ သူ့တပည့် အာတေးတားနဲ့ ထိပ်တိုက်‌တွေ့ဆုံခဲ့တဲ့ ၄ ကြိမ်မှာ ၃ ကြိမ်အထိ အသာရခဲ့ပြီ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

အာဆင်နယ်တို့ ရလဒ်တွေ ဆိုးနေပေမယ့် လာမယ့် တနဂ်နွေနေ့မှာ ချဲလ်ဆီးနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရဖို့ ရှိနေသေးလို့ ရုန်းကန်ရဦးမှာ သေချာပါတယ်။ မန်ချက်စတာစီးတီးကတော့ လိဂ်ဖလား ဆီးမီးဖိုင်နယ်အဆင့်ကို တက်လှမ်းသွားခဲ့ပြီ ဖြစ်တာကြောင့် ဘရန့်ဖို့ဒ်နဲ့ ကစားဖို့ရှိပြီး လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ နယူးကာဆယ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်